International
အီလက်ထရောနစ်နည်းပညာပိုင်းမှာ Toyota နဲ့ VW တို့ထက် ၆ နှစ်လောက်အသာရနေတဲ့ Tesla
အီလက်ထရောနစ်နည်းပညာပိုင်းမှာ Toyota နဲ့ VW တို့ထက် ၆ နှစ်လောက်အသာရနေတဲ့ Tesla google
အီလက်ထရောနစ်နည်းပညာပိုင်းမာ Toyota နဲ့ VW တို့ထက် ၆ နစ်လောက်အသာရနေတဲ့ Tesla
ကားလောကရဲ့ နာမည်ကြီးကားထုတ်လုပ်ရေးကုမ္ပဏီတွေဖြစ်တဲ့ Toyota နဲ့ VW တို့က တစ်နစ်ကို ကားအစီး ရေ ၁၀သန်းနီးပါးရောင်းချနေရပါတယ်။ Tesla ကတော့ ၂၀၁၉ခုနစ်အတွက် ကားအစီးရေ ၃.၅သိန်းကျော်ကျော်လောက်ပဲ ရောင်းချခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် အီလက်ထရောနစ်နည်းပညာပိုင်းမာ တော့ Elon Musk ရဲ့ Tesla က အဆိုပါ ကားထုတ်လုပ်ရေးကုမ္ပဏီကြီး ၂ ခုကို ပြတ်ပြတ်သားသားအသာ ရနေခဲ့တာကို ထူးထူးခြားခြားတွေ့ရမာဖြစ်ပါတယ်။
ဒါကို ပေါ်လွင်အောင်အဓိကစွမ်းဆောင်ပေးခဲ့တာကတော့ Tesla ရဲ့ sedan အမျိုးအစား Model 3 ပဲဖြစ်ပါတယ်။ လျပ်စစ်ချည်းသက်သက်မောင်းနင်တဲ့ကားအမျိုးအစားဖြစ်ပြီး အမေရိကန်အခြေစိုက် Tesla ရဲ့ ဈေးအသက်သာဆုံးကားလည်းဖြစ်ပါတယ်။ ဈေးနုန်းကတော့ ဒေါ်လာ ၃၃,၀၀၀ ကနေစမာဖြစ်ပါတယ်။ Tesla Model 3 ကို အခုလိုလူအများအာရုံစိုက်လာအောင် စွမ်းဆောင်ပေးခဲ့တာကတော့ အဓိကထိန်းချုပ်မုစနစ်ဖြစ်တဲ့ full self-driving computer ကြောင့်ပဲဖြစ်ပါတယ်။ ဒါကို Hardware 3 လို့လည်းဆိုကြပါတယ်။ အကောင်သေး ပေမယ့်အစိပ်ပြင်းလတဲ့ Hardware 3 လေးက လျပ်စစ်ကားလောကမာ အကြောက်ရွံ့ရဆုံးလက်နက်တစ်ခုဖြစ် လာခဲ့ပြီး ကားထုတ်လုပ်သူတွေကို အဓိကထောက်ပံ့ပေးနေတဲ့ supplier company အတွက်လည်း အလေးထား ဂရုပြုဖွယ်ရာဖြစ်လာခဲ့ပါတယ်။
အမေရိကန်ရဲ့ပြီးခဲ့တဲ့ နွေဦးရာသီကမိတ်ဆက်ပေးခဲ့တဲ့ Hardware 3 ကို အလုံးစုံသော Tesla Model 3 ၊ Model S နဲ့ Model X တို့မာ ထည့်သွင်းပေးထားခဲ့ပါတယ်။ အရွယ်အစားအားဖြင့် ၂၆၀ မီလီမီတာ ပတ်လည်သာရိတဲ့ AI chips နစ်ခုရဲ့စွမ်းဆောင်ရည်က အံ့မခန်းစရာပါ။ ကားရဲ့ self-driving စနစ်အတွက် သာမက သတင်းအချက်လက်နဲ့ ဖျော်ဖြေရေးပိုင်းတို့ကို လုပ်ဆောင်ပေးနိုင်ပြီး supplier တွေအတွက် သတိ ထားရမယ့်အချက်ကတော့ ဒါက Telsa ရဲ့ in-house platform ဖြစ်နေတာပါ။ စွမ်းဆောင်ရည်ပြည့်ဝလတဲ့ အဆိုပါ chips တွေကနေ မြောက်များလတဲ့ အချက်လက်တွေကို မတ်သားထားပြီး ပိုမိုလက်ရာမြောက်လတဲ့ အလိုလျောက်စနစ်သုံးကားအမျိုးအစားအဖြစ် ပေါ်ထွက်လာစေခဲ့တာဖြစ်ပါတယ်။
ကားလောကကျွမ်းကျင်သူတွေအနေနဲ့ကတော့ အဆိုပါနည်းပညာကို ၂၀၂၅ခုနစ်လောက်မသာ အစောဆုံး အနေနဲ့ ပေါ်ထွက်လာစေမယ်လို့ခန့်မန်းထားကြတာဖြစ်ပေမယ့် Tesla ကအဆိုပါနည်းပညာကို ၂၀၁၉ခုနစ် မာပဲချပြပေးလိုက်တာဖြစ်ပါတယ်။ ဒါက Tesla အနေနဲ့ သူတို့ရဲ့ပြိုင်ဘက်တွေကိုင ၆ နစ်လောက်အသာရ နေပြီဆိုတာကို မီးမောင်းထိုးပြလိုက်တာလည်းဖြစ်ပါတယ်။
Tesla အနေနဲ့ ၂၀၁၄ခုနစ်ကတည်း Autopilot စနစ်ကို မိတ်ဆက်ပေးထားခဲ့ပြီးသားဖြစ်ပြီး Hardware 1 လို့ ခေါ်ဆိုကြပါတယ်။ ယာဉ်မောင်းအထောက်ကူပြုစနစ်တစ်ခုဖြစ်ပြီး ရေ့ကားနောက်ကပ်လိုက်ခြင်းကို အဝေးပြေး လမ်းတွေမာ လုပ်ဆောင်နိုင်ခြင်းနဲ့ ယာဉ်လမ်းကြောင်းတစ်ခုတည်းကနေ သွေဖီမသွားစေဖို့ ထိန်းသိမ်းလုပ်နိုင် ခြင်းစတဲ့ လုပ်ဆောင်ချက်တွေပါဝင်ခဲ့ပါတယ်။ ဒါတွေပဲလားဆိုတော့ အဆိုပါ generation တွေကို ဆင့်မြင့်တင်ဖို့အတွက် ဒေါင်းလုပ်ရယူနိုင်ခြင်းကလည်း အံ့အားသင့်စရာပဲဖြစ်ပါတယ်။ Tesla အနေနဲ့ ၂ နစ် သို့မဟုတ် ၃ နစ်လောက်တစ်ကြိမ်ကို ယခုလိုအဆင့်မြင့်တင်ခြင်းတွေ ပြုလုပ်ပေးခဲ့ပါတယ်။
ယခုလိုစနစ်က ကားတွေရဲ့အဓိကထိန်းချုပ်မုလို့ဆိုရမယ့် ECU အရေအတွက်ကို လျော့ချပြီး ပိုမိုသာလွန်တဲ့ လုပ်ဆောင်မုကို ပေးစွမ်းစေနိုင်မာဖြစ်ပါတယ်။ ဒါကြောင့် VW နဲ့ Toyota တို့အနေနဲ့ ၂၀၂၅ မတိုင်ခင်အဆိုပါ နည်းပညာမျိုးကို အသုံးပြုနိုင်ဖို့အတွက် အထူးကြိုးစားကြမာဖြစ်ပြီး supplier တွေအနေနဲ့ကတော့ ယင်းကဲ့သို့ လုပ်ဆောင်နိုင်မယ့် နည်းပညာစနစ်တစ်ခုကို အသက်တမျအရေးပါတဲ့ အနေအထားနဲ့ ကြိုးစားရတော့ မာဖြစ်ပါတယ်။
နောက်ထပ်ထူးခြားချက်တစ်ခုကတော့ Tesla Model 3 ထဲကိုဝင်ကြည့်လိုက်မယ်ဆိုရင် အများစုက in-house support တွေဖြစ်လို့ Tesla logo မတစ်ပါးအခြားကို မြင်တွေ့ရနိုင်မာမဟုတ်ပါဘူး။ ဒါကြောင့် Tesla ရဲ့နည်း ပညာကိုတုပလိုက်လုပ်ဖို့ဆိုတာ ခဲယဉ်းလပြီး Tesla အနေနဲ့ကလည်းသူတို့ရဲ့နည်းပညာကို အကောင်းဆုံးထိန်း သိမ်းထားနိုင်မာဖြစ်ပါတယ်။
 Home_page.png
Zawgyi
ကားလောကရဲ့ နာမည်ကြီးကားထုတ်လုပ်ရေးကုမ္ပဏီတွေဖြစ်တဲ့ Toyota နဲ့ VW တို့က တစ်နှစ်ကို ကားအစီး ရေ ၁၀သန်းနီးပါးရောင်းချနေရပါတယ်။ Tesla ကတော့ ၂၀၁၉ခုနှစ်အတွက် ကားအစီးရေ ၃.၅သိန်းကျော်ကျော်လောက်ပဲ ရောင်းချခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် အီလက်ထရောနစ်နည်းပညာပိုင်းမှာ တော့ Elon Musk ရဲ့ Tesla က အဆိုပါ ကားထုတ်လုပ်ရေးကုမ္ပဏီကြီး ၂ ခုကို ပြတ်ပြတ်သားသားအသာ ရနေခဲ့တာကို ထူးထူးခြားခြားတွေ့ရမှာဖြစ်ပါတယ်။
ကားလောကကျွမ်းကျင်သူတွေအနေနဲ့ကတော့ အဆိုပါနည်းပညာကို ၂၀၂၅ခုနှစ်လောက်မှသာ အစောဆုံး အနေနဲ့ ပေါ်ထွက်လာစေမယ်လို့ခန့်မှန်းထားကြတာဖြစ်ပေမယ့် Tesla ကအဆိုပါနည်းပညာကို ၂၀၁၉ခုနှစ် မှာပဲချပြပေးလိုက်တာဖြစ်ပါတယ်။ ဒါက Tesla အနေနဲ့ သူတို့ရဲ့ပြိုင်ဘက်တွေကိုင ၆ နှစ်လောက်အသာရ နေပြီဆိုတာကို မီးမောင်းထိုးပြလိုက်တာလည်းဖြစ်ပါတယ်။
Tesla အနေနဲ့ ၂၀၁၄ခုနှစ်ကတည်း Autopilot စနစ်ကို မိတ်ဆက်ပေးထားခဲ့ပြီးသားဖြစ်ပြီး Hardware 1 လို့ ခေါ်ဆိုကြပါတယ်။ ယာဉ်မောင်းအထောက်ကူပြုစနစ်တစ်ခုဖြစ်ပြီး ရှေ့ကားနောက်ကပ်လိုက်ခြင်းကို အဝေးပြေး လမ်းတွေမှာ လုပ်ဆောင်နိုင်ခြင်းနဲ့ ယာဉ်လမ်းကြောင်းတစ်ခုတည်းကနေ သွေဖီမသွားစေဖို့ ထိန်းသိမ်းလုပ်နိုင် ခြင်းစတဲ့ လုပ်ဆောင်ချက်တွေပါဝင်ခဲ့ပါတယ်။ ဒါတွေပဲလားဆိုတော့ အဆိုပါ generation တွေကို ဆင့်မြှင့်တင်ဖို့အတွက် ဒေါင်းလုပ်ရယူနိုင်ခြင်းကလည်း အံ့အားသင့်စရာပဲဖြစ်ပါတယ်။ Tesla အနေနဲ့ ၂ နှစ် သို့မဟုတ် ၃ နှစ်လောက်တစ်ကြိမ်ကို ယခုလိုအဆင့်မြှင့်တင်ခြင်းတွေ ပြုလုပ်ပေးခဲ့ပါတယ်။
ယခုလိုစနစ်က ကားတွေရဲ့အဓိကထိန်းချုပ်မှုလို့ဆိုရမယ့် ECU အရေအတွက်ကို လျှော့ချပြီး ပိုမိုသာလွန်တဲ့ လုပ်ဆောင်မှုကို ပေးစွမ်းစေနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် VW နဲ့ Toyota တို့အနေနဲ့ ၂၀၂၅ မတိုင်ခင်အဆိုပါ နည်းပညာမျိုးကို အသုံးပြုနိုင်ဖို့အတွက် အထူးကြိုးစားကြမှာဖြစ်ပြီး supplier တွေအနေနဲ့ကတော့ ယင်းကဲ့သို့ လုပ်ဆောင်နိုင်မယ့် နည်းပညာစနစ်တစ်ခုကို အသက်တမျှအရေးပါတဲ့ အနေအထားနဲ့ ကြိုးစားရတော့ မှာဖြစ်ပါတယ်။
နောက်ထပ်ထူးခြားချက်တစ်ခုကတော့ Tesla Model 3 ထဲကိုဝင်ကြည့်လိုက်မယ်ဆိုရင် အများစုက in-house support တွေဖြစ်လို့ Tesla logo မှတစ်ပါးအခြားကို မြင်တွေ့ရနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် Tesla ရဲ့နည်း ပညာကိုတုပလိုက်လုပ်ဖို့ဆိုတာ ခဲယဉ်းလှပြီး Tesla အနေနဲ့ကလည်းသူတို့ရဲ့နည်းပညာကို အကောင်းဆုံးထိန်း သိမ်းထားနိုင်မှာဖြစ်ပါတယ်။
BATTERIES ဆိုင် ၁၅၄ ဆိုင်ကိုရှာဖွေရန်ဤနေရာကိုနှိပ်ပါ။
Myanmar Automobile Equipment Directory
Read times
Rate this item
(2 votes)