Local Industry



DFM Myanmar မှ AX7 နှင့် C37 ကို အထူးလျှော့ဈေးများဖြင့် ရောင်းချ

DFM Myanmar မှ AX7 နှင့် C37 ကို အထူးလျှော့ဈေးများဖြင့် ရောင်းချ facebook

DFM Myanmar မှ AX7 နှင့် C37 ကို အထူးလျှော့ဈေးများဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

 

DFM AX7 သည် ၂၀၀၀ စီစီ ဓာတ်ဆီအင်ဂျင်၊ 6 Speed Transmission Semi Auto နှင့် Electronic Parking Brake တပ် ဆင်ထားသော ငါးယောက်စီး SUV ကားအမျိုးအစား ဖြစ်သည်။ Steering တွင် Cruise Control ၊Volume Control နှင့် Multi Media Control များအပြင် Digital Screen Gauge Mode ကို ပြောင်းလဲ ကြည့်နိုင်သည့် Control များ လည်းပါဝင်သည်။ လုံခြုံရေးစနစ် အတွက် အသက်ကယ်လေအိတ် နှစ်လုံး၊ ABS နှင့် EBS စနစ်များ ပါဝင်သည်။

 

DFM C37 သည် ၁၅၀၀ စီစီ ဓာတ်ဆီအင်ဂျင်နှင့် ဘေးဆွဲ တံခါးနှစ်ဖက် ပါဝင်သော ၁၁ ယောက်စီး MPV ကားအမျိုးအစား ဖြစ်သည်။ ထိုကားတွင် Power Steering ၊Dual Aircon System ပါဝင်သည်။ AX7 နှင့် C37 တို့ကို ယခုလအတွင်း ၀ယ်ယူမည်ဆိုပါက အထူးလျှော့ဈေး များဖြင့် ရောင်းချပေးမည်ဖြစ်သည်။

 

အထူးအစီအစဉ်အနေနဲ့ AX7 ကို ရန်ကုန်လိုင်စင် အပါအ၀င် ကျပ်သိန်း ၄၂၀ နဲ့ ရောင်းချပေး မှာဖြစ်ပြီး C37 ကို ကျပ်သိန်း ၁၈၀ နယ်လိုင်စင်နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်ဟု DFM Myanmar မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

 

DFM Myanmar မှ AX7 ကို ရန်ကုန်လိုင်စင် အပါအ၀င် အခွန် အပြီးအစီး ကျပ်သိန်း ၄၂၀ နှင့် C37 ကို အခွန်အပြီးအစီး ကျပ်သိန်း ၁၈၀(နယ်လိုင်စင်)ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး AX7 ကို သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်းနှင့် C37 ကို ၂ နှစ်၊ သို့ မဟုတ် ကီလိုမီတာ ခြောက်သောင်း အာမခံပေးထားကြောင်း သိရသည်။

 

 

Source; Automobile Journal

Read times
Rate this item
(1 Vote)