Local Industry



ရန်ကုန်မိုးပျံ အမြန်လမ်းစီမံကိန်း Pre-Bid Conference

ရန်ကုန်မိုးပျံ အမြန်လမ်းစီမံကိန်း Pre-Bid Conference facebook

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေသော ရန်ကုန် မိုးပျံအမြန်လမ်းစီမံကိန်း အပိုင်း()Pre-Bid Conference ကို (--၂၀၁၉)ရက်နေ့ နံနက်(၀၉း၀၀)နာရီတွင် Hilton Hotel နေပြည်တော်၌ ကျင်းပပြုလုပ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ၊ ဒုတိယဝန်ကြီး ဦးကျော်လင်း ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ်များ နှင့်တာဝန်ရှိသူများ ၊ International Finance Corporation (IFC) မှ တာဝန်ရှိသူများ၊ စီမံကိန်းအား ရင်းနှီးမြှုပ်နှံမည့် အရည်အချင်းပြည့်မီသော ကုမ္ပဏီအစုအဖွဲ့များ နှင့် နိုင်ငံတကာ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါသည်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်မှ အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာကြသည့် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီ အစုအဖွဲ့အစည်းများနှင့် နိုင်ငံတကာ ငွေကြေးဆိုင်ရာအဖွဲ့အစည်းများမှ ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့အား သက်ဆိုင်ရာအဖွဲ့အလိုက် မိတ်ဆက်ကြပါသည်။ အစီအစဉ်အရ စီမံကိန်း အကြံပေးအဖွဲ့အစည်းဖြစ်သည့် IFC မှ ရန်ကုန်မိုးပျံ အမြန်လမ်းစီမံကိန်း အပိုင်း() နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ တက်ရောက်လာကြပါသော ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီအဖွဲ့အစည်းများနှင့် နိုင်ငံတကာ ငွေကြေးဆိုင်ရာအဖွဲ့အစည်းမှ သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပြီး အခမ်းအနားကို နံနက်(၁၁း၀၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

 

moe_pyn.jpg

 

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို လျော့ချနိုင်ရန်အတွက် အဓိက ရည်ရွယ်၍ တည်ဆောက်မည်ဖြစ်သော ရန်ကုန် မိုးပျံအမြန်လမ်းစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ ပူးပေါင်း၍ အကောင်အထည်ဖေါ် ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ အဆိုပါစီမံကိန်းကို Public Private Partnership (PPP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး စုစုပေါင်းအရှည်မှာ (၄၇.)ကီလိုမီတာ ဖြစ်ပါသည်။

 

Phase 1 အဖြစ် အရှေ့ဘက်ခြမ်း ()လမ်းသွားလမ်းမကြီး (၁၉)ကီလိုမီတာ၊ အရှေ့နှင့် အနောက် ချိတ်ဆက်ထားသော ()လမ်းသွား ()ကီလိုမီတာ ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ဆက်သွယ်ထားသော ()လမ်းသွား (.)ကီလိုမီတာ စုစုပေါင်း အရှည် (၂၇.)ကီလိုမီတာ ရှိပါသည်။ ယခုအခါ အဆိုပါ စီမံကိန်းအတွက် တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်လိုသူများကို ရွေးချယ်ရန် ဇကာတင် အရည်အသွေး ပြည့်မီသည့် လျှောက်လွှာများ Request for Qualification (RFQ) တင်သွင်းစေပြီး ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ တွင် လျောက်လွှာ (၁၂)စောင်ကို လက်ခံရရှိခဲ့ပါသည်။

 

moe_pyn1.jpg

 

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ တွင် လက်ခံရရှိထားသော လျှောက်လွှာ (၁၂)စောင်အား ဇကာတင် အရည်အသွေးပြည့်မီမှုကို မူတည်၍ အကဲဖြတ်ခဲ့ရာ စီမံကိန်းအတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်သော အကျိုးတူ အဖွဲ့အစည်း (၁၀)ခု ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ တွင် ဇကာတင် ရွေးချယ်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ကြိုတင် အရည်အချင်းပြည့်မီသည့် တင်ဒါယှဉ်ပြိုင်သူများအတွက် Request for Proposal (RFP) ကို ဆောင်ရွက်ခဲ့ပါသည်။ ရှေ့ဆက်လက်ပြီး ၂၀၁၉ ခုနှစ်၊ မေလ ()()နှင့် ()ရက်နေ့များတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ IFC နှင့် အရည်အချင်းပြည့်မီသည့် တင်ဒါယှဉ်ပြိုင်သူ များသည် One on One Meeting များ ဆောင်ရွက်မည် ဖြစ်ပါသည်။

 

ဇွန်လတွင် တင်ဒါယှဉ်ပြိုင်သူများသည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းအဆိုပြုလွှာကို တင်သွင်းရမည် ဖြစ်ပြီး ဇူလိုင်/သြဂုတ်လတွင် တင်ဒါအောင်မြင်သည့် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီကို ထုတ်ပြန်သွားမည် ဖြစ်ပါသည်။ ဤစီမံကိန်းကို ၂၀၂၀ ခုနှစ် ၊ ဇူလိုင်လ တွင် စတင်တည်ဆောက်ရန် ရည်မှန်းထားပြီး ()နှစ်အတွင်း ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားရှိပါသည်။ အဆိုပါစီမံကိန်း ဆောင်ရွက်ခြင်းအားဖြင့် ရန်ကုန်မြို့တွင်း၌ တွေ့ကြုံနေရသော ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများကို လျှော့ချပေးနိုင်မည့်အပြင် စီးပွားရေးအခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်ကာ ပြည်သူလူထု၏ လူမှုဘဝလည်း မြင့်မားလာမည် ဖြစ်ပါသည်။

 

Source; Ministry of Construction

Read times
Rate this item
(1 Vote)