International



Lexus ဆိုတဲ့ နာမည်တစ်လုံး ဖြစ်လာစေခဲ့တဲ့ တစ်ခုတည်းသော လျှို့ဝှက်ချက်

Lexus ဆိုတဲ့ နာမည်တစ်လုံး ဖြစ်လာစေခဲ့တဲ့ တစ်ခုတည်းသော လျှို့ဝှက်ချက် google

Lexus ဆိုတဲ့ နာမည်တစ်လုံး ဖြစ်လာစေခဲ့တဲ့ တစ်ခုတည်းသော လျှို့ဝှက်ချက်

Toyota ၏ ဥက္ကဌ Akio Toyoda က Lexus Brand ရဲ့ နှစ် ၃၀ ပြည့်နှစ်အထိမ်းအမှတ် အနေနဲ့ Campaign video တစ်ခု ဖန်တီးခဲ့ပါတယ်။ အဲ့သည် video ထဲမှာ Lexus LS 500 ရဲ့ ကားအင်ဂျင်ပေါ်သို့ ဖန်ခွက်နန်းတော် တည်ဆောက်ပြီး ကားကိုစက်နှိုးပြခဲ့ခြင်း ဖြစ်ပါတယ်။


LS 400 နဲ့ ကားထုတ်လုပ်ရေးလောကကို ဝင်ရောက်လာခဲ့တဲ့ Lexus Brand ဟာ အခုဆိုရင် နှစ် ၃၀ ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်၊Lexus ကုမ္ပဏီကို စတင်တည်ထောင်စဉ်က Toyota ကုမ္ပဏီ ဥက္ကဌကို သူ့ဝန်ထမ်းတွေ ကိုယ်တိုင်က သူဌေးကတော့ မဖြစ်နိုင်တာတွေကို လျှောက်ပြောပြီး မျှော်လင့်နေပြန်ပြီလို့ ပြောခဲ့ကြသော်လည်း LS 400 ထွက်လာတဲ့အခါမှာတော့ ကုမ္ပဏီက လူတွေရော၊ ဆရာကြီးတွေလို နေနေတဲ့ အနောက်တိုင်း ကားကုမ္ပဏီတွေကပါ အလွန်အံ့အား သင့်ခဲ့ရပြီး ဘာမှမပြောနိုင်အောင် ဖြစ်ခဲ့ရတယ်။ LS 400 ရဲ့ အင်ဂျင်လည်ပတ်မှုဟာ ချောမွေ့လွန်းတာကြောင့် Reviewer တွေအကုန်လုံး အခြား အနောက်တိုင်း နာမည်ကြီးကားတွေနဲ့ ယှဉ်ပြကြတဲ့အထိကို ဟုန်းဟုန်းကျော်ခဲ့တာ ဖြစ်ပါတယ်။ LS 400 ပေါ်မှာ တင်ထားတဲ့ ဖန်ခွက်က ငြိမ်နေပြီး၊ အခြားကားတွေမှာတော့ လှုပ်ခါနေခဲ့ပါတယ်။ အဲ့လို ထူးခြားချက်တွေကြောင့်ပဲ Mercedes ကတောင် LS 400 နှစ်စီး ဝယ်ယူပြီးပြန်လည် လေ့လာခဲ့ရသလို LS ရဲ့ quality မျိုးရအောင် သူတို့ရဲ့ ထုတ်လုပ်မှု operation ပုံစံတွေကိုတောင် ပြောင်းလဲလိုက်ရတဲ့ အထိပါပဲ။ ဒီ Campaign မှာ ဖန်ခွက်တွေကို ကား အင်ဂျင်ပေါ်တင်ပြီး နင်းပြခဲ့တာကြောင့် LS 400 ဟာ ကမ္ဘာကျော်ခဲ့ပြီး ဒီနေ့ဒီချိန်အထိ Lexus ဆိုတဲ့ နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အခု နှစ် (၃၀) ပြည့်တဲ့ အချိန်မှာလဲ အရင်တုန်းကအတိုင်း ပြန်လည်လုပ်ဆောင်ပြခဲ့ပြီး Lexus ရဲ့ အရည်အသွေးကို ထိန်းသိမ်းထားနိုင်စွမ်းကို ပြသခဲ့ပါတယ်။

 


ယခင်က LS 400 Campaign ကို အောက်မှာ ကြည့်ပါ။

 

Zawgyi


Lexus ဆိုတဲ့ နာမည္တစ္လုံး ျဖစ္လာေစခဲ့တဲ့ တစ္ခုတည္းေသာ လွ်ိဳ႕ဝွက္ခ်က္

Toyota ၏ ဥကၠဌ Akio Toyoda က Lexus Brand ရဲ႕ ႏွစ္ ၃၀ ျပည့္ႏွစ္အထိမ္းအမွတ္ အေနနဲ႔ Campaign video တစ္ခု ဖန္တီးခဲ့ပါတယ္။ အဲ့သည္ video ထဲမွာ Lexus LS 500 ရဲ႕ ကားအင္ဂ်င္ေပၚသို႔ ဖန္ခြက္နန္းေတာ္ တည္ေဆာက္ၿပီး ကားကိုစက္ႏႈိးျပခဲ့ျခင္း ျဖစ္ပါတယ္။


LS 400 နဲ႔ ကားထုတ္လုပ္ေရးေလာကကို ဝင္ေရာက္လာခဲ့တဲ့ Lexus Brand ဟာ အခုဆိုရင္ ႏွစ္ ၃၀ ျပည့္ခဲ့ၿပီျဖစ္ပါတယ္။ ၁၉၈၉ ခုႏွစ္၊Lexus ကုမၸဏီကို စတင္တည္ေထာင္စဥ္က Toyota ကုမၸဏီ ဥကၠဌကို သူ႔ဝန္ထမ္းေတြ ကိုယ္တိုင္က သူေဌးကေတာ့ မျဖစ္ႏိုင္တာေတြကို ေလွ်ာက္ေျပာၿပီး ေမွ်ာ္လင့္ေနျပန္ၿပီလို႔ ေျပာခဲ့ၾကေသာ္လည္း LS 400 ထြက္လာတဲ့အခါမွာေတာ့ ကုမၸဏီက လူေတြေရာ၊ ဆရာႀကီးေတြလို ေနေနတဲ့ အေနာက္တိုင္း ကားကုမၸဏီေတြကပါ အလြန္အံ့အား သင့္ခဲ့ရၿပီး ဘာမွမေျပာႏိုင္ေအာင္ ျဖစ္ခဲ့ရတယ္။ LS 400 ရဲ႕ အင္ဂ်င္လည္ပတ္မႈဟာ ေခ်ာေမြ႕လြန္းတာေၾကာင့္ Reviewer ေတြအကုန္လုံး အျခား အေနာက္တိုင္း နာမည္ႀကီးကားေတြနဲ႔ ယွဥ္ျပၾကတဲ့အထိကို ဟုန္းဟုန္းေက်ာ္ခဲ့တာ ျဖစ္ပါတယ္။ LS 400 ေပၚမွာ တင္ထားတဲ့ ဖန္ခြက္က ၿငိမ္ေနၿပီး၊ အျခားကားေတြမွာေတာ့ လႈပ္ခါေနခဲ့ပါတယ္။ အဲ့လို ထူးျခားခ်က္ေတြေၾကာင့္ပဲ Mercedes ကေတာင္ LS 400 ႏွစ္စီး ဝယ္ယူၿပီးျပန္လည္ ေလ့လာခဲ့ရသလို LS ရဲ႕ quality မ်ိဳးရေအာင္ သူတို႔ရဲ႕ ထုတ္လုပ္မႈ operation ပုံစံေတြကိုေတာင္ ေျပာင္းလဲလိုက္ရတဲ့ အထိပါပဲ။ ဒီ Campaign မွာ ဖန္ခြက္ေတြကို ကား အင္ဂ်င္ေပၚတင္ၿပီး နင္းျပခဲ့တာေၾကာင့္ LS 400 ဟာ ကမာၻေက်ာ္ခဲ့ၿပီး ဒီေန႔ဒီခ်ိန္အထိ Lexus ဆိုတဲ့ နာမည္တစ္လုံးနဲ႔ ရပ္တည္ႏိုင္ခဲ့ျခင္း ျဖစ္ပါတယ္။ အခု ႏွစ္ (၃၀) ျပည့္တဲ့ အခ်ိန္မွာလဲ အရင္တုန္းကအတိုင္း ျပန္လည္လုပ္ေဆာင္ျပခဲ့ၿပီး Lexus ရဲ႕ အရည္အေသြးကို ထိန္းသိမ္းထားႏိုင္စြမ္းကို ျပသခဲ့ပါတယ္။


ယခင္က LS 400 Campaign ကို အေပၚမွာ ၾကည့္ပါ။

 

AUDIO APPLIANCES ႏွင့္ဆိုင္ေသာ လုပ္ငန္း ၁၀၅ ခုကိ္ုရွာေဖြရန္ ဤေနရာကိုႏွိပ္ပါ။

 

Myanmar Automobile Equipment Directory

 

Banner.png

Read times
Rate this item
(4 votes)