Local Industry

ပြီးခဲ့သည့် ဇူလိုင်လအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ဖောက်စွပ်ကား ၁၇ စီးအထိ စစ်ဆေးတွေ့ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနမှ သိရသည်။
၂ဝ၂ဝ မိုဒယ် Hyundai Creta သည် Shwe Daehan Motor မှ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ် ထားသော Compact SUV ကား အမျိုးအစား ဖြစ်သည်။
အခွန်အကောက် ဥပဒေသစ်တွင် အထူးကုန်စည်ခွန်ကို ယခုဘဏာ နှစ်၏ အခွန်စည်းကြပ်မှုနှုန်းထား အတိုင်း ကောက်ခံရန် လျာထား ကြောင်း စီမံကိန်းနှင့်ဘဏာရေး ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။
၂ဝ၁၉ ခုနှစ်အတွက် ထုတ်ပြန်မည့် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေတွင် စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ဝင်ငွေများကို ကောက်ခံမည့် နှုန်းထားများအပေါ် စောင့်ကြည့်မှုများရှိနေသည်။
အောက်တိုဘာတစ်ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့အတွင်း City Taxi အဖြစ် မှတ်ပုံမတင်ရသေးသော ကားများ ဝင်ရောက် ပြေးဆွဲနေခြင်းကို ပိုမိုကြပ်မတ်စွာ စစ်ဆေး၍ ဖမ်းဆီးအရေးယူမှုကို ပြုလုပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
'မိမိတို့ရဲ့ ကားတွေညစ်ပတ်နေတဲ့အခါ ကိုယ်တိုင်လည်းမဆေးချင်၊ ကားရေဆေးဆိုင်သွားဖို့ဆိုရင်လည်း အချိန်မရတာတွေ၊ ကားလမ်းပိတ်လို့ လမ်းမှာပဲ အချိန်ကုန်သွားမှာကြောင့် ဆိုင်မသွားချင်တဲ့သူတွေအတွက် မိမိတို့ကားရှိတဲ့နေရာကို လာပြီး ကားရေဆေးပေးတဲ့ ဝန်ဆောင်မှုတစ်ခုဈေးကွက်ကို ဝင်ရောက်လာပါတယ်။
Capital Automotive သည် ဆန်းသစ်သည့်နည်းပညာများ ဖြည့်ဆည်းထားသည့် 2019 New Range Rover Evoque ကို ဇူလိုင်(၂၆)ရက်နေ့က မိတ်ဆက်ပြသသွားခဲ့သည်။
၂ဝ၁၉ ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေတွင် စည်းကြပ်မှု လွတ်ကင်းနေသည့်ငွေဖြင့် မော် တော်ယာဉ်ဝယ်ယူပါက ကျပ်သိန်း တစ်ထောင်အထိကို ၃ ရာခိုင်နှုန်း သာကောက်ခံရန် စီမံကိန်းနှင့် ဘဏာရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ဒုတိယအကြိမ် ပြည်ထောင်စု လွတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်း အဝေး နဝမနေ့တွင် တင်ပြခဲ့ကြောင်း သိရသည်။
တနင်္လာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့ရှိ နေရာတချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသလို နိုင်ငံတစ်ဝန်း မိုးရွားသွန်းမှုများသောကြောင့် ယခုရက်ပိုင်းအတွင်း နယ်အဝယ်များ အဆင်းနည်းသွားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်း ပြေးဆွဲနေသည့် နယ်လိုင်စင် တက္ကစီများကို ထိန်းချုပ်ကန့် သတ်ရန် ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကုန်း လမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန (လုပ်ငန်းလိုင်စင်ဌာန)နှင့် YRTA တို့ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။