International



ကော့စမက်တစ်လုပ်ငန်းရှင် ကိုယ်ဟန်ပြမယ် ကိုင်လီ ဂျန်နာ (Kylie Jenner) ပိုင်ဆိုင်တဲ့ ကားများ

ကော့စမက်တစ်လုပ်ငန်းရှင် ကိုယ်ဟန်ပြမယ် ကိုင်လီ ဂျန်နာ (Kylie Jenner) ပိုင်ဆိုင်တဲ့ ကားများ google

ကော့စမက်တစ်လုပ်ငန်းရှင် ကိုယ်ဟန်ပြမယ် ဘီလျံနာ ကိုင်လီ ဂျန်နာ Kylie Jenner က အမေရိကန်ဒေါ်လာ ၃ ဘီလျံတန်တဲ့ ဗျူဂါတီ Bugatti ကို ရိုက်ပြထားတဲ့ ဗီဒီယိုကို အင်စတာဂရမ်မှာ တင်ပြလိုက်ပြီးတဲ့အခါ ချမ်းသာပုံကို ကြွားဝါတာအတွက် ဝိုင်းဝေဖန်တာကို ခံရလို့ အဲဒီ ဗီဒီယိုကို ပြန်ဖျက်ချခဲ့ရတယ်။

တကယ်တော့ ဈေးခေါင်ခိုက်တဲ့ ကားတွေ သူ့မှာ အများအပြား ရှိတဲ့အထဲမှ တစ်စီးကို တင်ပြလိုက်တာသာ ဖြစ်ပါတယ်။ သူ့ကားတွေကို အင်စတာဂရမ်မှာ အလျဉ်းသင့်သလို တင်ပြနေကျလည်း ဖြစ်ပါတယ်။ တကယ်တော့ဘီလျံနာ ကိုင်လီ ဂျန်နာဟာ ကားအကောင်းစားတွေကို ဝါသနာအလျောက် စုဆောင်းတတ်သူ တစ်ဦး ဖြစ်ပါတယ်။

 

 

Kylie Jenner ဟာ မွေးချင်းတွေထဲမှာ အငယ်ဆုံးသမီးဖြစ်ပြီး Forbes ရဲ့အဆိုအရ အသားတင်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဘီလျံ ထိုက်တန်သူ ဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ်မှာ ဘီလျံနာအဖြစ် ရောက်ရှိခဲ့တာ ဖြစ်တဲ့အပြင် အမွေရပြီး သူဌေးဖြစ်တာမျိုး မဟုတ်ဘဲ ကိုယ်စွမ်းကိုယ်စဖြင့် ချမ်းသာလာခဲ့တဲ့သူ ဖြစ်ပါတယ်။ သူရဲ့ ကြွယ်ဝမှု အများစုကို သူ့ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့ Kylie Cosmetics မှ ရရှိပါတယ်။ ကယ်လီဖိုးနီးယား တောင်ပိုင်းမှာ အိမ်ကြီးအိမ်ကောင်းတွေ ၀ယ်ယူထားတဲ့အပြင် ကားအကောင်းစားတွေကိုလည်း စုဆောင်းထားတာ စုစုပေါင်းတန်ဖိုးက အမေရိကန်ဒေါ်လာ ၁၄ သန်း ရှိမယ်လို့ ခန့်မှန်းထားကြပြီး အစပိုင်းမှာ တင်ပြခဲ့တဲ့ အမေရိကန်ဒေါ်လာ ၃ သန်းတန် ဗျူဂါတီလည်း အပါအ၀င် ဖြစ်ပါတယ်။ စိတ်တိုင်းကျ သတ်မှတ်ချက်တွေနဲ့ ထုတ်လုပ်ခိုင်းပြီး ၀ယ်ယူထားတဲ့ Rolls Royces ကားတွေလည်း ပါဝင်တယ်။

 

 

 

အင်စရာဂရမ်မှာ follower သန်း ၁၅၀ နီးပါး ရှိပြီး ဈေးကြီးကားကောင်းတွေ စုဆောင်းတဲ့အပြင် ဈေးကြီးတဲ့ လက်ပွေ့ အိတ် Hermès တွေလည်း စုဆောင်းသူ ဖြစ်ပါတယ်။ အဖြူရောင် Bugatti Chiron၊ လိမ္မော်ရောင် Lamborghini Aventador ၊ ရေခဲပြာရောင် Rolls Royces တို့စာ သူ့ရဲ့ ကားတွေထဲမှာ ထင်ရှားတဲ့ ကားတွေ ဖြစ်ပြီး စီးရေ အကန့်အသတ်နဲ့ ထုတ်လုပ်တဲ့ အိမ်စီးပြိုင်ကား LaFerrari Aperta ဟာ အမေရိကန်ဒေါ်လာ ၂.၂ သန်း တန်ပါတယ်။

 

 

 

အခုလို Bugatti ကားအသစ် ဗီဒီယိုကို ပြန်ဖျက်ချခဲ့ပေမဲ့ အင်စတာဂရမ်မှာ တင်ထားတဲ့ တခြားကားတွေရဲ့ ပုံတွေ၊ ဗီဒီယိုတွေကိုတော့ ဆက်လက်ထားရှိခဲ့ပါတယ်။

 

 

ကတ္တီပါနီမှိုင်းရောင် Mercedes G-Wagon တစ်စီးကိုလည်း ပိုင်ဆိုင်ပါတယ်။ ချစ်သူ Tyga က ၂၀၁၇ ခုနှစ်မှာ ကိုင်လီနဲ့ လမ်းခွဲကြတော့ ‘‘လမ်းခွဲလက်ဆောင်” အဖြစ် ကိုင်လီကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

 

 

အမည်းရောင် Mercedes G-Wagon တစ်စီးကိုလည်း ပိုင်ဆိုင်ပါသေးတယ်။

 

 

 

 

 

 

သူ့ရဲ့ ကားပိုင်ဆိုင်မှုအ၀၀ထဲမှာ Mercedes AMG G63 တွေလည်း ပါဝင်တယ်။ ၂၀၁၈ ခုနှစ်မှာ Mercedes AMG G63 တစ်စီးကို သူ ပိုင်ဆိုင်တဲ့ Lamborghini Aventador ရဲ့ လိမ္မော်ရောင် ဆေးပြန်မှုတ်စေခဲ့ပါတယ်။ ကားနှစ်စီး ဘေးချင်း ယှဉ်ရပ်ထားတဲ့ ဓာတ်ပုံကို အင်စတာဂရမ်မှာ တင်ပြခဲ့ပါတယ်။

 

 

လိမ္မော်ရောင် Lamborghini Aventador ဟ သူပိုင်ဆိုင်တဲ့ကားတွေထဲမှာ ထင်ရှားတဲ့ကားတစ်စီး ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄ သိန်း တန်ပါတယ်။

 

 

 

၂၀၁၈ ခုနှစ် မှာ ရှားပါးကား LaFerrari တစ်စီး ရရှိခဲ့တယ်။ သူနဲ့ တွဲနေတဲ့ Travis Scott က ပေးတာလို့ သတင်းထွက်ပေါ်တယ်။ မီးနေ၀င် လက်ဆောင် “push present” အဖြစ် ပေးအပ်တာလို့ ဆိုပါတယ်။ အဲဒီကား တန်ဖိုးက အနည်းဆုံး အမေရိကန်ဒေါ်လာ ၁.၄ သန်းဖြစ်ပါတယ်။ စီးရေ ၂၁၀ သာ ကန့်သတ်ထုတ်လုပ်ထားတဲ့ အိမ်စီးပြိုင်ကား ဖြစ်ပါတယ်။

 

 

 

 

သူ့မှာ Ferrari 458 Italia Spider တစ်စီးရှိပြီး စက်ရုံမှ ထုတ်လုပ်စဉ်က အဖြူရောင် ဖြစ်ပြီး သူက အပြာရောင် ဆေးပြန်မှုတ်ခဲ့ပါတယ်။

 

 

 

Ferrari 458 Italia Spider နောက်တစ်စီးကိုတော့ metallic ဆေးမှုတ်ခဲ့ပါတယ်။

 

 

 

ရှေးခေတ်ကား အဖြူရောင် Rolls Royce တစ်စီးကိုလည်း ပိုင်ဆိုင်ပါတယ်။ အဲဒါက သူ့ရဲ့ ၂၁ နှစ် မွေးနေ့မှာ Travis Scott က ပေးတဲ့ “မွေးနေ့လက်ဆောင်” ဖြစ်ပါတယ်။

 

 

 

ကတ္တီပါနီမှိုင်းရောင် Rolls Royce တစ်စီး ပိုင်ဆိုင်ပြီး သူပိုင်တဲ့ Mercedes G-Wagon နဲ့ အရောင်တူ ဖြစ်ပါတယ်။

 

 

 

သူ ပိုင်ဆိုင်တဲ့ ကြက်သွေးရောင် Rolls Royce Wraith က တန်ဖိုး အမေရိကန်ဒေါ်လာ သုံးသိန်း ၀န်းကျင် ရှိပါတယ်။

 

 

 

သူပိုင်ဆိုင်တဲ့ Rolls Royce တွေထဲမှာ အမည်းရောင်တစ်စီးလည်း ပါဝင်ပါတယ်။

 

 

 

 

 

၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ သတင်းဖြစ်သွားခဲ့တဲ့ကားက “dream car” အိပ်မက်ကား လို့ သူက အမည်ပေးထားတဲ့ ရေခဲပြာရောင် Rolls Royce ဖြစ်ပြီး သူ စိတ်တိုင်းကျ သတ်မှတ်ချက်များဖြင့် သီးသန့်မှာကြားဝယ်ယူခဲ့တာ ဖြစ်ပါတယ်။သူ့အမည် စာထိုးထားတယ်။

 

 

 

သူပိုင်ဆိုင်တဲ့ Rolls Royce တွေထဲမှာ အညိုရောင်သန်းတဲ့ မီးခိုးရောင်တစ်စီးလည်း ပါဝင်ပါတယ်။

 

 

ခန့်ထည်တဲ့ အမည်းရောင် Range Rover တစ်စီးလည်း ပိုင်ဆိုင်ပါသေးတယ်။

 

 

Myanmar Automobile Equipment Directory

Read times
Rate this item
(1 Vote)