Local Industry



IKBZ မှာကားအာမခံထားမိသူတွေအတွက် စိတ်ချမ်းသာဖွယ်ရာ ရှင်းလင်းချက်

IKBZ မှာကားအာမခံထားမိသူတွေအတွက် စိတ်ချမ်းသာဖွယ်ရာ ရှင်းလင်းချက် google

IKBZ အာမခံလုပ်ငန်းကုမ္ပဏီ၏ မိတ်ဆွေများခင်ဗျာ…..

 

IKBZ Insurance Co., Ltd သည် ၁၂.၉ .၂၀၁၂ ရက်နေ့တွင် ကုမ္ပဏီမှတ်ပုံတင်အမှတ် (130903894) ဖြင့် လက်ရှိအချိန်အထိ နိုင်ငံအနှံ့အပြားတွင် အာမခံလုပ်ငန်းဝန်ဆောင်မှုများ အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

၁ဝ.၅.၂၀၁၉ ရက်နေ့တွင် နိုင်ငံတော်ပြန်တမ်း၌ IKBZ General Insurance Co., Ltd. ကို စာရင်းရှင်းလင်းဖျက်သိမ်းကြောင်း ထုတ်ပြန်ခဲ့ပါသည်။ ယင်း IKBZ General Insurance Co., Ltd မှာ လက်ရှိဝန်ဆောင်မှုပေးအပ်နေသော IKBZ Insurance Co., Ltd လုံးဝ မဟုတ်ပါ။

 

IKBZ General Insurance Co., Ltd သည် ၂၀၁၈ခုနှစ်တွင် လုပ်ငန်းလိုအပ်ချက်အရ ထပ်မံ ဖွဲ့စည်းခဲ့သော်လည်း ယခုအခါ လုပ်ငန်းများဆောင်ရွက်ခြင်းမရှိသည့်အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ စာရင်းရှင်းလင်းဖျက်သိမ်းခဲ့ခြင်း ဖြစ်ပါသည်။

 

သို့ဖြစ်ပါ၍ အများပြည်သူများမှ မူလရှိရင်းစွဲ IKBZ Insurance Co.,Ltd. ၏ ဝန်ဆောင်မှုများအား စိတ်ချယုံကြည်စွာဖြင့် ဆက်လက်အားပေးနိုင်ပါကြောင်း နှင့် အာမခံလုပ်ငန်းများကို ပိုမိုတိုးတက်ဖွံ့ဖြိုးအောင် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

Image may contain: text

 

Source; IKBZ Insurance Co., Ltd

Read times
Rate this item
(1 Vote)