Local Industry



တစ်ပတ်အတွင်းအရောင်းရဆုံး ကားဈေးနှုန်းများ

မေလအတွင်း ကျပ်သိန်း နှစ်ရာ ဝန်းကျင် ၁၃၀၀ စီစီ ကားများနှင့် ပြည်တွင်းထုတ် SKD ကားများ အဝယ်လိုက်နေသော်လည်း ပြည်ပမှ တင်သွင်းသော Brand New ကားများမှာ အရောင်းအဝယ်ေးနေသည်။

 

ပြည်တွင်း၌ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သည့် ကားအချို့မှာ ရန်ကုန်လိုင်စင်ရရှိခြင်းနှင့်အတူ ကျပ်သိန်းသုံးရာအောက်တွင် ရောင်းချနိုင်ခြင်းကြောင့် ဂျပန်ညာမောင်းကားများနှင့်အပြိုင် အရောင်းအဝယ်ဖြစ်နေသည်။ YVQC စနစ်မှာ သတင်းအစအန ပျောက်နေသလို စလစ်ဈေးလည်းမြင့်တက်နေခြင်းကြောင့် ပြည်ပမှ တင်သွင်းထားသော Brand New ကားများမှာ အရောင်းအဝယ်ဆက်ပြီး အေးနေသည်။ ဈေးကွက်အကြိုက် ကျပ်သိန်းနှစ်ရာဝန်းကျင် နံပါတ်ထွက်ပြီးသား ဂျပန်ညာမောင်းကားများ အရောင်းအဝယ်ဖြစ်နေပြီး ရန်ကုန်လိုင်စင်ကားများကို အဝယ်ပိုလိုက်နေသည်။ အမြင့်ကားများထဲတွင် Toyota Vanguard ၊ Toyota Kluger ၊ Toyota Harrier ၊ Toyota Land Cruiser တို့မှာ တစ်စီးစ၊ နှစ်စီးစသာ အရောင်းအဝယ်ဖြစ်ပြီး စတိနံပါတ်ထက် နံပါတ်ထွက်ပြီးသား ကားများကိုသာ ရွေးချယ်ဝယ်ယူမှု ရှိနေသည်။ ကညနမှ နံပါတ်ထုတ်ပေးမှု စာရင်းများအရ 5Q/8553 နှင့် HH/4011 သို့ ရောက်ရှိနေပြီဖြစ်သည်။

 

10.5.2019 မှ 16.5.2019 အတွင်း ယာဉ်ရောင်းဝယ်ရေး စခန်းများမှ အရောင်းရဆုံးကားများကို ဖော်ပြပေးလိုက်ပါတယ်။

 

price1.PNG

 

price.PNG

 

 

Source; Automobile Journal

Read times
Rate this item
(1 Vote)