Local Industry



ရက်ပိုင်းအတွင်း ပြန်လည်မြင့်တက်လာတဲ့ ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ

ရက်ပိုင်းအတွင်း ပြန်လည်မြင့်တက်လာတဲ့ ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ google

တစ်လကျော်ကြာ တည်ငြိမ်နေတဲ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းဟာ ယခုရက်ပိုင်းအတွင်း အနည်းငယ် ပြန်လည်မြင့်တက်ခဲ့ပါတယ်။

 

ရန်ကုန်အထိုင်ဈေးကွက်ရှိ စက်သုံးဆီအရောင်းဆိုင်အများစုတွင် ဖေဖော်ဝါရီ ၁၇ ရက်က အောက်တိန်း-92 တစ်လီတာ လျှင် ကျပ် ၇၀၀၊ အောက်တိန်း- 95 တစ်လီတာလျှင် ကျပ် ၇၉၀၊ ဒီဇယ်တစ်လီတာလျှင် ၈၈၅ ကျပ် နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၈၉၅ ကျပ်နှုန်းရှိပါတယ်။

 

စက်သုံးဆီဈေးနှုန်းများ ဇန်နဝါရီ ၁၀ ရက်ကစ၍ အပြောင်းအလဲမရှိဘဲ တည်ငြိမ်နေခဲ့ရာမှ ဖေဖော်ဝါရီ ၁၅ ရက်ကစ၍ ဈေးနှုန်း ပြောင်းလဲခြင်းဖြစ်ပြီး ပြီးခဲ့သည့်တစ်လအတွင်းဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းထက် အောက်တိန်း- 92 တစ်လီတာလျှင် ၅ ကျပ်နှုန်းမြင့်တက်လာပါတယ်။

 

သို့သော် ရန်ကုန်စက်သုံးဆီဈေးကွက်၌ အခြားဆီဆိုင်များထက် ဈေးလျှော့ရောင်းချနေသည့် Yangon Petrol စက်သုံးဆီဆိုင်များကမူ စက်သုံးဆီအမျိုးအစားတစ်ခုချင်းအလိုက် တစ်လီတာလျှင် ၁၀ ကျပ်စီ မြင့်တက်ခဲ့ကြောင်း ယင်းဆိုင်၏ဈေးနှုန်း ထုတ်ပြန်ချက်များမှာ ဖော်ပြထားပါတယ်။

 

‘‘ခရီးသွားရာသီဆိုရင် ပြည်တွင်းစက်သုံးဆီက တက်လေ့ရှိတယ်။ ကမ္ဘာ့ရေနံစိမ်းဈေးကလည်း ဒီရက်ပိုင်းနည်းနည်း ပြန်လှုပ်လာတယ်။ အဲဒါကြောင့်ဈေးနှုန်းအပြောင်းအလဲရှိလာတာလို့ ပြောနိုင်တယ်’’ ဟု စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

 

ပြည်တွင်းစက်သုံးဆီဈေးနှုန်းများဟာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလကုန်ပိုင်းကစ၍ ၂၀၁၉ ဇန်နဝါရီ ပထမအပတ်အထိ ဆက်တိုက်ကျဆင်းခဲ့ပြီးနောက် ယခုအခါ တစ်ကျော့ပြန် ဈေးမြင့်တက်လာခြင်းဖြစ်ပါတယ်။

 

Source;7DayDaily

 

Readmore;အားသွင်းစနစ် (Charging System)၊ အော်လ်တာနေတာ (Alternator) အလုပ်လုပ်ပုံနှင့် Charging မဝင်သည့်ပြသနာများ

အားသွင်းစနစ် (Charging System)၊ အော်လ်တာနေတာ (Alternator) အလုပ်လုပ်ပုံနှင့် Charging မဝင်သည့်ပြသနာများ

Read times
Rate this item
(1 Vote)