International



၂၀၂၀ တွင် စတင်ရောင်းချသွားမယ့် လျှပ်စစ်စွမ်းအင်သုံး Lexus ကားများ

၂၀၂၀ တွင် စတင်ရောင်းချသွားမယ့် လျှပ်စစ်စွမ်းအင်သုံး Lexus ကားများ google


 


 


 

Unicode

 

ဂျပန်အခြေစိုက် ကားကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Toyota ဟာ လျှပ်စစ်စွမ်းအင်သီးသန့်သုံး All Electric Lexus UX300e SUV ကားများကို ၂၀၂၀ ပြည့်နှစ်မှာ စတင်ရောင်းချသွားမှာဖြစ်တယ်လို့ ယင်းကားမိတ်ဆက်ပွဲမှာ ပြောကြားသွားခဲ့ပါတယ်။
 
Toyota ရဲ့လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Lexus ဟာ ၁၉၈၉ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှာ ရေးပန်းစားနေတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ ယခုအခါမှာတော့ သူတို့ရဲ့ ပထမဆုံး လျှပ်စစ်စွမ်းအင်သီးသန့်သုံး Electric ကားများကို စတင်ထုတ်လုပ်လာတာဖြစ်ပါတယ်။
 
ယင်းလျှပ်စစ်ကားများကို မြင်းကောင်ရေ ၂၀၁ ကောင်အား မော်တာကို 54.3 kilowatts ဘက်ထရီနဲ့ တွဲစပ်ထားပြီး ရှေ့ဘီးယက်စနစ်နဲ့ မောင်းနှင်ရမှာပါ။ ဘက်ထရီအားအပြည့်ဖြည့်ထားမယ်ဆိုရင်တော့ မိုင်နှစ်ရာကျော်အထိမောင်းနှင်နိုင်မှာပါ။
 
Toyota ဟာ ယင်းကားများကို ၂၀၂၀ အစောပိုင်းလောက်တွင် ဥရောပဈေးကွက်မှာ စတင်ရောင်းချသွားမှာဖြစ်သော်လည်း ဂျပန်ဈေးကွက်မှာတော့ ၂၀၂၁ မှသာရောင်းချသွားမယ်လို့ သိရပါတယ်။

 

 

 

 

Ref; Motor1.com

Read times
Rate this item
(1 Vote)