International



2020 Honda Fit မှာ ဘယ်လို လုပ်ဆောင်ချက်အသစ်တွေ မြင်တွေ့ရမှာလဲ?

2020 Honda Fit မှာ ဘယ်လို လုပ်ဆောင်ချက်အသစ်တွေ မြင်တွေ့ရမှာလဲ? google

2020 Honda Fit မှာ ဘယ်လို လုပ်ဆောင်ချက်အသစ်တွေ မြင်တွေ့ရမှာလဲ?


ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့လုံးဝမစိမ်းတဲ့ အပြင် လူတိုင်းနီးပါးစီးဖြစ်နေတဲ့ ကားတစ်စီးဖြစ်တဲ့ Honda Fit က သူတို့ရဲ့ 2020 Model ကို Release လုပ်ခဲ့ပြီးဖြစ်ပါတယ်။ ထွက်တာတော့ ၂ လလောက်ရှိပါပြီ။ ဒါပေမယ့် information မစုံလင်သေးတာကြောင့် မရေးဖြစ်သေးတာ ဖြစ်ပါတယ်။ အခု တစ်ခုချင်းစီကို ကျွန်တော်တို့ လိုက်ကြည့်လိုက်ရအောင်။


အပြင်ပိုင်း ကနေကြည့်ရင်လဲ အရင် ၂၀၁၉ model နဲ့မတူပဲအနည်းငယ် ကွဲပြားနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အရင်က အနည်းငယ်ညံ့တယ်လို့ သတ်မှတ်လို့ရတဲ့ သူ့ရဲ့ A-piller design ကြီးကို ဒီ model မှာ တော်တော် အဆင်ပြေအောင် ပြုလုပ်ပေးထားပါတယ်။ အရင် model တွေမှာ ကားရဲ့ 45 ဒီဂရီလောက်ကို ရုတ်တရက်ကြည့်လိုက်ရင် မြင်ကွင်းကို အနည်းငယ် block လုပ်ခံထားရတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ကားတစ်စီးလုံးကို မြင်ရပေမယ့် စက်ဘီးလို အရာမျိုးကို တစ်ခါတစ်ရံ မမြင်ရပါဘူး။ ဒီ Model မှာတော့ ကျေနပ်လောက်အောင် အဆင်ပြေစေပြီး ကျန်တဲ့ အပြင်ပိုင်း အသွင်အပြင်ကတော့ ယခင် ၂၀၁၉ model အတိုင်းအတူတူပါပဲ။


ဒါဆို ဒီ 2020 model မှာ ဘာထူးခြားတာရှိလဲ ဆိုရင် ဘာမှ သိပ်မရှိပါဘူး။ Honda က သူတို့ရဲ့ Fit Lineup ကို ကြီးကြီးမားမားပြောင်းလဲမှုမျိုး မပြုလုပ်သေးပဲ ယခင် model ကိုပဲ ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားခြင်းမျိုး ဖြစ်ပါတယ်။


သို့သော်… သင့်အနေနဲ့ Honda Fit 2020 ကို ဝယ်ယူမယ်ဆိုရင်တော့ ပြောပြစရာ အကြောင်းပြချက်ကောင်း ၂ ချက်ရှိပါတယ်။ ပထမ တစ်ချက်က သင့်အနေနဲ့ Auto Gear ပဲ မောင်းချင်သည် ဖြစ်စေ၊ Manual Gear မောင်းချင်သည် ဖြစ်စေ သင့်မှာ ရွေးချယ်စရာ ရှိနေမှာပါ။ နောက် တစ်ချက်ကတော့ OCT လို့ခေါ်တဲ့ touch screen ကြောင့်ပဲ ဖြစ်ပါတယ်။ 2020 Model ရဲ့ OCT မှာ Android ဖုန်းတွေ အတွက် Android Auto လို့ခေါ်တဲ့ နည်းပညာပါဝင်ပြီး ကြိုးမလိုပဲ သင့်ဖုန်းကိုချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ ဖုန်းပြောတာ၊ GPS ကြည့်တာ၊ သီချင်းနားထောင်တာ၊ Message ပို့တာကနေ ရာသီဥတုသတိပေးချက်အဆုံး ပြုလုပ်လို့ရပြီး ဖုန်းတစ်လုံးအတိုင်း အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်။ IOS ဖုန်းတွေအတွက်လည်း Apple Carplay လို့ခေါ်တဲ့ နည်းပညာပါဝင်ပါတယ်။


ပုံမှန်ဆို ရန်ကုန်လို ကားပိတ်တဲ့နေရာတွေမှာ Honda Fit စီးရတာ ပင်ပန်းပါတယ်။ သူ့ရဲ့ထိုင်ခုံက သက်တောင့်သက်သာ သိပ်မဖြစ်သလို အနားယူလို့မကောင်းပါဘူး။ ဒါပေမယ့် 2020 Model မှာတော့ ပိုမိုသက်တောင့်သက်သာရှိစေမယ့် ထိုင်ခုံတွေကို ထည့်သွင်းပေးထားတာကိုတွေ့ရမှာပါ။ ကောင်းမကောင်းကတော့ စီးကြည့်မှ သိရမှာပဲ။ မြန်မာနိုင်ငံကို ရောက်လာဖို့ အချိန်အနည်းငယ်စောင့်ရဦးမယ်ဆိုပေမယ့် ရောက်လာရင်တော့ သိန်း ၅၀၀ ဝန်းကျင်လောက်ဈေးရှိနိုင်ပါတယ်။


ဒီကားတွေကို Japan နိုင်ငံမှာပဲ ထုတ်ခဲ့တာ ဖြစ်ပြီး Fit တွေရဲ့ အစဉ်အလာအတိုင်းပဲ အကြမ်းခံပြီး ပစ္စည်းအများကြီးဆန့်တဲ့ ကားသေးလေး ဖြစ်နေဆဲပါပဲ။ မြင်းကောင်ရေအားကတော့ Manual Gear မှာ 130 hp ရှိပြီး၊ Auto မှာတော့ 128 hp ရှိပါတယ်။ Lineup ကတော့ ၄ မျိုးဖြစ်ပြီး LX, Sport, EX, EX-L ဆိုပြီး ရှိပါမယ်။


မြန်မာနိုင်ငံမှာ Fit စီးနေသူတွေ များစွာရှိပြီး တစ်ကယ့်ကို Low-budgets ကားတစ်စီးပါပဲ။ ခရီလမ်း အခက်အခဲကြောင့် အောက်ပိုင်းကိုင်ရတာလောက်ပဲ ရှိမှာပါ။ သိပ်ကြီးကြီးမားမား ပြင်စရာမလိုပဲ အကြမ်းခံတဲ့ ကားတစ်စီး အနေနဲ့ ဒီ 2020 Model မှာလဲ ဆက်လက်ရပ်တည်နေဦးမလား။ သင်ရော ဒီကားကို ဘယ်လိုမြင်လဲ ဆိုတာကို အောက်က comment မှာ ဝင်ရောက်ဆွေးနွေးသွားလို့ ရပါတယ်။ သြော်… မေ့တော့မလို့၊ ဒီကားက rating တော့ တော်တော်ကောင်းတယ်နော်။

 

Banner.png

 

Zawgyi


2020 Honda Fit မွာ ဘယ္လို လုပ္ေဆာင္ခ်က္အသစ္ေတြ ျမင္ေတြ႕ရမွာလဲ?


ကၽြန္ေတာ္တို႔ ျမန္မာႏိုင္ငံနဲ႔လံုး၀မစိမ္းတဲ့ အျပင္ လူတိုင္းနီးပါးစီးျဖစ္ေနတဲ့ ကားတစ္စီးျဖစ္တဲ့ Honda Fit က သူတို႔ရဲ႕ 2020 Model ကို Release လုပ္ခဲ့ၿပီးျဖစ္ပါတယ္။ ထြက္တာေတာ့ ၂ လေလာက္ရွိပါၿပီ။ ဒါေပမယ့္ information မစံုလင္ေသးတာေၾကာင့္ မေရးျဖစ္ေသးတာ ျဖစ္ပါတယ္။ အခု တစ္ခုခ်င္းစီကို ကၽြန္ေတာ္တို႔ လိုက္ၾကည့္လိုက္ရေအာင္။


အျပင္ပိုင္း ကေနၾကည့္ရင္လဲ အရင္ ၂၀၁၉ model နဲ႔မတူပဲအနည္းငယ္ ကြဲျပားေနတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။ အရင္က အနည္းငယ္ညံ့တယ္လို႔ သတ္မွတ္လို႔ရတဲ့ သူ႔ရဲ႕ A-piller design ႀကီးကို ဒီ model မွာ ေတာ္ေတာ္ အဆင္ေျပေအာင္ ျပဳလုပ္ေပးထားပါတယ္။ အရင္ model ေတြမွာ ကားရဲ႕ 45 ဒီဂရီေလာက္ကို ရုတ္တရက္ၾကည့္လိုက္ရင္ ျမင္ကြင္းကို အနည္းငယ္ block လုပ္ခံထားရတာကိုေတြ႕ရမွာ ျဖစ္ပါတယ္။ ကားတစ္စီးလံုးကို ျမင္ရေပမယ့္ စက္ဘီးလို အရာမ်ိဳးကို တစ္ခါတစ္ရံ မျမင္ရပါဘူး။ ဒီ Model မွာေတာ့ ေက်နပ္ေလာက္ေအာင္ အဆင္ေျပေစၿပီး က်န္တဲ့ အျပင္ပိုင္း အသြင္အျပင္ကေတာ့ ယခင္ ၂၀၁၉ model အတိုင္းအတူတူပါပဲ။


ဒါဆို ဒီ 2020 model မွာ ဘာထူးျခားတာရွိလဲ ဆိုရင္ ဘာမွ သိပ္မရွိပါဘူး။ Honda က သူတို႔ရဲ႕ Fit Lineup ကို ႀကီးႀကီးမားမားေျပာင္းလဲမႈမ်ိဳး မျပဳလုပ္ေသးပဲ ယခင္ model ကိုပဲ ပိုမိုေကာင္းမြန္ေအာင္ ျပဳလုပ္ထားျခင္းမ်ိဳး ျဖစ္ပါတယ္။


သို႔ေသာ္… သင့္အေနနဲ႔ Honda Fit 2020 ကို ၀ယ္ယူမယ္ဆိုရင္ေတာ့ ေျပာျပစရာ အေၾကာင္းျပခ်က္ေကာင္း ၂ ခ်က္ရွိပါတယ္။ ပထမ တစ္ခ်က္က သင့္အေနနဲ႔ Auto Gear ပဲ ေမာင္းခ်င္သည္ ျဖစ္ေစ၊ Manual Gear ေမာင္းခ်င္သည္ ျဖစ္ေစ သင့္မွာ ေရြးခ်ယ္စရာ ရွိေနမွာပါ။ ေနာက္ တစ္ခ်က္ကေတာ့ OCT လို႔ေခၚတဲ့ touch screen ေၾကာင့္ပဲ ျဖစ္ပါတယ္။ 2020 Model ရဲ႕ OCT မွာ Android ဖုန္းေတြ အတြက္ Android Auto လို႔ေခၚတဲ့ နည္းပညာပါ၀င္ၿပီး ႀကိဳးမလိုပဲ သင့္ဖုန္းကိုခ်ိတ္ဆက္ႏိုင္မွာ ျဖစ္ပါတယ္။ ဖုန္းေျပာတာ၊ GPS ၾကည့္တာ၊ သီခ်င္းနားေထာင္တာ၊ Message ပို႔တာကေန ရာသီဥတုသတိေပးခ်က္အဆံုး ျပဳလုပ္လို႔ရၿပီး ဖုန္းတစ္လံုးအတိုင္း အသံုးျပဳလို႔ ရမွာ ျဖစ္ပါတယ္။ IOS ဖုန္းေတြအတြက္လည္း Apple Carplay လို႔ေခၚတဲ့ နည္းပညာပါ၀င္ပါတယ္။


ပံုမွန္ဆို ရန္ကုန္လို ကားပိတ္တဲ့ေနရာေတြမွာ Honda Fit စီးရတာ ပင္ပန္းပါတယ္။ သူ႔ရဲ႕ထိုင္ခံုက သက္ေတာင့္သက္သာ သိပ္မျဖစ္သလို အနားယူလို႔မေကာင္းပါဘူး။ ဒါေပမယ့္ 2020 Model မွာေတာ့ ပိုမိုသက္ေတာင့္သက္သာရွိေစမယ့္ ထုိင္ခံုေတြကို ထည့္သြင္းေပးထားတာကိုေတြ႕ရမွာပါ။ ေကာင္းမေကာင္းကေတာ့ စီးၾကည့္မွ သိရမွာပဲ။ ျမန္မာႏိုင္ငံကို ေရာက္လာဖို႔ အခ်ိန္အနည္းငယ္ေစာင့္ရဦးမယ္ဆိုေပမယ့္ ေရာက္လာရင္ေတာ့ သိန္း ၅၀၀ ၀န္းက်င္ေလာက္ေစ်းရွိႏိုင္ပါတယ္။


ဒီကားေတြကို Japan ႏိုင္ငံမွာပဲ ထုတ္ခဲ့တာ ျဖစ္ၿပီး Fit ေတြရဲ႕ အစဥ္အလာအတိုင္းပဲ အၾကမ္းခံၿပီး ပစၥည္းအမ်ားႀကီးဆန္႔တဲ့ ကားေသးေလး ျဖစ္ေနဆဲပါပဲ။ ျမင္းေကာင္ေရအားကေတာ့ Manual Gear မွာ 130 hp ရွိၿပီး၊ Auto မွာေတာ့ 128 hp ရွိပါတယ္။ Lineup ကေတာ့ ၄ မ်ိဳးျဖစ္ၿပီး LX, Sport, EX, EX-L ဆိုၿပီး ရွိပါမယ္။


ျမန္မာႏိုင္ငံမွာ Fit စီးေနသူေတြ မ်ားစြာရွိၿပီး တစ္ကယ့္ကို Low-budgets ကားတစ္စီးပါပဲ။ ခရီလမ္း အခက္အခဲေၾကာင့္ ေအာက္ပိုင္းကိုင္ရတာေလာက္ပဲ ရွိမွာပါ။ သိပ္ႀကီးႀကီးမားမား ျပင္စရာမလိုပဲ အၾကမ္းခံတဲ့ ကားတစ္စီး အေနနဲ႔ ဒီ 2020 Model မွာလဲ ဆက္လက္ရပ္တည္ေနဦးမလား။ သင္ေရာ ဒီကားကို ဘယ္လိုျမင္လဲ ဆိုတာကို ေအာက္က comment မွာ ၀င္ေရာက္ေဆြးေႏြးသြားလို႔ ရပါတယ္။ ေၾသာ္… ေမ့ေတာ့မလို႔၊ ဒီကားက rating ေတာ့ ေတာ္ေတာ္ေကာင္းတယ္ေနာ္။

 

CAR SERVICING EQUIPMENT ႏွင့္ဆိုင္ေသာ လုပ္ငန္း ၂၄ ခုကိုရွာေဖြရန္ ဤေနရာကိုႏွိပ္ပါ။

 

Myanmar Automobile Equipment Directory

Read times
Rate this item
(1 Vote)