International



မိုင်ပေါင်း ငါးသိန်းကျော် မောင်းနှင်ပြီးသည့်တိုင် ပြုပြင်မွန်းမံစရာမလိုခဲ့တဲ့ 2011 Honda Civic

မိုင်ပေါင်း ငါးသိန်းကျော် မောင်းနှင်ပြီးသည့်တိုင် ပြုပြင်မွန်းမံစရာမလိုခဲ့တဲ့ 2011 Honda Civic google

မိုင်ပေါင်း ငါးသိန်းကျော် မောင်းနှင်ပြီးသည့်တိုင် ပြုပြင်မွန်းမံစရာမလိုခဲ့တဲ့ 2011 Honda Civic

 

ကားတစ်စီးအပေါ် သင် ဘယ်လောက်ထိယုံကြည်စိတ်ချနိုင်သလဲ။


ကားတစ်စီးအတွက် ယုံကြည်စိတ်ချမှုဆိုသည်မှာ အဘယ်နည်း။ ပုံမှန်အားဖြင့်တော့ ကားတစ်စီးကို မည်သည့်ပြဿနာမှ မကြုံတွေ့ရပဲ နာရီပေါင်းများစွာ၊ မိုင်ပေါင်းများစွာ မောင်းနှင်နိုင်ခြင်းကိုပဲ ကားအပေါ် စိတ်ချလို့ရသည့် အတိုင်းအတာကို အကြမ်းဖျင်းတွက်ချက်လေ့ရှိပါသည်။

ဒါကိုပဲ ကားအပေါ် ထားရှိသည့် လူတွေ၏ ယုံကြည်မှုလို့လည်း ပြော၍ရသည်။


ယခင်က စစ်ဆေးခဲ့သော ရလာဒ်များအရ “မိုင်ပေါင်း ၂ သိန်းကျော်အထိ စိတ်ချလက်ချ မောင်းနှင်၍ရသော ကားများ” အစီရင်ခံစာတွင် Honda, Toyota, Ford နှင့် Chevy ကဲ့သို့သော အမှတ်တံဆိပ်များ ပါဝင်ခဲ့သည်။


ISeeCars မှ စစ်ဆေးချက်များအရ SUVs များတွင်တော့ Sequoia သည်မိုင်ပေါင်း နှစ်သိန်းအထိ ရောက်ရှိခဲ့သောကြောင့် ချီးကျူးခံခဲ့ရပြီး ထိုစာရင်းတွင် ပါဝင်သော တစ်ခုတည်းသော sedan ကားမှာ Toyota Avalon ပင်ဖြစ်သည်။ သို့သော်လည်း ထို စာရင်းတွင် Honda Civic မပါဝင်ခဲ့ချေ။


Raddit မှာ ဖော်ပြခဲ့သော သတင်းနှင့်အတူ တွဲလျက်ပါရှိသော Youtube video တွင် 2011 Honda Civic ပိုင်ရှင်တစ်ဦးသည် ၎င်း၏ကားသည်ချို့ယွင်းမှုကြီးကြီးမားမားမရှိပဲ မိုင်ပေါင်း ငါးသိန်းကျော် မောင်းနှင်လို့ရကြောင်းကို ပြသခဲ့သည်။ ထိုကားသည် 2011 ဆွီဒင်နိုင်ငံထုတ်ဖြစ်ပြီး LX sedan ကား Honda Civic ဖြစ်ပြီး ယခုပိုင်ရှင်သည် ယခင်ပိုင်ရှင်ထံမှ ၂၀၁၅ ခုနှစ်က မိုင်ပေါင်း ၃၂,၀၀၀ ဖြင့်ဝယ်ယူခဲ့ခြင်း ဖြစ်သည်။


ကားပိုင်ရှင်ရဲ့ ပြောကြားမှုတွေအရတော့ သူက မိုင်ပေါင်း ၄ သောင်းမောင်းနှင်ပြီးတိုင်း ဂီယာဝိုင်လဲခဲ့ပြီး မိုင်ပေါင်း ၁၀,၀၀၀ ကနေ ၁၂,၀၀၀ ကြားရောက်တိုင်း အင်ဂျင်ဝိုင်လဲတယ်လို့ ဆိုပါတယ်။

 

Banner.png

 

Zawgyi


မိုင္ေပါင္း ငါးသိန္းေက်ာ္ ေမာင္းႏွင္ၿပီးသည့္တိုင္ ျပဳျပင္မြန္းမံစရာမလိုခဲ့တဲ့ 2011 Honda Civic

 

ကားတစ္စီးအေပၚ သင္ ဘယ္ေလာက္ထိယံုၾကည္စိတ္ခ်ႏိုင္သလဲ။


ကားတစ္စီးအတြက္ ယံုၾကည္စိတ္ခ်မႈဆိုသည္မွာ အဘယ္နည္း။ ပံုမွန္အားျဖင့္ေတာ့ ကားတစ္စီးကို မည္သည့္ျပႆနာမွ မၾကံဳေတြ႕ရပဲ နာရီေပါင္းမ်ားစြာ၊ မိုင္ေပါင္းမ်ားစြာ ေမာင္းႏွင္ႏိုင္ျခင္းကိုပဲ ကားအေပၚ စိတ္ခ်လို႔ရသည့္ အတိုင္းအတာကို အၾကမ္းဖ်င္းတြက္ခ်က္ေလ့ရွိပါသည္။ ဒါကိုပဲ ကားအေပၚ ထားရွိသည့္ လူေတြ၏ ယံုၾကည္မႈလို႔လည္း ေျပာ၍ရသည္။


ယခင္က စစ္ေဆးခဲ့ေသာ ရလာဒ္မ်ားအရ “မိုင္ေပါင္း ၂ သိန္းေက်ာ္အထိ စိတ္ခ်လက္ခ် ေမာင္းႏွင္၍ရေသာ ကားမ်ား” အစီရင္ခံစာတြင္ Honda, Toyota, Ford ႏွင့္ Chevy ကဲ့သို႔ေသာ အမွတ္တံဆိပ္မ်ား ပါ၀င္ခဲ့သည္။


ISeeCars မွ စစ္ေဆးခ်က္မ်ားအရ SUVs မ်ားတြင္ေတာ့ Sequoia သည္မိုင္ေပါင္း ႏွစ္သိန္းအထိ ေရာက္ရွိခဲ့ေသာေၾကာင့္ ခ်ီးက်ဴးခံခဲ့ရၿပီး ထိုစာရင္းတြင္ ပါ၀င္ေသာ တစ္ခုတည္းေသာ sedan ကားမွာ Toyota Avalon ပင္ျဖစ္သည္။ သို႔ေသာ္လည္း ထို စာရင္းတြင္ Honda Civic မပါ၀င္ခဲ့ေခ်။


Raddit မွာ ေဖာ္ျပခဲ့ေသာ သတင္းႏွင့္အတူ တြဲလ်က္ပါရွိေသာ Youtube video တြင္ 2011 Honda Civic ပိုင္ရွင္တစ္ဦးသည္ ၄င္း၏ကားသည္ခ်ိဳ႕ယြင္းမႈႀကီးႀကီးမားမားမရွိပဲ မိုင္ေပါင္း ငါးသိန္းေက်ာ္ ေမာင္းႏွင္လို႔ရေၾကာင္းကို ျပသခဲ့သည္။ ထိုကားသည္ 2011 ဆြီဒင္ႏိုင္ငံထုတ္ျဖစ္ၿပီး LX sedan ကား Honda Civic ျဖစ္ၿပီး ယခုပိုင္ရွင္သည္ ယခင္ပိုင္ရွင္ထံမွ ၂၀၁၅ ခုႏွစ္က မိုင္ေပါင္း ၃၂,၀၀၀ ျဖင့္၀ယ္ယူခဲ့ျခင္း ျဖစ္သည္။


ကားပိုင္ရွင္ရဲ႕ ေျပာၾကားမႈေတြအရေတာ့ သူက မိုင္ေပါင္း ၄ ေသာင္းေမာင္းႏွင္ၿပီးတိုင္း ဂီယာ၀ိုင္လဲခဲ့ၿပီး မိုင္ေပါင္း ၁၀,၀၀၀ ကေန ၁၂,၀၀၀ ၾကားေရာက္တုိင္း အင္ဂ်င္၀ိုင္လဲတယ္လို႔ ဆိုပါတယ္။

 

DOOR LOCK SYSTEM REPAIRING ႏွင့္ဆိုင္ေသာ လုပ္ငန္း ၃၆ ခုကိုရွာေဖြရန္ ဤေနရာကိုႏွိပ္ပါ။

 

Myanmar Automobile Equipment Directory

Read times
Rate this item
(1 Vote)