International



ဒေါ်လာ ၁ ဒသမ ၅ ဘီလျံတန် ကားစက်ရုံ Hyundai တည်ဆောက်မည်

ဒေါ်လာ ၁ ဒသမ ၅ ဘီလျံတန် ကားစက်ရုံ Hyundai တည်ဆောက်မည် google

တောင်ကိုရီးယားအခြေစိုက် Hyundai Motor Group ဟာ အာဆီယံ ကားဈေးကွက်တွင် ဂျပန်ကုမ္ပဏီများမှ ဈေးကွက်ခွဲဝေမှု အများအပြားရရှိနေခြင်းကို တုံ့ပြန်နိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၅ ဘီလျံတန် ကားစက်ရုံတစ်ခုကို အင်ဒိုနီရှားနိုင်ငံတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကမ္ဘာပေါ်တွင် စတုတ္ထလူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး လူဦးရေ သန်း ၂၆ဝ ကျော်နေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ကားကုမ္ပဏီကြီးများအတွက် မျက်စိကျစရာ ဈေးကွက်ကြီး တစ်ခုအဖြစ်ရှိနေတာပါ။ အင်ဒိုနီးရှားနိုင်ငံဟာ၂ဝ၁၈ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအရ ကားအစီးရေ ၁ ဒသမ ၁၅ သန်း ရောင်းချခဲ့ရကြောင်း စစ်တမ်းများအရ သိရှိရပါတယ်။

 

Hyundai Motor Group ဟာ ၎င်းတို့၏ စက်ရုံကို အနောက်ဂျာဗား၊ ဘီကာဆီမြို့တွင် ၂ဝ၂၁ ခုနှစ်အတွင်း အပြီးသတ် တည်ဆောက်သွားမှာ ဖြစ်ပြီး တစ်နှစ်လျှင် ကားအစီးရေ တစ်သိန်းခွဲခန့်ထုတ်လုပ်ရောင်းချရန် လျာ ထားလျက်ရှိပါတယ်။

 

ထို့အပြင်၂ဝ၃ဝ ပြည့်နှစ်တွင် CKD စနစ်ဖြင့် တစ်နှစ်လျှင် အစီးရေနှစ်သိန်းခွဲအထိ တိုးမြှင့်ထုတ်လုပ်ရန် ရည်မှန်းထားပြီး အာဆီယံ၊ သြစတြေးလျနှင့် အရှေ့အလယ်ပိုင်းဒေသများသို့ ဈေးကွက်ချဲ့ထွင်ရောင်းချသွားမည်ဖြစ်ကြောင်းသိရပါတယ်။

 

 

Ref; ChinaDaily

Myanmar Automobile Equipment Directory

Read times
Rate this item
(2 votes)