Local Industry



တစ်ပတ်အတွင်း အရောင်းရဆုံးကားဈေးနှုန်းများ

သင်္ကြန်မတိုင်မီက နံပါတ်ထွက်ပြီးသား ၁၃၀၀ စီစီကားများနှင့် ၆၆၀ စီစီ မီနီထရပ်များ အရောင်းအဝယ် ကောင်းခဲ့သော်လည်း သင်္ကြန်အပြီးတွင် ဘယ်မောင်းကားသစ်များနှင့်အတူ အင်ဂျင်ပါဝါအမြင့် ဂျပန်ညာမောင်းကားများလည်း အရောင်းအဝယ်အေးစက်နေပါသည်။

 

ပြည်ပမှ တင်သွင်းသော Brad New ကားများ အရောင်းအဝယ်အေးသလို ပြည်တွင်းဈေးကွက် လိုအပ်ချက်ပေါ်မူတည်ပြီး တပ်ဆင်ထုတ်လုပ်ရောင်းချနေသည့် SKD ကားများမှာလည်း အဝယ်နည်းနေသည်။ ဈေးကွက်အတွင်း ရောင်းကားရှားပါးလာသည့် ကျပ်သိန်းနှစ်ရာ ဝန်းကျင် ၁၃၀၀ စီစီ ကားများနှင့် အက္ခရာအနိမ့်တက္ကစီများသာ အရောင်းအဝယ်ဖြစ်နေသည်။ ကားအရောင်းစင်တာများတွင်ရှိသော နံပါတ်ထွက်ပြီးသား Toyota Vanguard Kluger Harrier Land Cruiser တို့မှာ တစ်လလျှင် အဝယ်ကောင်းမှသာ တစ်စီး၊ နှစ်စီးခန့်သာ အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။ ကညနမှ နံပါတ်ထုတ်ပေးမှု စာရင်းမှအရ 5Q/6145 နှင့် HH/4008 သို့ ရောက်ရှိနေပြီ ဖြစ်သည်။

 

19.4.2019 မှ 25.4.2019 အတွင်း ယာဉ်ရောင်းဝယ်ရေး စခန်းများမှ အရောင်းရဆုံးကားများကို ဖော်ပြပေးလိုက်ပါတယ်။

 

Screenshot_from_2019-04-26_10-41-10.png

 

Screenshot_from_2019-04-26_10-40-57.png

 

 

Source; Automobile Journal

Read times
Rate this item
(2 votes)