Local Industry



Isuzu Compass Auto မှ Brand New Truck QKR ကို အထူးအစီအစဉ်ဖြင့် ရောင်းချ

Isuzu Compass Auto မှ Brand New Truck QKR ကို အထူးအစီအစဉ်ဖြင့် ရောင်းချ google

Isuzu Compass Auto မှ Brand New Truck QKR ကို အထူးအစီအစဉ်ဖြင့် ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။

Isuzu Compass Auto မှ ၂၀၁၉ မိုဒယ် Brand New Truck များဖြစ်သည့် Isuzu QKR ၁၀ ပေ၊ ၁၂ ပေ၊ ၁၄ ပေတို့ကို ကနဦး ၁၀ ရာခိုင်နှုန်းဖြစ်သည့် အမေရိ ကန်ဒေါ်လာ ၁,၈၅၉ ဒေါ်လာ အနည်းဆုံး ပေးသွင်းပြီး ရောင်းချ ပေးမည် ဖြစ်သည်။ Isuzu QKR သည် 2.8 Diesel Turbo Engine အသုံးပြုထားပြီး ရှေ့လေး၊ နောက် လေးပါဝင်သော ထရပ်ကားအမျိုး အစား ဖြစ်သည်။

 

ဒီလထဲမှာ Summer Year Promotion အစီအစဉ်နဲ့ Isuzu QKR ကို ဈေးလျှော့ ရောင်းချပေး မှာ ဖြစ်ပါတယ်၊ နှစ်တန်ကား အမျိုးအစား Isuzu QKR (၁၀ ပေ၊ ၁၂ ပေ)နဲ့ သုံးတန် ကားအမျိုး အစား Isuzu QKR (၁၄ ပေ)တို့ က 2.8 Diesel Turbo Engine တပ်ဆင်ထားပြီး ရှေ့လေး၊ နောက် လေး ပါဝင်ပါတယ်၊ ဒီကားတွေ အတွက် Spare Part တွေကို လည်း အလွယ်တကူ ၀ယ်ယူနိုင် အောင် စီစဉ်ပေးထားပါတယ်၊ ဒီ ကားတွေကို Box နဲ့ ၀ယ်ယူချင် တယ်ဆိုရင်လည်း သင့်တင့်တဲ့ဈေး နဲ့ ရောင်းချပေးဖို့ စီစဉ်ထားပါ တယ်ဟု Isuzu Compass Auto မှ Sale Manager က ပြောသည်။

 

Isuzu QKR (၁၀ ပေ/၂ တန်)ကို ကျပ် ၂၆၉ သိန်း၊ Isuzu QKR (၁၂ ပေ/၂ တန်)ကို ကျပ် ၂၇၉ သိန်း၊ Isuzu QKR (၁၄ ပေ/၃ တန်)ကို ကျပ် ၂၈၉ သိန်း တို့ဖြင့် ရောင်းချပေးနေပြီး ယခုလ အတွင်း ၀ယ်ယူပါက အရစ်ကျ စနစ်ဖြင့် ၀ယ်ယူနိုင်ကာ တစ်လလျှင် အမေရိကန်ဒေါ်လာ ၃၈၈ ဒေါ်လာ ပေးသွင်းရုံဖြင့် ကားတစ်စီးရရှိနိုင် မည် ဖြစ်သည်။ ထိုကားများအတွက် ၂ နှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်း အာမခံပေးထားကြောင်း သိရသည်။

 

Source; Automobile Journal

Read times
Rate this item
(1 Vote)