Local Industry



အပ်ကားရှားပါးလာခြင်းနှင့်အတူ စလစ်ဈေးများမြင့်တက်လာပြီး ယခုနှစ်အတွင်း တိုက်ကြေ အစီး ၁၅၀ အထိ အပ်နှံမှုရှိ

အပ်ကားရှားပါးလာခြင်းနှင့်အတူ စလစ်ဈေးများမြင့်တက်လာပြီး ယခုနှစ်အတွင်း တိုက်ကြေ အစီး ၁၅၀ အထိ အပ်နှံမှုရှိ google

အပ်ကား ရှားပါးလာခြင်းနှင့် အတူ စလစ်ဈေးများ မြင့်တက်လာပြီး ယခုနှစ်အတွင်း တိုက်ကြေ အစီး ၁၅၀ အထိ အပ်နှံမှုရှိကြောင်း ရန် ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

ကုန်းလမ်းပို့ဆောင်ရေး ညွှန် ကြားမှုဦးစီးဌာနမှ ယာဉ်မတော်တဆမှုကြောင့် တိုက်ကြေပျက်စီးသွား သည့်ကားများ၊ မီးလောင်ပျက်စီး သွားသော ကားများအား အရည် ကျို အပ်နှံဖျက်သိမ်း၍ အစား ထိုးယာဉ် တင်သွင်းခွင့်ပေးခြင်းကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လမှ စတင် ခွင့်ပြုခဲ့ရာ ၂၀၁၆ ခုနှစ်အတွင်း ၂,၇၂၃ စီး၊ ၂၀၁၇ ခုနှစ်အတွင်း ၁,၄၂၆ စီး အပ်နှံမှုရှိခဲ့သည်။

 

၂၀၁၈ ခုနှစ်အတွင်း၌ တိုက် ကြေကား အစီး ၄၇၀ ကျော် အပ် နှံခဲ့ရာ ဇန်န၀ါရီလတွင် ရှစ်စီး၊ ဖေ ဖော်ဝါရီလတွင် ၃၇ စီး၊ မတ်လ တွင် ၃၁ စီး၊ ဧပြီလတွင် ၄၁ စီး၊ မေလတွင် ၆၁ စီး၊ ဇွန်လတွင် ၃၁ စီး၊ ဇူလိုင်လတွင် ၄၅ စီး၊ သြဂုတ် လတွင် ၄၆ စီး၊ စက်တင်ဘာလတွင် ၃၅ စီး၊ အောက်တိုဘာလတွင် ၅၄ စီး၊ နိုဝင်ဘာလတွင် ၆၂ စီးနှင့် ဒီဇင်ဘာလတွင် ၄၇ စီး အပ်နှံခဲ့ သည်။ ယခုနှစ်အတွင်း၌လည်း နှစ်စမှ ဧပြီလကုန်အထိ အစီး ၁၅၀ အပ်နှံမှု ရှိခဲ့သည်။

 

တိုက်ကြေကား ဟုတ်/မ ဟုတ် သေချာစစ်ဆေးပြီးမှ အပ်နှံ ခွင့်ပြုတဲ့အတွက် အပ်နှံတဲ့ကားအ ရေအတွက်က အရင်နှစ်တွေထက် စာရင် တစ်ဝက်လောက် လျော့ နည်းသွားပါတယ်၊ အရင်နှစ်တွေမှာ တိုက်ကြေကား အပ်နှံမှုက တစ်နှစ် ကို အစီးတစ်ထောင်ကနေ နှစ် ထောင်ဝန်းကျင်အထိ ရှိခဲ့ပေမဲ့ ၂၀၁၈ ခုနှစ်မှာတော့ အစီး ၄၇၀ ကျော်ပဲ အပ်နှံခဲ့ပါတယ်၊ ဒီနှစ်ထဲ မှာလည်း အစီး ၁၅၀ အပ်နှံထားပါ တယ်၊ အပ်နှံတဲ့ကားတွေထဲက ၈၀ ရာခိုင်နှုန်းကျော်က လူစီးကားတွေ ဖြစ်ပါတယ်”ဟု ကုန်းလမ်းပို့ဆောင် ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာ ၀န်ရှိသူတစ်ဦးက ပြောသည်။

 

ယခုနှစ် ဧပြီလကုန်အထိ သန် လျင်ကညနရုံး၌ တိုက်ကြေကား အစီး ၁၅၀ အပ်နှံခဲ့ရာ ဇန်န၀ါရီ လတွင် ၄၆ စီး၊ ဖေဖော်ဝါရီလ တွင် ၂၃ စီး၊ မတ်လတွင် ၄၃ စီး နှင့် ဧပြီလတွင် ၃၈ စီး အပ်နှံခဲ့ သည်။ တိုက်ကြေစလစ်ဖြင့် ၁၃၅၀ စီစီနှင့်အောက် စတိနံပါတ်ကား များကို ၀ယ်ယူခွင့်ပါမစ် လျှောက် ထားနိုင်သောကြောင့် တိုက်ကြေ စလစ် အ၀ယ်များပြီး ကျပ် ၁၂၃ သိန်းဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရသည်။

 

Source; Automobile Journal

Read times
Rate this item
(1 Vote)