Local Industry



KIA Myanmar မှ ၂၀၁၉ မိုဒယ် KIA Sportage ကို ဈေးကွက်အတွင်း ရောင်းချမည်

KIA Myanmar မှ ၂၀၁၉ မိုဒယ် KIA Sportage ကို ဈေးကွက်အတွင်း ရောင်းချမည် google

KIA Myanmar မှ ၂၀၁၉ မိုဒယ် KIA Sportage ကို မေ ၁၇ ရက် မှစ၍ ဈေးကွက်အတွင်း စတင်မိတ်ဆက် ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

 

၂၀၁၉ မိုဒယ် KIA Sportage ကားသစ်သည် Euro NCAP မှ 5 Stars Grading ဆုရရှိထားပြီး 2.0L RCDI Four-pot ၊ 8 Speed Automative SUV ကားအမျိုး အစား ဖြစ်သည်။

 

ကားအတွင်းပိုင်းတွင် သပ် ရပ်လှပသော အသွင်အပြင်၊ ရှေ့ မြင်ကွင်း ပိုမိုကောင်းမွန်သည့် အနေအထား၊ 7 Inches Touch Screen ၊ Apple Car Play ၊ Andriod Auto ၊ အဆင့်မြင့် Button Starter ဖြစ်သည့်အတွက် စက်နှိုးရာတွင် သာမန်သော့များ ကဲ့သို့ အချိန်ကြာမြင့်စွာ လှည့်စရာ မလိုဘဲ ထိလိုက်ရုံဖြင့် စက်နှိုးနိုင်ခြင်း စသည်တို့အပြင် Smart Power Tailgate System ပါဝင် သောကြောင့် Smart Key Switch လုံးဝထိစရာမလိုဘဲ ကားအနောက် ဘက် တစ်မီတာတွင် Key နှင့်အတူ ရှိပါက ငါးစက္ကန့်အတွင်း နောက်ဖုံး အလိုအလျောက်ပွင့်သည့် စနစ်လည်း ပါဝင်သည်။ KIA Sportage GT ထိုင်ခုံများကို ရာသီဥတု အမျိုးမျိုးနှင့်ကိုက်ညီအောင် လေပူ၊ လေအေးပေးစနစ် ထည့်သွင်းထားသည်။ အတွင်းခန်းတွင် အသုံးဝင်သော Function ခလုတ်များနှင့် အတူ သက်သောင့်သက်သာ ဖြစ် အောင် ဖန်တီးထားသည်။

 

ကားအပြင်ပိုင်းတွင် ယခင်မို ဒယ်နှင့်မတူဘဲ ရှေ့ဘမ်ပါပုံစံ ပြောင်း လဲသွားခြင်း၊ LED မီးသီးများသည် Xenon Headlamps မှ Full LED Headlamps အဖြစ် ပြောင်းလဲသွားခြင်း၊ နောက်မီးများ အနည်းငယ် ပြောင်းလဲသွားခြင်း၊ ကားအလွိုင်းဒီဇိုင်းကိုလည်း ယခင်ကား ထက် ပိုမိုဆန်းသစ်အောင် ထုတ် လုပ်ထားသည်။

 

လုံခြုံရေးပိုင်းတွင် မိုးသည်း ထန်စွာရွာနေသည့်အချိန်၊ မြူဆိုင်း သောအချိန်များ၌ ရှေ့ကားမှ မိမိကားကို သိသာစေနိုင်မည့် Fog Lamp မီးလေးလုံး ပါဝင်သည်။ ယာဉ်မတော်တဆ ထိခိုက်မှုအန္တရာယ်များမှ ကာကွယ်ပေးနိုင်ရန်အ တွက်လည်း အသက်ကယ်လေ အိတ်များ ပါရှိသည်။

 

KIA Myanmar မှ ၂၀၁၉ မိုဒယ် KIA Sportage ကို ၀ယ်ယူ မည်ဆိုပါက အမေရိကန်ဒေါ်လာ ၅၅,၀၀၀ ဖြင့် ၀ယ်ယူနိုင်ပြီး Warranty အဖြစ် ခုနစ်နှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်းခွဲ ပေးထားကြောင်း သိရသည်။

 

Source; Automobile Journal

Read times
Rate this item
(1 Vote)