Local Industry



Suzuki New Ertiga ထွက်ပေါ်ပြီးနောက် ၂၀၁၅ မိုဒယ် Ertiga ပုံဟောင်းကို ကျပ်သိန်း ၁၈၀ ကျော်ဖြင့် ထုတ်ရောင်းလာ

Suzuki New Ertiga ထွက်ပေါ်ပြီးနောက် ၂၀၁၅ မိုဒယ် Ertiga ပုံဟောင်းကို ကျပ်သိန်း ၁၈၀ ကျော်ဖြင့် ထုတ်ရောင်းလာ google

Suzuki New Ertiga ထွက်ပေါ်ပြီးနောက် ၂၀၁၅ မိုဒယ် Ertiga ပုံဟောင်းကို ကျပ်သိန်း ၁၈၀ ကျော် ဖြင့် ထုတ်ရောင်းလာကြကြောင်း ကား ၀ယ်/ရောင်းများထံမှ သိရသည်။

 

ပြီးခဲ့သည့် ဧပြီ ၂၆ ရက်က စတင်မိတ်ဆက်ခဲ့သော Suzuki New Ertiga အပေါ် စိတ်ဝင်စားမှု များနေပြီး အလဲအထပ် စီးချင်သူ များမှ မိုဒယ်အဟောင်းဖြစ်သည့် Ertiga Type 1 ၂၀၁၅ မိုဒယ်ကို ကျပ်သိန်း ၁၈၀ ၀န်းကျင်နှင့် Ertiga Type 2 ၂၀၁၇ မိုဒယ်ကို ကျပ်သိန်း ၂၂၀ ၀န်းကျင်တို့ဖြင့် ထုတ်ရောင်းလာကြသည်။ Ertiga Type 2 တွင် မှန်ချိုးမှန်ခေါက် ပါဝင်ပြီး ကားရှေ့မီးများကို Ertiga Type 1 ထက် ဒီဇိုင်းဆန်းသစ် အောင် ပြုလုပ်ထားသည်။

 

အသစ် မိတ်ဆက်လိုက်သည့် Suzuki New Ertiga သည် ယခင် မိုဒယ်ဟောင်းများထက် အရွယ် အစားကြီးသွားပြီး ဒီဇိုင်းပိုင်းလည်း ပိုမိုကောင်းမွန်လာသည်။ New Ertiga တွင် ၁၅၀၀ စီစီ ဓာတ်ဆီ အင်ဂျင် တပ်ဆင်ထားပြီး Parking Sensor ၊ Steering D Shaped ၊ 15 Inches Alloy ၊ 9 Inches Touch Panel ၊ အတွင်းခန်းကျွန်း ကွက် စသည်တို့ ပါဝင်သည်။

 

“New Ertiga ထွက်လာပြီး နောက်ပိုင်း ဒီကားကို ပြောင်းစီးချင် သူတွေက အရင်မိုဒယ်ဟောင်းကား တွေကို ထုတ်ရောင်းလာကြတယ်၊ Ertiga Type 1 တုန်းက မှန်ချိုးမှန် ခေါက်မပါဘူး၊ Type 2 မှာတော့ မှန်ချိုးမှန်ခေါက်ပါလာပြီး Type 1 ထက် အရွယ်အစား မဆိုသလောက် ကြီးသွားတယ်၊ မီးလုံးတွေလည်း ဆန်းသစ်သွားတယ်၊ New Ertiga ကတော့ အပြင်ဒီဇိုင်းရော၊ အတွင်း ဒီဇိုင်းပါ အကုန်ပြောင်းသွားပါတယ်”ဟု RIXS Group မှ မန်နေဂျင်းဒါ ရိုက်တာက ဆိုသည်။

 

လက်ရှိတွင် Suzuki New Ertiga သည် ပြည်တွင်းထုတ် SKD ဈေးကွက်တွင် ရောင်းအားအ ကောင်းဆုံးအဖြစ် ရပ်တည်နေပြီး ဈေးနှုန်းလည်း သင့်တင့်သောကြောင့် စတင်မိတ်ဆက်ခဲ့သည့် တစ်ပတ် အတွင်း ကားအစီးရေ လေးထောင် ကျော်အထိ Pre-order ဖြင့် ရောင်း ချနိုင်ခဲ့ကြောင်း သိရသည်။

 

Source; Automobile Journal

Read times
Rate this item
(2 votes)