Local Industry



တပ်မတော်ခန်းမတွင် ပြုလုပ်သည့် MYANAUTO 2018 မော်တော်ယာဉ် ပြပွဲကြီး

မြန်မာ့နံပါတ် (၁) ကြီးကျယ်ခမ်းနားဆုံးသော မော်တော်ယာဉ်အပိုပစ္စည်းများ၊

ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံတကာ ကုန်စည်ပြပွဲကြီးကို ဘတ်စ်ကားကြီးများ၊ ကုန်တင်ယာဉ်ကြီးများဆိုင်ရာ နိုင်ငံတကာကုန်စည်ပြပွဲကြီး၊ မော်တော်ဆိုင်ကယ် အပိုပစည်းများဆိုင်ရာနိုင်ငံတကာကုန်စည်ပြပွဲကြီးတို့နှင့်အတူတစ်နေရာတည်းတွင် အမျိုးအစားစုံလင်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားပါတယ်။

 

လူကြီးမင်းနှင့် လုပ်ဖော်ကိုင်ဖက်တို့အားလာရောက်လေ့လာကြည့်ရှုပီးကုန်သွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် သတင်းကောင်းပါးလိုက်ပါတယ်။

 

 

 

(MYANAUTO 2018,BUS & TRUCK MYANMAR 2018 and MYANBIKE 2018) နိုင်ငံတကာ ကုန်စည်ပြပွဲကြီးကို ရန်ကုန်မြို့ရှိ တပ်မတော်ခန်းမကြီးတွင် နိုဝင်ဘာလ(၉)ရက်နေ့မှ(၁၁)ရက် နေ့အထိကျင်းပ ပြုလုပ်မည်ဖြစ်ပြီး စီးပွားရေးဆိုင်ရာအကျိုးအမြတ်များစွာဖြစ်ထွန်းနိုင်သောအကျိုးတူ စီးပွားရေးလုပ်ငန်း များ၊ ကုန်သွယ်မှုဆိုင်ရာ အခွင့်အလမ်းများ တိုးတက်ကျယ်ပြန့် လာစေရန်ရည်ရွယ်၍ ကျင်းပ ပြုလုပ်ခြင်း ဖြစ်ပါတယ်။

ထို့အပြင် နိုင်ငံ(၁၅)နိုင်ငံမှအဓိကပါဝင်ပြသပြီး နိုင်ငံတကာမှ ကုမ္ပဏီပေါင်း(၁၀၀)ကျော်နှင့် ကုန်ပစ္စည်းအမှတ်တံဆိပ်ပေါင်းများစွာတို့မှ နောက်ဆုံးပေါ်မော်တော်ယာဉ်၊မော်တော်ဆိုင်ကယ်နှင့်စီးပွား ရေးလုပ်ငန်းသုံးကားကြီးများ၏ အပိုပစ္စည်းများ ၊ ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာပစ္စည်းများ ဘတ်စ်ကားကြီး များ၊ ကုန်တင်ယာဉ်ကြီးများ ၊ လုပ်ငန်းသုံးယာဉ်များနှင့် နောက်ဆုံးထွက်ရှိလာသော နည်းပညာ များကို ပြသပေးသွားမှာဘဲ ဖြစ်ပါတယ်။

နည်းပညာအသစ်များနှင့် ဖန်တီးမှုအသစ်များကို ပြသစေခြင်းဖြင့် မြန်မာနိုင်ငံ၏ မော်တော်ယာဉ် ကဏ္ဍ ကို ပိုမိုအဆင့်မြင့်မားလာစေရန် ရည်ရွယ်ကျင်းပမည့် MYANAUTO 2018 ပြပွဲတွင် အကောင်းဆုံးသော မော်တော်ယာဉ်ဆိုင်ရာ နည်းပညာများကို ပြသသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကားချစ်သူများအနေ လက်မလွှတ်သင့်တဲ့ ကားပြပွဲကို သွားရောက်လေ့လာနိုင်ဖို့ အတွက် သတင်းကောင်းပါးလိုက်ပါတယ်။

 

Read times
Rate this item
(1 Vote)