International



တရုတ်နိုင်ငံမှ ကားပစ္စည်းအစိတ်အပိုင်းများ ပြတ်လပ်မှုကြောင့် ကမ္ဘာ့ကားစက်ရုံကြီးများ အခက်အခဲကြုံတွေ့နေ

တရုတ်နိုင်ငံမှ ကားပစ္စည်းအစိတ်အပိုင်းများ ပြတ်လပ်မှုကြောင့် ကမ္ဘာ့ကားစက်ရုံကြီးများ အခက်အခဲကြုံတွေ့နေ google

တရုတ်နိုင်ငံမ ကားပစ္စည်းအစိတ်အပိုင်းများ ပြတ်လပ်မုကြောင့် ကမ္ဘာ့ကားစက်ရုံကြီးများ အခက်အခဲကြုံတွေ့နေ

 

တရုတ်နိုင်ငံတွင် Coronavirus ဖြစ်ပွားမုကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်လျက်ရိပြီး လာမည့်ရက်သတ္တပတ်အတွင်း ကမ္ဘာတဝမ်းရိ စီးပွားရေးလုပ်ငန်းများအပေါ် ထိခိုက်မုတွေမာလည်း ပိုမိုဆိုးရွားလာနိုင်တော့မာဖြစ်ကြောင်း CNN Busines News မာ ဖော်ပြထားပါတယ်။

 

ကမ္ဘာတဝမ်းမ ထုတ်လုပ်သူများအနေနဲ့ တရုတ်စက်ပစ္စည်း အစိတ်အပိုင်းတွေအပေါ် မီခိုနေရတာဖြစ်ပြီး လာမယ့်အပတ်မာ တရုတ်နိုင်ငံရိ လည်ပတ်နေတဲ့ စက်ရုံများ ပိတ်လိုက်မယ်ဆိုရင် ကမ္ဘာအနံ့က စက်ရုံများအနေနဲ့ ရပ်ဆိုင်းသွားရနိုင်တာကြောင့် ကျွမ်းကျင်သူများက စိုးရိမ်နေကြပါတယ်။

 

အရင်ဆုံးထိခိုက်နစ်နာမယ့် လုပ်ငန်းတွေထဲမာ ကားထုတ်လုပ်တဲ့ လုပ်ငန်းတွေက ရေ့ဆုံးကရိနေပြီး စက်ရုံများအနေနဲ့ ကားအစိတ်အပိုင်း (၉၉) ရာခိုင်နုန်းကို တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းထုတ်လုပ်တဲ့ စက်ရုံတွေကနေ ရယူနေတာကြောင့် ဖြစ်ပါတယ်။

 

GM ၏ လုပ်ငန်းလည်ပတ်မုတာဝန်ခံ Mike Dunne က "အစိတ်အပိုင်းလေးတစ်ခုမရတာနဲ့ ထုတ်လုပ်မုလိုင်းတစ်ခုလုံး ရပ်တန့်ရမယ့် အခြေအနေမာရိနေတယ်လို့" ပြောကြားခဲ့ပါတယ်။

 

တရုတ်နိုင်ငံက ကားအစိတ်အပိုင်းရောင်းချမုတွင် ကမ္ဘာတဝမ်း အဓိကကျလာပြီး ကုလသမဂ္ဂ၏ အချက်အလက်များအရ ၂၀၁၈ ခုနစ်တွင် တရုတ်အနေနဲ့ ဒေါ်လာ (၃၅) ဘီလီယံနီးပါး တန်ဖိုးရိ ကားအစိတ်အပိုင်းများ တင်ပို့ရောင်းချခဲ့ကြောင်း သိရပါတယ်။ ဒါ့ပြင် ၂၀၁၈ ခုနစ်တွင် အမေရိကန်နိုင်ငံသို့ ဒေါ်လာဘီလီယံ (၂၀) ခန့်တန်ဖိုးရိ အစိတ်အပိုင်းများ တင်ပို့ရောင်းချခဲ့ကြောင်း သိရပါတယ်။

 

လက်ရိအချိန်မာ တရုတ်နိုင်ငံရိ ကားတပ်ဆင်သည့် စက်ရုံအများစုကို ပိတ်ထားပြီး ၎င်းတို့၏ ပြည်တွင်းဈေးကွက်အတွက် ထုတ်လုပ်ပေးရန်သာ ရိနေပါတယ်။ Volkswagen က တရုတ်ရိ ၎င်းတို့၏ ကားစက်ရုံများကို ခရီးသွားလာခွင့် ကန့်သတ်ချက်များနင့် အစိတ်အပိုင်းများပြတ်လပ်ခြင်းတို့ကြောင့် ခေတ္တပိတ်ထားမာဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

 

General Motors ကလည်း အစိတ်အပိုင်းများ အဆင့်သင့်မရိခြင်းကြောင့် တရုတ်နိုင်ငံရိ ၎င်း၏စက်ရုံများကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ ပြန်လည်လည်ပတ်ဦးမာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

Hyundai ကလည်း တောင်ကိုရီးယားရိ ၎င်း၏ စက်ရုံများကို ပိတ်ထားလိုက်ခြင်းမာ ရောဂါပျံ့နံသွားခြင်းကြောင့်မဟုတ်ဘဲ တရုတ်မ အစိတ်အပိုင်းများ မရ၍ စက်ရုံကို ဆက်လက်မလည်ပတ်နိုင်တော့တာကြောင့် ဖြစ်ပါတယ်။

 

တရုတ်နိုင်ငံမ ကားအစိတ်ပိုင်းများ ပြတ်လပ်မုကြောင့် Nissan က ဂျပန်နိုင်ငံ Kyushu ရိ ၎င်း၏ ကားစက်ရုံမ ထုတ်လုပ်မုကို အချိန်ညိယူနေရပြီး ပြင်သစ်မော်တော်ကားထုတ်လုပ်ရေးကလည်း ၎င်းတို့၏ တောင်ကိုရီးယား ဘူဆန်ရိ စက်ရုံတစ်ခုကို ထုတ်လုပ်မုများ ဆိုင်းငံ့ထားရကြောင်း ပြောကြားထားပါတယ်။

 

တခြားကားထုတ်လုပ်ရေးလုပ်ငန်းများကလည်း တရုတ်နိုင်ငံရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေရပြီး ကမ္ဘာလုံးဆိုင်ရာ ကားထုတ်လုပ်မုတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မုရိစေမယ်ဆိုတာကို ပြောဖို့စောလွန်းပါကြောင်း ပြောကြားထားပါတယ်။

 

Home_page.png

 

Zawgyi

 


 

တရုတ်နိုင်ငံတွင် Coronavirus ဖြစ်ပွားမှုကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်လျက်ရှိပြီး လာမည့်ရက်သတ္တပတ်အတွင်း ကမ္ဘာတဝှမ်းရှိ စီးပွားရေးလုပ်ငန်းများအပေါ် ထိခိုက်မှုတွေမှာလည်း ပိုမိုဆိုးရွားလာနိုင်တော့မှာဖြစ်ကြောင်း CNN Busines News မှာ ဖော်ပြထားပါတယ်။

 

ကမ္ဘာတဝှမ်းမှ ထုတ်လုပ်သူများအနေနဲ့ တရုတ်စက်ပစ္စည်း အစိတ်အပိုင်းတွေအပေါ် မှီခိုနေရတာဖြစ်ပြီး လာမယ့်အပတ်မှာ တရုတ်နိုင်ငံရှိ လည်ပတ်နေတဲ့ စက်ရုံများ ပိတ်လိုက်မယ်ဆိုရင် ကမ္ဘာအနှံ့က စက်ရုံများအနေနဲ့ ရပ်ဆိုင်းသွားရနိုင်တာကြောင့် ကျွမ်းကျင်သူများက စိုးရိမ်နေကြပါတယ်။

 

အရင်ဆုံးထိခိုက်နစ်နာမယ့် လုပ်ငန်းတွေထဲမှာ ကားထုတ်လုပ်တဲ့ လုပ်ငန်းတွေက ရှေ့ဆုံးကရှိနေပြီး စက်ရုံများအနေနဲ့ ကားအစိတ်အပိုင်း (၉၉) ရာခိုင်နှုန်းကို တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းထုတ်လုပ်တဲ့ စက်ရုံတွေကနေ ရယူနေတာကြောင့် ဖြစ်ပါတယ်။

 

GM ၏ လုပ်ငန်းလည်ပတ်မှုတာဝန်ခံ Mike Dunne က "အစိတ်အပိုင်းလေးတစ်ခုမရတာနဲ့ ထုတ်လုပ်မှုလိုင်းတစ်ခုလုံး ရပ်တန့်ရမယ့် အခြေအနေမှာရှိနေတယ်လို့" ပြောကြားခဲ့ပါတယ်။

 

တရုတ်နိုင်ငံက ကားအစိတ်အပိုင်းရောင်းချမှုတွင် ကမ္ဘာတဝှမ်း အဓိကကျလာပြီး ကုလသမဂ္ဂ၏ အချက်အလက်များအရ ၂၀၁၈ ခုနှစ်တွင် တရုတ်အနေနဲ့ ဒေါ်လာ (၃၅) ဘီလီယံနီးပါး တန်ဖိုးရှိ ကားအစိတ်အပိုင်းများ တင်ပို့ရောင်းချခဲ့ကြောင်း သိရပါတယ်။ ဒါ့ပြင် ၂၀၁၈ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ဒေါ်လာဘီလီယံ (၂၀) ခန့်တန်ဖိုးရှိ အစိတ်အပိုင်းများ တင်ပို့ရောင်းချခဲ့ကြောင်း သိရပါတယ်။

 

လက်ရှိအချိန်မှာ တရုတ်နိုင်ငံရှိ ကားတပ်ဆင်သည့် စက်ရုံအများစုကို ပိတ်ထားပြီး ၎င်းတို့၏ ပြည်တွင်းဈေးကွက်အတွက် ထုတ်လုပ်ပေးရန်သာ ရှိနေပါတယ်။ Volkswagen က တရုတ်ရှိ ၎င်းတို့၏ ကားစက်ရုံများကို ခရီးသွားလာခွင့် ကန့်သတ်ချက်များနှင့် အစိတ်အပိုင်းများပြတ်လပ်ခြင်းတို့ကြောင့် ခေတ္တပိတ်ထားမှာဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

 

General Motors ကလည်း အစိတ်အပိုင်းများ အဆင့်သင့်မရှိခြင်းကြောင့် တရုတ်နိုင်ငံရှိ ၎င်း၏စက်ရုံများကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ ပြန်လည်လည်ပတ်ဦးမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

Hyundai ကလည်း တောင်ကိုရီးယားရှိ ၎င်း၏ စက်ရုံများကို ပိတ်ထားလိုက်ခြင်းမှာ ရောဂါပျံ့နှံသွားခြင်းကြောင့်မဟုတ်ဘဲ တရုတ်မှ အစိတ်အပိုင်းများ မရ၍ စက်ရုံကို ဆက်လက်မလည်ပတ်နိုင်တော့တာကြောင့် ဖြစ်ပါတယ်။

 

တရုတ်နိုင်ငံမှ ကားအစိတ်ပိုင်းများ ပြတ်လပ်မှုကြောင့် Nissan က ဂျပန်နိုင်ငံ Kyushu ရှိ ၎င်း၏ ကားစက်ရုံမှ ထုတ်လုပ်မှုကို အချိန်ညှိယူနေရပြီး ပြင်သစ်မော်တော်ကားထုတ်လုပ်ရေးကလည်း ၎င်းတို့၏ တောင်ကိုရီးယား ဘူဆန်ရှိ စက်ရုံတစ်ခုကို ထုတ်လုပ်မှုများ ဆိုင်းငံ့ထားရကြောင်း ပြောကြားထားပါတယ်။

 

တခြားကားထုတ်လုပ်ရေးလုပ်ငန်းများကလည်း တရုတ်နိုင်ငံရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေရပြီး ကမ္ဘာလုံးဆိုင်ရာ ကားထုတ်လုပ်မှုတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိစေမယ်ဆိုတာကို ပြောဖို့စောလွန်းပါကြောင်း ပြောကြားထားပါတယ်။

 

ကားအပိုပစ္စည်းဆိုင်ပေါင်း ၂၅၃၁ ဆိုင်ကိုရှာဖွေရန်ဤနေရာကိုနှိပ်ပါ။

 

Source; Myanmar Industry Directory

 

Read times
Rate this item
(0 votes)