International



မောင်းသူမဲ့လျှပ်စစ်ကားများဖြင့် ဝန်ဆောင်မှုပေးသွားမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ

မောင်းသူမဲ့လျှပ်စစ်ကားများဖြင့် ဝန်ဆောင်မှုပေးသွားမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ google
ကာတာနိုင်ငံက ၂၀၂၀ မှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမယ့် ၂၂ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမန်အခြေစိုက် Volkswagen ကုမ္ပဏီဟာ မောင်းသူမဲ့ လျှပ်စစ်ကားများနဲ့ ဝန်ဆောင်မှုပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။
 
Volkswagen ဟာ ယင်းပြိုင်ပွဲမှာ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် တာဝန်ယူထားတာဖြစ်ပါတယ်။
 
ယင်းလျှပ်စစ်ကားတွေကိုတော့ ပြိုင်ပွဲရဲ့တာဝန်ရှိလူကြီးတွေအတွက်သာ ဝန်ဆောင်မှုပေးသွားမှာပါ။ ကမ္ဘာတစ်လွှားမှ လာရောက်ကြမည့် ပရိတ်သတ်များအလယ်မှာ သူတို့ရဲ့ဝန်ဆောင်မှုပုံရိပ်ကို ပြသနိုင်ဖို့ ယင်းကားများကို အသုံးပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။ 
 
အဆိုပါကားများဟာ မောင်းသူမဲ့ကားတွေအတွက် သတ်မှတ်ထားတဲ့ SAE Autonomy Scale Level 4 အဆင့်ရှိတဲ့ နည်းပညာနဲ့ မောင်းနှင်ရွေ့လျားသွားမှာဖြစ်ပါတယ်။ တစ်စုံတစ်ရာ မှားယွင်းမှုရှိခဲ့ပါက Level 4 အောက်သို့ ရောက်ရှိသွားမှာဖြစ်ပြီး လိုအပ်ပါက စတီယာရင်ကို ပြန်လည်ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
 
Zawgyi
 
ကာတာႏိုင္ငံက ၂၀၂၀ မွာ အိမ္ရွင္အျဖစ္လက္ခံက်င္းပသြားမယ့္ ၂၂ ႀကိမ္ေျမာက္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဂ်ာမန္အေျခစိုက္ Volkswagen ကုမၸဏီဟာ ေမာင္းသူမဲ့ လွ်ပ္စစ္ကားမ်ားနဲ႔ ဝန္ေဆာင္မႈေပးသြားမွာ ျဖစ္တယ္လို႔သိရပါတယ္။ Volkswagen ဟာ ယင္းၿပိဳင္ပြဲမွာ သယ္ယူပို႔ေဆာင္ေရးက႑အတြက္ တာဝန္ယူထားတာျဖစ္ပါတယ္။
 
ယင္းလွ်ပ္စစ္ကားေတြကိုေတာ့ ၿပိဳင္ပြဲရဲ႕တာဝန္ရွိလူႀကီးေတြအတြက္သာ ဝန္ေဆာင္မႈေပးသြားမွာပါ။ ကမၻာတစ္လႊားမွ လာေရာက္ၾကမည့္ ပရိတ္သတ္မ်ားအလယ္မွာ သူတို႔ရဲ႕ဝန္ေဆာင္မႈပံုရိပ္ကို ျပသႏိုင္ဖို႔ ယင္းကားမ်ားကို အသံုးျပဳသြားမွာျဖစ္တယ္လို႔သိရပါတယ္။ 
 
အဆိုပါကားမ်ားဟာ ေမာင္းသူမဲ့ကားေတြအတြက္ သတ္မွတ္ထားတဲ့ SAE Autonomy Scale Level 4 အဆင့္ရွိတဲ့ နည္းပညာနဲ႔ ေမာင္းႏွင္ေရြ႕လ်ားသြားမွာျဖစ္ပါတယ္။ တစ္စံုတစ္ရာ မွားယြင္းမႈရွိခဲ့ပါက Level 4 ေအာက္သို႔ ေရာက္ရွိသြားမွာျဖစ္ၿပီး လုိအပ္ပါက စတီယာရင္ကို ျပန္လည္ထိန္းခ်ဳပ္ႏိုင္မွာ ျဖစ္ပါတယ္။
 
 
Read times
Rate this item
(1 Vote)