International



Volkswagen ကို ဓာတ်ငွေ့ထုတ်လွှတ်မှု လိမ်လည်ဖော်ပြခဲ့မှုကြောင့် ကနေဒါအစိုးရ တရားစွဲ

Volkswagen ကို ဓာတ်ငွေ့ထုတ်လွှတ်မှု လိမ်လည်ဖော်ပြခဲ့မှုကြောင့် ကနေဒါအစိုးရ တရားစွဲ google

သဘာဝပတ္ဝန္းက်င္ညစ္ညမ္းမႈ မျဖစ္ေပၚေစရန္ ကားကုမၸဏီအားလံုးလိုက္နာရမည့္ emissions standard ကို လိမ္လည္ေဖာ္ျပခဲ့မႈေၾကာင့္ ဂ်ာမန္အေျခစုိက္ Volkswagen ကုိ ကေနဒါအစိုးရက တရားစြဲဆိုမႈျပဳလုပ္သြားမွာ ျဖစ္တယ္လို႔သိရွိရပါတယ္။

 

 

Volkswagen သည္ ကားမ်ား၏ ဓာတ္ေငြ႔ထုတ္လႊတ္မႈကို ေဆာ့ဖ္ဝဲလ္မ်ားအသံုးျပဳၿပီး လိမ္လည္ေဖာ္ျပကာ ႏိုင္ငံအတြင္း ကားမ်ားကို တရားမဝင္တင္သြင္းခဲ့သည္ဟု ကေနဒါ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ ရာသီဥတုေျပာင္းလဲျခင္း ေစာင့္ၾကည့္ေရးအဖြဲ႔ (ECCC) က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ယင္းထုတ္ျပန္မႈေၾကာင့္ volkswagen ကို ကေနဒါအစိုးရက တရားစြဲဆိုတာျဖစ္တယ္လို႔ သိရပါတယ္။

 

Volkswagen သည္ ကားအစီးေရ ၁၂၈,၀၀၀ ကုိ ၂၀၀၈ ခုႏွစ္နဲ႔ ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလအတြင္းက တရားမဝင္ တင္သြင္းခဲ့တာပါ။ အလားတူ ၂၀၁၇ ခုႏွစ္ မတ္လအတြင္းမွာလည္း ကားဝယ္သူမ်ားထံ ယင္းကဲ့သို႔ေရာင္းခ်ခဲ့မႈေၾကာင့္ အေမရိကန္ေဒၚလာ ၂ ဒသမ ၈ ဘီလီယံ ဒဏ္ေငြေပးေဆာင္ခဲ့ရသလို အျခားျပစ္ဒဏ္မ်ားလည္း ခ်မွတ္ခံခဲ့ရပါလို႔ သိရွိရပါတယ္။

 

Unicode

 

သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်ပေါ်စေရန် ကားကုမ္ပဏီအားလုံးလိုက်နာရမည့် emissions standard ကို လိမ်လည်ဖော်ပြခဲ့မှုကြောင့် ဂျာမန်အခြေစိုက် Volkswagen ကို ကနေဒါအစိုးရက တရားစွဲဆိုမှုပြုလုပ်သွားမှာ ဖြစ်တယ်လို့သိရှိရပါတယ်။
 
Volkswagen သည် ကားများ၏ ဓာတ်ငွေ့ထုတ်လွှတ်မှုကို ဆော့ဖ်ဝဲလ်များအသုံးပြုပြီး လိမ်လည်ဖော်ပြကာ နိုင်ငံအတွင်း ကားများကို တရားမဝင်တင်သွင်းခဲ့သည်ဟု ကနေဒါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲခြင်း စောင့်ကြည့်ရေးအဖွဲ့ (ECCC) က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ယင်းထုတ်ပြန်မှုကြောင့် volkswagen ကို ကနေဒါအစိုးရက တရားစွဲဆိုတာဖြစ်တယ်လို့ သိရပါတယ်။
 
Volkswagen သည် ကားအစီးရေ ၁၂၈,၀၀၀ ကို ၂၀၀၈ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းက တရားမဝင် တင်သွင်းခဲ့တာပါ။ အလားတူ ၂၀၁၇ ခုနှစ် မတ်လအတွင်းမှာလည်း ကားဝယ်သူများထံ ယင်းကဲ့သို့ရောင်းချခဲ့မှုကြောင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ ဒဏ်ငွေပေးဆောင်ခဲ့ရသလို အခြားပြစ်ဒဏ်များလည်း ချမှတ်ခံခဲ့ရပါလို့ သိရှိရပါတယ်။
 

 

Ref; europeautonews.com

 

Myanmar Automobile Euipment Directory

Read times
Rate this item
(1 Vote)