Local Industry



City Transit ကုမ္ပဏီမှ YBS မြို့ပတ်ခရီးစဉ်သစ်ပြေးဆွဲမည်

City Transit ကုမ္ပဏီမှ YBS မြို့ပတ်ခရီးစဉ်သစ်ပြေးဆွဲမည် google

City Transit ကုမ္ပဏီမှ မြို့ပတ်ခရီးစဉ်သစ်ပြေးဆွဲပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့တာဝန်ရှိသူတွေထံကသိရပါတယ်။

 

ခရီးစဉ် (၁) တွင်အဖြစ် အောင်မင်္ဂလာအဝေးပြေးဂိတ်စမှ အမှတ် (၃) လမ်းမကြီးအတိုင်း (၆)ကွေ့- သုဓမ္မာလမ်း - ဝေဇယ္တာလမ်း- ပါရမီလမ်း- စံပြဈေး- ပြည်ထောင်စုဂုံးကျော်တံတား - သံသုမာလမ်း (သုဝဏ္ဏ)- ကြက်ဘဲဈေး - (၅၁)လမ်းထိပ် - ဗိုလ်တထောင်ဘုရားလမ်း - ကမ်းနားလမ်း - ကြည့်မြင်တိုင်ကမ်းနားလမ်းမှ တစ်ဆင့် ဘုရင့်နောင်လမ်း - သမိုင်းဘူတာရုံလမ်း- သမိုင်းလမ်းဆုံ- ကျိုက်ဝိုင်း- (၈)မိုင် - ကမ္ဘာအေးဘုရားလမ်း- န၀ဒေး- သုဓမ္မာလမ်းမှ အောင်မင်္ဂလာအဝေးပြေးကို ပြန်ဝင်မှာဖြစ်ပါတယ်။ ခရီးစဉ် (၂) အဖြစ် အဆိုပါလမ်းကြောင်း အတိုင်းပင်ပြန်လည်ပြေး ဆွဲပေးမည်ဖြစ်ပါတယ်။

 

ယာဉ်စီးခကို အောင်မင်္ဂလာအဝေးပြေးမှ သခင်မြပန်းခြံအထိကျပ် ၅၀၀ ကောက်ခံပြီး သခင်မြပန်းခြံမှ အောင်မင်္ဂလာ အဝေးပြေးအထိကို ငွေကျပ်ကျပ် ၅၀၀ ထပ်မံကောက်ခံမယ်လို့သိရပါတယ်။ ရန်ကုန်မြို့ပတ်ခရီးသည် ပို့ဆောင်ရေးယာဉ်လိုင်းသစ်ကို Scania City Bus ၃၉ စီးဖြင့် စတင်ပြေးဆွဲပေးမည် ဖြစ်ကြောင်း YRTA မှ သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်လိုင်း ၁၀၀ မှယာဉ် လမ်းကြောင်း ၁၂၃ ကြောင်းဖြင့် တစ်နေ့ယာဉ်အစီးရေ ၄၃၀၀ ကျော်ပြေးဆွဲလျက်ရှိပြီး နေ့စဉ်ခရီးသွားပြည်သူ ၁ ဒသမ ၈ သန်းကို ဝန်ဆောင်မှုပေးနေတယ်လို့ သိရပါတယ်။

 

 

Source; Facebook

Read times
Rate this item
(1 Vote)