International



နော်ဝေးနိုင်ငံတွင် လျှပ်စစ်ကားများရောင်းချမှုနှုန်း ၅၄ ရာခိုင်နှုန်း မြှင့်တက်

နော်ဝေးနိုင်ငံသည် ကမ္ဘာပေါ်တွင် လျှပ်စစ်ကားများရောင်းချမှုနှုန်းသည် ဒီဇယ်၊ ဓာတ်ဆီကားများထက် ပိုမိုရောင်းချနိုင်ခဲ့သည့် ပထမဆုံး နိုင်ငံ ဖြစ်သည်။

 

နော်ဝေးနိုင်ငံသည် ကမ္ဘာပေါ်တွင် ပထမဦးဆုံး Battery electric vehicles (BEVs)ခေါ် လျှပ်စစ်ကားများရောင်းချမှုနှုန်းသည် ဒီဇယ်၊ ဓာတ်ဆီကားများထက် လွန်ခဲ့သောနှစ်ထက် ပိုမိုရောင်းချနိုင်ကြောင်း ဂျာမနီနိုင်ငံမှ ကားကုမ္ပဏီကြီး Volkswagen မှထုတ်ပြန်သော ဒေတာအချက်အလက်များအရ သိရသည်။ နော်ဝေးနိုင်ငံ လမ်းတံတားအဖွဲ့အစည်း၏ ပြောကြားချက်အရ လျှပ်စစ်ကားများသည် ၂၀၁၉ခုနှစ်တွင် ၄၂.၄% ရောင်းချနိုင်ရာမှ ၂၀၂၀ခုနှစ်တွင် ၅၄.၃%(ကမ္ဘာ့စံချိန်တင်) ရောင်းချနိုင်ခဲ့ကြောင်း၊ လွန်ခဲ့သည့် တစ်ဆယ်နှးတုန်းက ကားစျေးကွက်တစ်ခုလုံး ရောင်းအားပမာဏ၏ ၁% သ ရှိခဲ့ရာမှ ယခုလို မြင့်တက်ခဲ့ခြင်းဖြစ်သည်။

 

နော်ဝေးနိုင်ငံသည် ကမ္ဘာပေါ်တွင်ပထမဦးဆုံး ဓာတ်ဆီ၊ ဒီဇယ်ဆီကားများ ရောင်းချမှုကို ရပ်တန့်နိုင်သော နိုင်ငံ့အဖြစ် ၂၀၂၅ ခုနှစ်တွင် ဖြစ်မြောက်ရန် ရည်မှန်းထားသည်။ နော်ဝေးသည် ရေနံထုတ်လုပ်သည့် နိုင်ငံဖြစ်သော်လည်း ရေနံထွက် လောင်စာ သုံးသည့် ကားများအပေါ် ကောက်ခံသည့် အခွန်အမျိုးမျိုးတို့ကို လျှပ်စစ်ကားများအတွက် ကင်းလွတ်ခွင့် ပေးထားသည့် မူဝါဒကို ကျင့်သုံးသည်။

 

ထိုမူဝါဒကြောင့် လောင်စာသုံး အင်ဂျင်မပါသော လျှပ်စစ်ကားများကို ထုတ်လုပ်သူများအတွက် ဈေးကွက်စမ်းသပ်မှု ပြုနိုင်သော ပြည်တွင်းဈေးကွက်ကို ဖန်တီးပေးထားပြီး brand နာမည်အသစ်၊ model အသစ်တို့သည် အရောင်းရဆုံးကားများ ဖြစ်လာကြသည်။ ၂၀၂၀ ခုနှစ်တွင် လျှပ်စစ်ကားရောင်းချမှုသည် ကားအမျိုးမျိုး ရောင်းချရသည့် အရေအတွက်၏ ထက်ဝက်ကျော် လစဉ် ရှိနေခဲ့ခြင်းက တစ်နှစ်တာအတွက် ဓာတ်ဆီ၊ ဒီဇယ်ဆီကားများ စုစုပေါင်းရောင်းချရသည် ပမာဏထက် ကျော်လွန်သွားသည်ကို ပထမဆုံးအကြိမ် ဖြစ်ပေါ်စေခဲ့သည်။

 

လျှပ်စစ်ကားများ ရောင်းချမှုသည် ၂၀၂၀ ခုနှစ်၏ နောက်ဆုံးလ ဒီဇင်ဘာလတွင် အမြင့်ဆုံးဖြစ်ခဲ့ပြီး ထိုရောင်းချမှုနှုန်းသည် ကားစျေးကွက်၏ ၆၆.၇ % ရှိခဲ့သည်။ ထိုရောင်းအားသည် ယခင်နှစ် ဒီဇင်ဘာ ရောင်းအားများထက် သာလွန်ကြောင်းသိရသည်။ ၂၀၂၀ ခုနှစ်၏ ရောင်းအားအကောင်းဆုံးစာရင်းတွင် Audi မှထုတ်လုပ်သော e-tron sports utility ကားသည် Telsa မှထုတ်လုပ်သော Telsa Model 3 ထက်ပိုမိုရောင်းချနိုင်ခဲ့သည်။ 

 

၂၀၂၁ ခုနှစ်တွင် စက်မှုလုပ်ငန်းလေ့လာသူနှင့် ကားဖြန့်ချိသူများသည် လျှပ်စစ်ကားများ ပိုမိုရောင်းချနိုင်ရန်၊ အသစ်အသစ်သော models ပေါ်ထွက်ရန် မျှော်လင့်ထားသည်။ ယခုနှစ်တွင် Telsa မှထုတ်သော model Y သည်နော်ဝေးစျေးကွက် သို့ရောက်ရှိပြီး ပထမဦးဆုံး electric SUV အမျိုးအစားကားဖြစ်ပေသည်။ နှိုင်းယှဉ်ချက်များအရ လွန်ခဲ့သောနှစ်တွင် ဒီဇယ်ဆီသုံးအင်ဂျင်ကားများသည် ၇၅.၇% မှ ၈.၆% သာရှိ‌တော့သည်။ နော်ဝေးနိုင်ငံတွင် လွန်ခဲ့သောနှစ်က ကားရောင်းချမှုပေါင်း ၁၄၁,၄၁၂ ရှိရာ ၇၆,၇၈၉ မှာလျှပ်စစ်ကားများဖြစ်သည်။

 

Ref: Theguardian

Read times
Rate this item
(0 votes)