International
Toyota Tundra တစ်စီးနဲ့ ပိုးသတ်ဆေးတွေ လိုက်ဖြန်းနေတဲ့ ထူခြားအဖြစ်အပျက်တစ်ခု
Toyota Tundra တစ်စီးနဲ့ ပိုးသတ်ဆေးတွေ လိုက်ဖြန်းနေတဲ့ ထူခြားအဖြစ်အပျက်တစ်ခု google
Toyota Tundra တစ်စီးနဲ့ ပိုးသတ်ဆေးတွေ လိုက်ဖြန်းနေတဲ့ ထူခြားအဖြစ်အပျက်တစ်ခု
ယခုအချိန်တွင် လူသားများအတွက် အဆိုးရွားဆုံး ကပ်ဘေးကြီးကြုံတွေ့နေရသော်လည်း အဆိုးထဲမှအကောင်းဆိုရလျှင် လူသားတို့၏ ချစ်ခြင်းမေတ္တာ၊ ကြင်နာစိတ်တို့ကို ဖော်ထုတ်ပြသရန် အချိန်ကောင်းတစ်ခုပင်ဖြစ်သည်။ လက်တစ်ဖက်မှာ ကျန်းမာရေးအသိဉာဏ်တွေ၊ အသက်ရှုကြောင်း အကာအကွယ် Mask တွေ ရှိနေတယ်ဆိုရင် အခြားလက်တစ်ဖက်မှာတော့ လူတွေကို အကူအညီပေးခြင်း၊ လူတွေကို ပျော်ရွှင်စေခြင်းနှင့် တတ်စွမ်းသလို ကူညီပေးခြင်းများ ရှိနေမည် ဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံရှိ Metro Manila မြို့ပတ်ပတ်လည်တွင် ပိုးသတ်ဆေး ဖြန်းနေသော Toyota Tundra ကားတစ်စီးကို တွေ့ရမည်ဖြစ်ပြီး ထိုကားရဲ့ ပိုင်ရှင်ကတော့ Jojo Soliman လို့ခေါ်တဲ့ လူတစ်ယောက်ပဲ ဖြစ်ပါတယ်။ Tundra Truck ရဲ့ နောက်မှာ ကွန်တိန်နာ ၂ ခုပါဝင်ပြီး ၂ ကန်စလုံးတွင် ကျန်းမာရေး ဦးစီးဌာနမှ အသိအမှတ်ပြုထားသည့်အတိုင်း ရေ 1,000 လီတာကို Clorox 1.5% နဲ့ရောနှောထားသည့် ပိုးသတ်ဆေး ပါရှိသည်။
“ဆရာဝန်တွေ ပြောကြားချက်အရတော့ ဒီ virus က လေထဲက တစ်ဆင့်မကူးဘူးဆိုပေမယ့် လေထဲမှာ ရှိတဲ့ တစ်ခြား ဘတ်တီးရီယားတွေ၊ virus တွေကို နည်းနည်းလေးဖြစ်ဖြစ် ရှင်းထုတ်လို့ရသွားတာပေါ့ဗျာ…။ ဒီလိုအခြေအနေမှာ ကျနော်တို့ ကူညီနိုင်တာက နည်းနည်းလေး ဖြစ်ပေမယ့် အကူအညီမဖြစ်တာထက်စာရင် ပိုကောင်းပါသေးတယ်” လို့ သူတို့က ပြောပါတယ်။
Banner.png
Zawgyi
DYNAMOS, MOTORS နှင့်ဆိုင်သော လုပ်ငန်း ၃၄၂ ခုကိုရှာဖွေရန် ဤနေရာကိုနှိပ်ပါ။
Myanmar Automobile Equipment Directory
Read times
Rate this item
(3 votes)