International



အလိုအလျောက်မောင်းနှင်မှုစနစ်သုံး အတူတူမျှဝေစီးနင်းနိုင်မယ့် Cruise ကိုအကောင်အထည်ဖော်နေတဲ့ GM

အလိုအလျောက်မောင်းနှင်မှုစနစ်သုံး အတူတူမျှဝေစီးနင်းနိုင်မယ့် Cruise ကိုအကောင်အထည်ဖော်နေတဲ့ GM google

“စဥ္းစားၾကည့္ပါ။ တစ္ေယာက္ေယာက္က သယ္ယူပို႔ေဆာင္ေရး စနစ္အသစ္တစ္ခုကို တီထြင္လိုက္တယ္။ သူတီထြင္ထားတာကို အခုလို ရွင္းျပမယ္။

ဟိုဟိုဒီဒီ သြားဖို႔ နည္းလမ္းသစ္တစ္ခုကို ကၽြန္ေတာ္ ဒီဇိုင္းထုတ္ထားတယ္။ အဲဒီနည္းမွာ ႐ုပ္ႂကြင္းေလာင္စာနဲ႔ စြမ္းအားကို ယူထားၿပီး ေလထု ညစ္ညမ္းမႈေတာ့ ရွိေနတယ္။ ၿမိဳ႕ႀကီးေတြက လမ္းေတြေပၚမွာ ပိ္တ္ဆို႔ျခင္းေတြ ျဖစ္ေပၚေစမယ္။ သုံးတဲ့သူေတြ စိတ္မရွည္ အႀကိမ္ႀကိမ္ ျဖစ္ရမယ္။ အမွားအယြင္း တစ္ခ်က္ျပဳမိလို႔ လူေသတာလည္း ရွိမယ္။ အဲဒါ ကမာၻတစ္လႊားမွာ ႏွစ္စဥ္ လူတစ္သန္းေက်ာ္ကို ေသေစတယ္လို႔ သူက ရွင္းျပရင္ ခင္ဗ်ားက ႐ူးေနလားလို႔ ျပန္ေျပာမိမယ္”

 

အခုလို ေဟာေျပာခဲ့သူကေတာ့ General Motors Co. မွ ပိုင္ဆိုင္တဲ့ အလိုအေလ်ာက္ေမာင္းႏွင္တဲ့ကား ထုတ္လုပ္မယ့္ လုပ္ငန္းငယ္အသစ္တစ္ခုရဲ႕ စီအီးအို Dan Ammann ျဖစ္ပါတယ္။ စက္သုံးဆီျဖင့္ ပါဝါဖန္တီးၿပီး ေမာင္းႏွင္တဲ့ ကားေတြ ရွိသင့္တာထက္ ပိုမ်ားေနတာဟာ ေလထုညစ္ညမ္းျခင္း၊ ယာဥ္ေၾကာပိတ္ဆို႔ျခင္း၊ ယာဥ္တိုက္မႈ ျဖစ္ပြားျခင္းေတြ ေန႔စဥ္နဲ႔အမွ် ျဖစ္ေနတာေတြရဲ႕ ေနာက္ကြယ္မွ အေျခခံက်က်ျပႆနာတစ္ရပ္လို႔ သူက ရႈျမင္ပါတယ္။

 

ေန႔စဥ္အလုပ္တက္ဆင္းေနၾကသူေတြဟာ ကားအတူစီးၾကတဲ့စနစ္တစ္ခုခုျဖင့္ ကုစားေပးရမယ့္ အခ်ိန္အခါ ေရာက္ေနၿပီလို႔ သူက ဆိုပါတယ္။ ဒါေပမဲ့ အဲဒီစနစ္မွာ ဝိုင္း၀န္းပါ၀င္ၾကဖို႔ လိုၿပီး ေရရွည္ဆက္ထိန္းေပးထားႏိုင္ဖို႔လည္း လိုအပ္မယ္လို႔ သူက ဆိုပါတယ္။ အဲဒီအတြက္ ၀င္ေငြြရေအာင္ လုပ္ႏိုင္တဲ့ လုပ္ငန္းပုံစံ ဖန္တီးၾကရမယ္လို႔ သူက အၾကံျပဳပါတယ္။

 

သူက GM မွာ အႀကီးအမွဴးလုပ္ခဲ့စဥ္ကလည္း ဆီစားတဲ့ကားေတြကို GM က ထုတ္လုပ္ေနတာအတြက္ ေ၀ဖန္ေျပာၾကားခဲ့ဖူးပါတယ္။

 

GM အေနျဖင့္ လွ်ပ္စစ္ကား ထုတ္လုပ္ဖို႔ လုပ္ေဆာင္လ်က္ ရွိၿပီး လမ္းေပၚကို ခ်ျပဖို႔ေတာ့ လိုေသးတယ္လို႔ သတင္းေတြမွာ ေဖာ္ျပပါတယ္။ အဲဒီရည္ရြယ္ခ်က္အတြက္ တစ္ႏွစ္ကို အေမရိကန္ေဒၚလာ တစ္ဘီလ်ံ သုံးစြဲလ်က္ ရွိပါတယ္။ အခုလို ဘတ္ဂ်က္ အကုန္အက်ခံႏိုင္တာဟာ Chevrolet Tahoe SUV လို ကားေတြ ထုတ္လုပ္ေရာင္းခ်တာမွာ အျမတ္ႀကီးႀကီး ရရွိလို႔ ျဖစ္ပါတယ္။ အခုလို လွ်ပ္စစ္ကားဆီကို ဦးတည္ထားေပမဲ့လည္း ၂၀၂၁ ေမာ္ဒယ္ကို ထုတ္ျပတာမွာ လွ်ပ္စစ္ျဖင့္ ေမာင္းႏွင္ႏိုင္တဲ့ကား ပါမလာခဲ့ပါ။

 

Cruise အမည္ျဖင့္ ကားထုတ္လုပ္ဖို႔ စီမံကိန္းဟာ အလိုအေလ်ာက္ ေမာင္းႏွင္တဲ့ကားျဖစ္ၿပီး အတူေ၀မွ် စီးႏိုင္မယ့္ ၀န္ေဆာင္မႈ လုပ္ကိုင္ႏိုင္ေစဖို႔လည္း ရည္ရြယ္ခ်က္ ထားရွိပါတယ္။ ၂၀၁၉ ခုႏွစ္ အကုန္ပိုင္းမွာ ထုတ္လုပ္မယ္လို႔ ေၾကညာခဲ့ေပမဲ့လည္း လက္ရွိ အေျခအေနမွာေတာ့ ေမွ်ာ္တိုင္းေ၀းေနဆဲ ျဖစ္ပါတယ္။

 

Unicode

 

 

“စဉ်းစားကြည့်ပါ။ တစ်ယောက်ယောက်က သယ်ယူပို့ဆောင်ရေး စနစ်အသစ်တစ်ခုကို တီထွင်လိုက်တယ်။ သူတီထွင်ထားတာကို အခုလို ရှင်းပြမယ်။
 
ဟိုဟိုဒီဒီ သွားဖို့ နည်းလမ်းသစ်တစ်ခုကို ကျွန်တော် ဒီဇိုင်းထုတ်ထားတယ်။ အဲဒီနည်းမှာ ရုပ်ကြွင်းလောင်စာနဲ့ စွမ်းအားကို ယူထားပြီး လေထု ညစ်ညမ်းမှုတော့ ရှိနေတယ်။ မြို့ကြီးတွေက လမ်းတွေပေါ်မှာ ပိတ်ဆို့ခြင်းတွေ ဖြစ်ပေါ်စေမယ်။ သုံးတဲ့သူတွေ စိတ်မရှည် အကြိမ်ကြိမ် ဖြစ်ရမယ်။ အမှားအယွင်း တစ်ချက်ပြုမိလို့ လူသေတာလည်း ရှိမယ်။ အဲဒါ ကမ္ဘာတစ်လွှားမှာ နှစ်စဉ် လူတစ်သန်းကျော်ကို သေစေတယ်လို့ သူက ရှင်းပြရင် ခင်ဗျားက ရူးနေလားလို့ ပြန်ပြောမိမယ်”
 
အခုလို ဟောပြောခဲ့သူကတော့ General Motors Co. မှ ပိုင်ဆိုင်တဲ့ အလိုအလျောက်မောင်းနှင်တဲ့ကား ထုတ်လုပ်မယ့် လုပ်ငန်းငယ်အသစ်တစ်ခုရဲ့ စီအီးအို Dan Ammann ဖြစ်ပါတယ်။ စက်သုံးဆီဖြင့် ပါဝါဖန်တီးပြီး မောင်းနှင်တဲ့ ကားတွေ ရှိသင့်တာထက် ပိုများနေတာဟာ လေထုညစ်ညမ်းခြင်း၊ ယာဉ်ကြောပိတ်ဆို့ခြင်း၊ ယာဉ်တိုက်မှု ဖြစ်ပွားခြင်းတွေ နေ့စဉ်နဲ့အမျှ ဖြစ်နေတာတွေရဲ့ နောက်ကွယ်မှ အခြေခံကျကျပြဿနာတစ်ရပ်လို့ သူက ရှုမြင်ပါတယ်။
 
နေ့စဉ်အလုပ်တက်ဆင်းနေကြသူတွေဟာ ကားအတူစီးကြတဲ့စနစ်တစ်ခုခုဖြင့် ကုစားပေးရမယ့် အချိန်အခါ ရောက်နေပြီလို့ သူက ဆိုပါတယ်။ ဒါပေမဲ့ အဲဒီစနစ်မှာ ဝိုင်းဝန်းပါဝင်ကြဖို့ လိုပြီး ရေရှည်ဆက်ထိန်းပေးထားနိုင်ဖို့လည်း လိုအပ်မယ်လို့ သူက ဆိုပါတယ်။ အဲဒီအတွက် ဝင်ငွေရအောင် လုပ်နိုင်တဲ့ လုပ်ငန်းပုံစံ ဖန်တီးကြရမယ်လို့ သူက အကြံပြုပါတယ်။
 
သူက GM မှာ အကြီးအမှူးလုပ်ခဲ့စဉ်ကလည်း ဆီစားတဲ့ကားတွေကို GM က ထုတ်လုပ်နေတာအတွက် ဝေဖန်ပြောကြားခဲ့ဖူးပါတယ်။
 
GM အနေဖြင့် လျှပ်စစ်ကား ထုတ်လုပ်ဖို့ လုပ်ဆောင်လျက် ရှိပြီး လမ်းပေါ်ကို ချပြဖို့တော့ လိုသေးတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ အဲဒီရည်ရွယ်ချက်အတွက် တစ်နှစ်ကို အမေရိကန်ဒေါ်လာ တစ်ဘီလျံ သုံးစွဲလျက် ရှိပါတယ်။ အခုလို ဘတ်ဂျက် အကုန်အကျခံနိုင်တာဟာ Chevrolet Tahoe SUV လို ကားတွေ ထုတ်လုပ်ရောင်းချတာမှာ အမြတ်ကြီးကြီး ရရှိလို့ ဖြစ်ပါတယ်။ အခုလို လျှပ်စစ်ကားဆီကို ဦးတည်ထားပေမဲ့လည်း ၂၀၂၁ မော်ဒယ်ကို ထုတ်ပြတာမှာ လျှပ်စစ်ဖြင့် မောင်းနှင်နိုင်တဲ့ကား ပါမလာခဲ့ပါ။
 
Cruise အမည်ဖြင့် ကားထုတ်လုပ်ဖို့ စီမံကိန်းဟာ အလိုအလျောက် မောင်းနှင်တဲ့ကားဖြစ်ပြီး အတူဝေမျှ စီးနိုင်မယ့် ဝန်ဆောင်မှု လုပ်ကိုင်နိုင်စေဖို့လည်း ရည်ရွယ်ချက် ထားရှိပါတယ်။ ၂၀၁၉ ခုနှစ် အကုန်ပိုင်းမှာ ထုတ်လုပ်မယ်လို့ ကြေညာခဲ့ပေမဲ့လည်း လက်ရှိ အခြေအနေမှာတော့ မျှော်တိုင်းဝေးနေဆဲ ဖြစ်ပါတယ်။

 

 

 

Myanmar Automobile Equipment Directory

Read times
Rate this item
(2 votes)