International



Warren Buffet ၏ ကျောထောက်နောက်ခံပေးသော တရုတ်လျှပ်စစ်ကားသစ်များ စတင်ထွက်ရှိပြီး မကြာခင် ပြိုင်ဘက်များကို ကျော်တက်

အမေရိကန်ဘီလျံနာ ရင်းနှီးမြှပ်နှံသူ Warren Buffet ၏ ကျောထောက်နောက်ခံပေးသော တရုတ်လျှပ်စစ်ကားလုပ်ငန်းမှ ကားများ ရောင်းအားသည် မကြာခင် အာရှမှ ဦးဆောင်ကုမ္ပဏီများကို ကျော်တက်သွားခဲ့သည်။


VChiernse ကုမ္ပဏီ BYD မှ Han မော်ဒယ်အသစ်သည် Nio ကဲ့သို့ ထိပ်တန်းတင်ပို့သူမှ လျှပ်စစ်ကားများထက် ပိုမိုရောင်းချနိုင်ခဲ့သည်။ ‌ပြီးခဲ့သည့်နှစ်တွင် BYD သည် ကားအစီးအရေ ၁၃၀,၉၇၀ ရောင်းချနိုင်ခဲ့ပြီး Nio သည် ၄၃,၀၀၀ သာတင်ပို့နိုင်ခဲ့သည်။

 

ထိုသို့ရောင်းချနိုင်သော်လည်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် BYDက ၎င်းတို့၏ ရောင်းအားကျဆင်းသွားခဲ့ကြောင်း ‌ပြောသည်။ လွန်ခဲ့သောနှစ်က ဘက်ထရီစနစ်သုံး ခရီးသည် တင်ဆောင်နိုင်သောကားများသည် ၁၁ ရာခိုင်နှုန်းကျဆင်းပြီး စုစုပေါင်းရောင်းအား၏ ၇.၄၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ဒီဇင်ဘာကာလတွင် ဘက်ထရီစနစ်သုံးနှင့် plug-in အမျိုးအစားကားများ ရောင်းအားသည် ၁၅၀ ရာခိုင်နှုန်းမြင့်တက်ပြီး ၂၇,၅၉၄ စီးရေအထိရောင်းချနိုင်ခဲ့သည်။

 

၂၀၂၀ခုနှစ် ဒီဇင်ဘာလတွင်း စီးရေ ၇,၀၀၀ ရောင်းချနိုင်ခြင်းသည် အနီးစပ်ဆုံးပြိုင်ဘက်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။ BYD မှ “Han” မော်ဒယ်လျှပ်စစ်ကားသစ်သည် ဇူလိုင်လတွင် စတင်မိတ်ဆက်ကတည်းက လစဉ်ရောင်းအားများ တိုးတက်လာခဲ့သည်။ ထိုကားသစ်ကို မိတ်ဆက်စဉ်အခါက BYD မှ ဥက္ကဌ Mr Wang Chuanfu သည် Han မော်ဒယ်လျှပ်စစ်ကားသည် စိတ်ကူးသည့်အဆင့်မှ အလုံးအရင်းဖြင့်ထုတ်လုပ်ရန် ဆယ်နှစ်အချိန်ယူ ကြာမြင့်ခဲ့ကြောင်း ပြောကြားသည်။

 

BYD က၎င်းတို့၏ကားသစ်တွင် “Blade Battery” ဟုခေါ်သော နည်းပညာသစ်သည် ပြိုင်ဘက်ကားများထက် ပိုမိုရိုးရှင်းပြီး ပိုမိုစွမ်းဆောင်နိုင်သည်ဟု သိရသည်။ ယင်းလျှပ်စစ်ကားသစ်သည် တစ်ခုအားသွင်းရုံဖြင့် ၃၇၆ မိုင်အထိ မောင်းနှင်နိုင်ပြီး ၎င်းတို့၏ ပြိုင်ဘက် Tesla Model 3 ကိုယှဉ်နိုင်ကြောင်း ပြောသည်။ “Han” မော်ဒယ်သည် ၃.၉ စက္ကန့်အတွင်း ၀ မှ ၆၂ မိုင် အထိရောက်နိုင်သည်။

 

BYD က ကားအတွင်းပိုင်းတွင် အလွန်မြင့်မားသော ဇိမ်ခံပစ္စည်းများနှင့် ပြုလုပ်ထားပြီး Bosch ရဲ့ Intelligent Brake System အသစ်ကိုလည်း အသုံးပြုထားသည်။ ထိုကားသစ်တွင်BYD မှနောက်ဆုံးထွက်ဗားရှင်း DiPilot အသိဉာဏ်မြင့်ကားမောင်းနှင်မှု အထောက်အကူပြုစနစ်လည်းပါ၀င်သည်။

 

Ref : Express UK

Read times
Rate this item
(0 votes)