Local Industry



သင်္ကြန်မှာ Mingalar Bus နဲ့ အထားကျကျလည်ကြမယ်

သင်္ကြန်မှာ Mingalar Bus နဲ့ အထားကျကျလည်ကြမယ် facebook

ရေပက်ခံလည်းထွက်ချင် ၊ တနေကုန် မတ်တပ်ကြီးလည်း ရပ်မနေချင် အထာကျကျ ဘယ်လိုထွက်မလဲ??

 

 

Mingalar Bus နဲ့ ထိုင်ခုံလေးမှာ ငြိမ့်ငြိမ့်လေးထိုင်ပြီး ၊ မဏ္ဍပ်တွေကို ပတ်ကဲမယ်၊ ပြီးရင် အသာအယာထိုင်ပြီး နားနေလို့ ရတယ်လေ။

 

ဘယ်တွေရောက်မှာတဲ့လဲ ??

 

ရန်ကုန်မြို့ရဲ့ အစည်ဆုံး မဏ္ဍပ်တွေရှိတဲ့ ပြည်လမ်း၊တက္ကသိုလ်ရိပ်သာလမ်း၊ပါရမီလမ်း တို့ကို ကားနဲ့ပတ်ပြီး ရေပက်ခံ ထွက်မှာတဲ့..

 

လမ်းလျှောက်သင်္ကြန်ဆိုတာလည်း ရောက်ဖူးချင်တယ်??

 

ဒီ့အတွက်လည်း မပူနဲ့.. ပြည်လမ်းက မဏ္ဍပ်တွေကိုလည်ပတ်ပြီးရင် အင်းလျားလမ်းထိပ်က Splash Walk မှာ အစအဆုံးလည်ပတ်လို့ရအောင် ရပ်ပေးပြီး တက္ကသိုလ်ရိပ်သာလမ်းထိပ်ကနေ စောင့်နေမှာတဲ့။

 

မြကျွန်းသာ သင်္ကြန်ဆိုတာကရော??

 

အော် ဘာဆို ဘာမှ မပူနဲ့။ တက္ကသိုလ်ရိပ်သာလမ်းက မဏ္ဍပ်တွေကို လည်ပြီးတာနဲ့ မြကျွန်းသာရှေ့ထိ ပို့ပေးမှာ။ ပြီးရင် စောင့်နေမှာတဲ့။

 

ဈေးနှုန်းတွေကရော ဘယ်လောက်တဲ့လည်း??

 

သင်္ကြန်အကြိုနေ့ကို ၂၅၀၀၀ ၊ အကျနေ့နဲ့ အကြတ်နေ့အတွက် ၃၅၀၀၀ နဲ့ အတက်နေ့အတွက် ၅၀၀၀၀ ပဲရှိတာလေ။ လူများရင် အထူးဈေးနှုန်းတွေ ရှိဦးမယ်တဲ့။

 

ဒါဆိုရင်တော့ သင်္ကြန်ကို အထာကျကျလည်ပတ်ဖို့ Mingalar Bus ကို အခုပဲ Booking မြန်မြန်တင်လိုက်ရအောင်။

 

 

Source;FB(Mingalar Bus)

Read times
Rate this item
(1 Vote)