Local Industry



မိုဘိုင်းလ်ဖုန်းတစ်လုံးရှိရုံနဲ့ လမ်းမထွက်ပြီး ကားငှားစရာမလိုတော့ဘူး

မိမိတို့ရဲ့လက်ထဲမှာ ဖုန်းတစ်လုံးရှိပြီး အင်တာနက်ရှိရုံဖြင့် မိမိသွားချင်တဲ့နေရာကို အပင်ပန်းခံနေစရာမလိုပဲ မိမိရှေ့မှောက်ချက်ချင်းရောက်လာနိုင်တယ်ဆိုတာ သင်သိပါသလား။ Application တွေနဲ့ ကားငှားစီးသွားမယ်ဆိုရင် အားသာချက်ကဘာတွေဖြစ်မလဲ။

 

လုံခြုံမှုအပြည့်အ၀ပေးနိုင်မယ်

မိန်းကလေးတစ်ယောက်တည်း အဖော်မပါဘဲ ကားငှားစီးရတဲ့အခါမျိုးမှာ အခက်အခဲဖြစ်နေတက်ပါတယ်။ ဖုန်းထဲကနေဆိုရင် ထို Application တွေအသုံးပြုထားသောကြောင့် လုံခြုံမှုအပြည့်အ၀ရနိုင်ပါတယ်။ Share My Ride လို့ဆိုတာကြောင့် ကားငှားစီးနေတဲ့ခရီးစဉ်တစ်လျှောက်လုံးရဲ့မြေပုံကို မိမိရဲ့မိသားစုဝင်ဖြစ်စေ ခင်ပွန်း၊ ချစ်သူ၊ သူငယ်ချင်းအစရှိတဲ့ မည်သူ့ကိုမဆိုကိုယ်ရောက်ရှိတဲ့နေရာကို မြင်ရအောင် Share လုပ်ပေးထားနိုင်တာကြောင့် မိမိငှားစီးလာတဲ့ ယာဉ်နံပါတ်အမျိုးအစား၊ ယာဉ်မောင်းသူရဲ့ နာမည်နဲ့ ဖုန်းနံပါတ်တွေကို အတိအကျ သိရှိနိုင်မှာလည်း ဖြစ်ပါတယ်။

 

နောက်တစ်ခုကတော့ အရေးပေါ် အချက်ပြစနစ်လည်း ပါဝင်တာကြောင့်အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့လာလျှင် ရဲဌာနတွေဆီကို တိုက်ရိုက်ဖုန်းခေါ်လို့ရသလို၊ မက်ဆေ့ခ်ျပို့ပြီး အကြောင်းကြားပေးစေချင်တဲ့သူ နှစ်ယောက်ရဲ့ ဖုန်းနံပါတ်တွေကို ထည့်ထားလို့ရနိုင်တာကြောင့် အရေးကိစ္စတစ်ခုခုဖြစ်လာလျှင် အလိုအလျောက် အကြောင်းကြားပေးနိုင်မှာလည်း ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ အိမ်ပေါ်ကနေအောက်မဆင်းခင် မိမိဖုန်းထဲမှာ Grab, Get Ride Myanmar, Oway Ride နဲ့ Okay Taxi App တွေရှိရုံနဲ့ ကားငှားနိုင်မှာဖြစ်ပါတယ်။

 

Grab Taxi

Grab Taxi က Taxi အပြင် ရုံးသမားတွေအတွက် အဆင်ပြေစေနိုင်တဲ့ Grab Shuttle ၀န်ဆောင်မှုကိုလည်း ထပ်မံဖော်ဆောင်လိုက်ပါတယ်။
 

Grab Taxi App Download ရယူနိုင်ပါတယ်။

Related image

  


Oway Taxi 
Oway Taxi က ပုံမှန်ဈေးနှုန်းသတ်မှတ်ထားပြီး ဈေးဆစ်နိုင်ခြင်းမရှိပါ။

 

 Oway Taxi App Download ရယူနိုင်ပါတယ်။

Related image


Get Ride Myanmar
Get Ride Myanmar ကတော့ ရန်ကုန်မြို့တွင်းမှာအပြင် တခြားမြို့များတွင်ပါ ၀န်ဆောင်မှုများရှိနေပါတယ်။ ရန်ကုန်မှာတော့ Taxi ၀န်ဆောင်မှုများရှိပြီးတော့ တခြားမြို့များတွင်တော့ သုံးဘီး များဖြင့် ၀န်ဆောင်မှုပေးနေပါတယ်။

 

Get Ride Myanmar App Download ရယူနိုင်ပါတယ်။

Image result for Get Ride Myanmar

 

 

OK Taxi

OK Taxi က အခြား Taxi Application တွေလို သူနဲ့ချိတ်ဆက်ထားတဲ့ ယာဉ်မောင်းတွေဆီက ကော်မရှင်ရယူခြင်း မရှိတာကြောင့် ခရီးသည်တွေအနေနဲ့ လိုရာခရီးကို ဈေးနှုန်းသက်သာစွာနဲ့ သွားလာနိုင်မှာပဲဖြစ်ပါတယ်။ ဈေးနှုန်းတွေကိုလည်း ယာဉ်မောင်းရော ခရီးသည်ပါ အဆင်ပြေမယ့် ဈေးနှုန်းဖြစ်အောင် သတ်မှတ်ပေးထားပြီး တကယ်လို့ ခရီးသည်က ကျသင့်တဲ့ဈေးနှုန်း အရမ်းများနေတယ်လို့ထင်ရင် ယာဉ်မောင်းနဲ့တိုက်ရိုက်ညှိနှိုင်းကာ ဈေးဆစ်နိုင်မယ့်စနစ်ကိုလည်း အက်ပလီကေးရှင်းထဲမှာ ထည့်သွင်းပေးထားပါသေးတယ်။


OK Taxi မှာ တခြား Taxi Application တွေနဲ့မတူတဲ့ နောက်ထပ် ထူးခြားချက်တွေလည်း ရှိပါသေးတယ်။ အဲဒါကတော့ မြန်မာစာနဲ့ အသုံးပြုနိုင်ခြင်း၊လာခေါ်ရမယ့်နေရာနဲ့သွားလိုတဲ့နေရာတွေကိုရွေးချယ်ပြီး တဲ့နောက်မှာ စီးလိုတဲ့ ယာဉ်အမျိုးအစားကို ရွေးချယ်နိုင်ခြင်းနဲ့ ကိုယ့်ရဲ့ မိသားစုဝင်၊ သူငယ်ချင်း၊ ဝန်ထမ်း စတဲ့ တခြားသူတွေကိုယ်စားလည်း ငှားရမ်းပေးနိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

OK Taxi App Download ရယူနိုင်ပါတယ်။

Related image

 

 

Read times
Rate this item
(1 Vote)