International



လေကာမှန်လဲမပါ လေလဲမတိုးတဲ့ McLaren ရဲ့ Elva

လေကာမှန်လဲမပါ လေလဲမတိုးတဲ့ McLaren ရဲ့ Elva google

ၿဗိတိန္အေျခစိုက္ McLaren ဟာ ကမၻာပၚမွာ ၿပိဳင္ကားအမ်ားအျပားကုိထုတ္လုပ္ေနတဲ့ နာမည္ႀကီး ၿပိဳင္ကားကုမၸဏီတစ္ခုပါ။

ယခုအခါမွာေတာ့ သူတို႔ဟာ ယခင္နဲ႔မတူ တမူထူးျခားတဲ့ ကားတစ္စီးကို ထုတ္လုပ္မိတ္ဆက္ခဲ့ပါတယ္။ ဒီကားဟာ သူတို႔ရဲ႕ ပထဦးဆံုးကားအမ်ိဳးအစားျဖစ္သလို ကမၻာေပၚမွာလည္း ပထဦးဆံုး ထုတ္လုပ္တဲ့ ကားအမ်ိဳးအစား ျဖစ္ပါလိမ့္မယ္။ ဒီကားဟာ ဘယ္လိုကားအမ်ိဳးအစားျဖစ္မလဲဆိုတာကို ဆက္ဖတ္ၾကည့္လိုက္ၾကရေအာင္…….

 

သူတို႔ရဲ႕ ပထဦးဆံုးကားအမ်ိဳးအစား ျဖစ္တဲ့ ဒီကားကို McLaren Elva လို႔ အမည္ေပးထားပါတယ္။ ထူးျခားတဲ့ ပထမဦးဆံုးအခ်က္ကေတာ့ ေရွ႕ေလကာမွန္ပါဝင္လာခဲ့ျခင္းမရွိပါဘူး။ ဒီအခ်က္နဲ႔တင္ ထူးျခားေနပါၿပီ။ ေနာက္တစ္ခ်က္ကေတာ့ ကာဗြန္ဖိုက္ဘာ အသံုးျပဳထားတဲ့အတြက္ သူတို႔ ထုတ္လုပ္ခဲ့တဲ့ ကားမိုဒယ္အားလံုးထက္ေပါ့ပါး ေနပါတယ္။ ေရွ႕ေလကာမွန္မပါေတာ့ ေမာင္းတဲ့သူတို႔ ေလမတိုးႏိုင္ဘူးလား ဆိုတဲ့ ေမးခြန္းထုတ္စရာေတာ့ ရွိပါတယ္။ ဟုတ္ပါတယ္ ေလမတိုးႏိုင္တဲ့ နည္းပညာနဲ႔ ထုတ္လုပ္ထားတာပါ။ ဘယ္လိုနည္းပညာလဲဆိုေတာ့ ေရွ႕ဘမ္ဘာမွာပါတဲ့ ေလစုပ္ေပါက္ေတကေန ေရွ႕ဘက္ကတိုးလာတဲ့ေလေတြကို စုပ္ယူၿပီး ေဘာနပ္ဖံုးေပၚကတဆင့္ ကားေမာင္းႏွင္သူရဲ႕ ေခါင္းေပၚကေနေက်ာ္သြားေစမယ့္ နည္းပညာကို အသံုးျပဳထားတာပါ။

 

ေနာက္ထပ္တစ္ခ်က္ကေတာ့ အမိုးလံုးဝ မပါဝင္ပါဘူး။ အင္ဂ်င္အေနနဲ႔ကေတာ့ ျမင္ေကာင္ေရ ၈၀၄ ေကာင္အားရွိတဲ့ 4 liters တာဘို V8 အင္ဂ်င္ တပ္ဆင္ထားပါတယ္။ ဒီလိုစြမ္းအင္ထုတ္လုပ္မႈ ျမင့္မားတဲ့ အင္ဂ်င္တပ္ဆင္ထားတာေၾကာင့္ တစ္စကၠန္႔အတြင္းမွာ ၀ မိုင္ကေန ၆၂ မိုင္ႏႈန္းအထိ အရွိန္တင္ေမာင္းႏွင္ႏိုင္မွာျဖစ္ၿပီး တစ္နာရီအတြင္းမွာေတာ့ မိုင္ ၂၀၀ ႏႈန္းထိေမာင္းႏွင္ႏိုင္မွာ ျဖစ္ပါတယ္။ ကားဒီဇိုင္းကိုေတာ့ ေအာက္က video မွာပဲၾကည့္လိုက္ပါ။ ဒီလိုစြမ္းေဆာင္ရည္ျမင့္မားၿပီး ထူးျခားတဲ့ ကားတစ္စီးရဲ႕ တန္းဖိုးကေတာ့ ေပါင္ ၁.၄ သန္းရွိတယ္လို႔ဆိုထားပါတယ္။

 

Unicode

 

ဗြိတိန်အခြေစိုက် McLaren ဟာ ကမ္ဘာပါ်မှာ ပြိုင်ကားအများအပြားကိုထုတ်လုပ်နေတဲ့ နာမည်ကြီး ပြိုင်ကားကုမ္ပဏီတစ်ခုပါ။
 
ယခုအခါမှာတော့ သူတို့ဟာ ယခင်နဲ့မတူ တမူထူးခြားတဲ့ ကားတစ်စီးကို ထုတ်လုပ်မိတ်ဆက်ခဲ့ပါတယ်။ ဒီကားဟာ သူတို့ရဲ့ ပထဦးဆုံးကားအမျိုးအစားဖြစ်သလို ကမ္ဘာပေါ်မှာလည်း ပထဦးဆုံး ထုတ်လုပ်တဲ့ ကားအမျိုးအစား ဖြစ်ပါလိမ့်မယ်။ ဒီကားဟာ ဘယ်လိုကားအမျိုးအစားဖြစ်မလဲဆိုတာကို ဆက်ဖတ်ကြည့်လိုက်ကြရအောင်…….
 
သူတို့ရဲ့ ပထဦးဆုံးကားအမျိုးအစား ဖြစ်တဲ့ ဒီကားကို McLaren Elva လို့ အမည်ပေးထားပါတယ်။ ထူးခြားတဲ့ ပထမဦးဆုံးအချက်ကတော့ ရှေ့လေကာမှန်ပါဝင်လာခဲ့ခြင်းမရှိပါဘူး။ ဒီအချက်နဲ့တင် ထူးခြားနေပါပြီ။ နောက်တစ်ချက်ကတော့ ကာဗွန်ဖိုက်ဘာ အသုံးပြုထားတဲ့အတွက် သူတို့ ထုတ်လုပ်ခဲ့တဲ့ ကားမိုဒယ်အားလုံးထက်ပေါ့ပါး နေပါတယ်။ ရှေ့လေကာမှန်မပါတော့ မောင်းတဲ့သူတို့ လေမတိုးနိုင်ဘူးလား ဆိုတဲ့ မေးခွန်းထုတ်စရာတော့ ရှိပါတယ်။ ဟုတ်ပါတယ် လေမတိုးနိုင်တဲ့ နည်းပညာနဲ့ ထုတ်လုပ်ထားတာပါ။ ဘယ်လိုနည်းပညာလဲဆိုတော့ ရှေ့ဘမ်ဘာမှာပါတဲ့ လေစုပ်ပေါက်တေကနေ ရှေ့ဘက်ကတိုးလာတဲ့လေတွေကို စုပ်ယူပြီး ဘောနပ်ဖုံးပေါ်ကတဆင့် ကားမောင်းနှင်သူရဲ့ ခေါင်းပေါ်ကနေကျော်သွားစေမယ့် နည်းပညာကို အသုံးပြုထားတာပါ။
 
နောက်ထပ်တစ်ချက်ကတော့ အမိုးလုံးဝ မပါဝင်ပါဘူး။ အင်ဂျင်အနေနဲ့ကတော့ မြင်ကောင်ရေ ၈၀၄ ကောင်အားရှိတဲ့ 4 liters တာဘို V8 အင်ဂျင် တပ်ဆင်ထားပါတယ်။ ဒီလိုစွမ်းအင်ထုတ်လုပ်မှု မြင့်မားတဲ့ အင်ဂျင်တပ်ဆင်ထားတာကြောင့် တစ်စက္ကန့်အတွင်းမှာ ၀ မိုင်ကနေ ၆၂ မိုင်နှုန်းအထိ အရှိန်တင်မောင်းနှင်နိုင်မှာဖြစ်ပြီး တစ်နာရီအတွင်းမှာတော့ မိုင် ၂၀၀ နှုန်းထိမောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ ကားဒီဇိုင်းကိုတော့ အောက်က video မှာပဲကြည့်လိုက်ပါ။ ဒီလိုစွမ်းဆောင်ရည်မြင့်မားပြီး ထူးခြားတဲ့ ကားတစ်စီးရဲ့ တန်းဖိုးကတော့ ပေါင် ၁.၄ သန်းရှိတယ်လို့ဆိုထားပါတယ်။
 

 

 

 

A.P.T 

 

Myanmar Automobile Equipment Directory

Read times
Rate this item
(1 Vote)