အသစ်ထွက်ရှိလာသည့် ပြည်တွင်းထုတ်ကားသစ်များအပေါ် စိတ်ဝင်စားမှုပိုများနေ၍ စတိနံပါတ်ကားများနှင့်အတူ နံပါတ်ထွက်ပြီးသား ကျပ်သိန်း သုံးရာဝန်းကျင် ကားများပါ အရောင်းဝယ်အေးစက်သွားကြောင်း သိရသည်။
စီးပွားရေးကျဆင်းနေမှုနှင့် ရန်ကုန်လိုင်စင်မရခြင်းတို့ကြောင့် အတက်အကျမငြိမ်၍ ဈေးတန်းတည်ငြိမ်သော ပြည်တွင်းထုတ် CKD ၊ SKD ကားများသာ ပုံမှန်အတိုင်း အရောင်းအဝယ် ဖြစ်နေသည်။ နံပါတ်ထွက်ပြီးသား ကားဈေးကွက်မှာ အနည်းငယ်ပြန်ကောင်းလာသော်လည်း ရန်ကုန်လိုင်စင် နံပါတ်ထွက်ပြီးသား ၁၃၀၀ စီစီ ရောင်းကားများရှာနေ၍ ထင်ထားသလောက် အရောင်းအဝယ်မဖြစ်ဘဲ နယ်အဝယ် တစ်ဦးစ၊ နှစ်ဦးစသာ ဆင်းသည်။ စတိနံပါတ်ကားများ အရောင်းအဝယ် အေးစက်နေခြင်းကြောင့် ယာဉ်အို၊ ယာဉ်ဟောင်း စလစ်များမှာ ဝယ်လိုအား နည်းပါးသော်လည်း စလစ်ဈေးမှာ အမြင့်ဈေးတွင် ရပ်တန့်နေသည်။ ရန်ကုန်လိုင်စင် နှစ်နှစ်ဆယ် စလစ်သည် ကျပ် ၁၃၅ သိန်းတွင် ရှိနေပြီး တိုက်ကြေစလစ်သည် ကျပ် ၁၂၀ တွင် ရှိနေသည်။ ကညနမှ နံပါတ်ထုတ်ပေးမှု စားရင်းများအရ 5Q/7723 နှင့် HH/4011 သို့ ရောက်ရှိနေပြီဖြစ်သည်။
3.5.2019 မှ 9.5.2019 အတွင်း ယာဉ်ရောင်းဝယ်ရေး စခန်းများမှ အရောင်းရဆုံးကားများကို ဖော်ပြပေးလိုက်ပါတယ်။
Source; Automobile Journal