Local Industry



ယာဉ်​မှန်​/မမှန်​ စစ်​​ဆေးခြင်းကို ​မေလမှစ၍ သက်​တမ်းတိုးလုပ်ငန်း​ဆောင်​ရွက်​ပြီးမှ ယာဉ်​မှန်/​မမှန်​စစ်​​ဆေး​ပေးသွားမည်

ယာဉ်​မှန်​/မမှန်​ စစ်​​ဆေးခြင်းကို ​မေလမှစ၍ သက်​တမ်းတိုးလုပ်ငန်း​ဆောင်​ရွက်​ပြီးမှ ယာဉ်​မှန်/​မမှန်​စစ်​​ဆေး​ပေးသွားမည် google

ယာဉ်​မှန်/​မမှန်​ စစ်​​ဆေးခြင်းလုပ်​ငန်းအား ​မေလမှစ၍ ယာဉ်​သက်​တမ်းတိုးကားအစီး​ရေများပြားလာမည်​ဖြစ်​ရာ သက်​တမ်းတိုးလုပ်ငန်း ​ဆောင်​ရွက်​ပြီးမှ ယာဉ်​မှန်/​မမှန်​ စစ်​​ဆေး​ပေးသွားမည်​ဖြစ်​​ကြောင်း ကုန်းလမ်းပို့​ဆောင်​​ရေးညွှန်​ကြားမှုဦးစီးဌာနမှသိရသည်။

 

ယာဉ်​မှန်/​မမှန်​ စစ်​​​ဆေး​ပေးနေလျှက်​ရှိ​သော online booking ယူ စနစ်​တွင်​ အမှန်​တ​ကယ်​ယာဉ်​စစ်​​ဆေးခြင်းမရှိဘဲ ​online booking တင်​ရာ၌ ​ယာဉ်​အမျိုးအစား၊ ကားနံပတ်​များတင်​ထားပြီး ကြိုတင်​​နေရာဦး ရက်​ချိန်းယူထားသူများရှိ​နေရာ ယာဉ်​မှန်/​မမှန်​စစ်​​ဆေး​သော online booking တင်​ခြင်းလုပ်​ငန်းအား ယာဉ်​အစီး​ရေ ကန့်​သတ်မထား​တော့ဘဲ စမ်းသပ်​​သောသ​ဘောဖြင့် online တင်​ခြင်း ခွင့်ပြုလုပ်​​ဆောင်​​ပေးေ​န​သော်လည်း လာမည့် ​မေလမှစ၍ ယာဉ်​သက်​တမ်းတိုးလုပ်​ငန်း လာ​ရောက်​လုပ်​​ဆောင်​မည့် ကားအစီး​ရေများပြားလာမည်​ဖြစ်​သောကြောင့် ထိုသက်​တမ်းတိုးလုပ်​ငန်း​ပြီးစီးမှသာ ယာဉ်​မှန်/​မမှန်​စစ်​​ဆေးခြင်းလုပ်​ငန်း ပြုလုပ်​​ပေးသွားမည်ြ​ဖစ်​​ကြောင်းသိရသည်​။

 

"ယာဉ်​မှန်/​မမှန်​ စစ်​​ဆေးတာကို ​မေလကစပြီး သက်​တမ်းတိုးကားအစီး​ရေ​တွေများလာမှာဖြစ်​လို့ သက်​တမ်းတိုးတဲ့ကား​တွေပြီးမှဘဲ လုပ်​ငန်း​ဆောင်​ရွက်​​ပေး​တော့မှာပါ။ ယာဉ်​မှန်​/မမှန် ​စစ်​ဆးတာကို​online တင်​တာ​တော့ အရင်​လိုပဲကြိုတင်​ရက်​ချိန်းရယူလို့ရမှာပါ" ဟု ကုန်းလမ်းပို့​ဆောင်​​ရေးညွှန်​ကြားမှုဦးစီးဌာနမှ တာဝန်​ရှိသူတစ်​ဦးက​ပြောသည်​။

 

တစ်​ပတ်​ရစ်​ညာ​မောင်းကား အ​ရောင်းအဝယ်​​များပြုလုပ်​ရာတွင်​ body coach ​ဖောက်​စွပ်၊​ ဖြတ်​ဆက်​ ကားများ သိမ်းဆည်းမည်ဆိုေ​​​​သာသတင်းများ​ကြောင့်​ ယာဉ်ဝယ်​ယူမည်​ဆိုလျှင်​ ယာဉ်​မှန်/​မမှန်​စစ်​​ဆေးပြီးမှ ဝယ်​ယူမှုများရှိ​နေပြီး ယာဉ်​မှန်/​မမှန်​ စစ်​​ဆေးရန်​ online ရက်​ချိန်းရယူရာတွင်​လည်းကြိုတင်​ရက်​ချိန်းယူထား​သော ကားများမှာ ကြိုတင်​ရက်​ချိန်း တိုကင်​ယူထားမှုများနှင့် ပြည့်နေ၍ အဆင်​မ​ပြေမှုများရှိ​နေ​သည်ဟုဆိုကြသည်။

 

Source; Carsdb.com

Read times
Rate this item
(1 Vote)