International



ကား ဘောနတ်ဖုံးနှင့် တံခါးပေါက်များ ဖြုတ်ခိုးခံရလိုက်ရတဲ့ ပေါင်ခြောက်သောင်းတန် Land Rover Defender

ကား ဘောနတ်ဖုံးနှင့် တံခါးပေါက်များ ဖြုတ်ခိုးခံရလိုက်ရတဲ့ ပေါင်ခြောက်သောင်းတန် Land Rover Defender google

အင်္ဂလန်နိုင်ငံမှ အိမ်ထောင်သည် အမျိုးသမီးတစ်ဦးသည် သူ၏ ပေါင်ခြောက်သောင်းတန် Land Rover Defender ကို ရထားဘူတာရုံတစ်ခုရှိ ကားပါကင်တွင် ရပ်နားထားစဉ်အတွင်း သူခိုးများက ကားဘောနတ်၊ တံခါးပေါက်များနှင့် မီးသီးများကို ဖြုတ်ခိုးသွားခဲ့ကြောင်း သိရပါသည်။

 

လက်စတာ ရှိုင်းယားဒေသ တွင် နေထိုင်သော အသက် ၄၈ နှစ်အရွယ် Lisa Sturmey သည် နိုဝင်ဘာ ၂ဝ ရက် နံနက်ပိုင်းက သူ၏ကားအား Newark ရထားဘူတာရုံ ကားပါကင်တွင် ရပ်နားထားခဲ့တာပါ။ ၁၁ နာရီအကြာတွင် ကားပါကင်သို့ ပြန်လာရာ ၎င်း၏ တန်ဖိုးကြီး Land Rover Defender ကားမှာ သူခိုးများက ရစရာမရှိအောင် ဖျက်ဆီးထားခဲ့သည်ကို အံ့အားသင့်ဖွယ်တွေ့ရှိခဲ့သည်။

 

သူခိုးများသည် ကားဘောနတ်ကိုသာမက ရှေ့ခန်းတံခါးပေါက် နှစ်ခုနှင့် နောက်ဖုံးကိုပါ ဖြုတ်ခိုး ခဲ့သလို နောက်ခန်းပြတင်းပေါက် မှန်များကိုလည်း ရိုက်ခွဲကာ ကားအတွင်းခန်းမှ ကူရှင်များကိုလည်း ခိုးယူခဲ့ပါသေးတယ်။ Mrs Sturmey သည် တစ်ရက်လျှင် ကားရပ်ခ ၁၄ ပေါင် ပေးရသည့် ကားပါကင်ရှိ CCTV ကင်မရာများကို စစ်ဆေးခဲ့ရာ သူခိုးများသည် ကင်မရာကို အဝတ်စဖြင့် အုပ်၍ ရည်ရွယ်ချက်ရှိရှိ ခိုးယူခဲ့တာပါ။

 

သူခိုးများ၏ ခိုးယူမှုနှင့် ကားအား ဖျက်ဆီးခဲ့မှုများကြောင့် Mrs Sturmey အနေဖြင့် ပြန်လည်ပြင် ဆင်စရိတ်အတွက် အနိမ့်ဆုံး ပေါင် ၁၇,ဝဝဝ ခန့် ကုန်ကျမှာဖြစ်ပါတယ်။ Mrs Sturmey သည် သူ ၏ကားအစိတ်အပိုင်းများ ခိုးယူခံရခြင်းနှင့် ဖျက်ဆီးခံရမှုကို လူမှုကွန်ရက်ပေါ် ဓာတ်ပုံများနှင့်တကွ တင် ခဲ့ရာ ဒေသခံရဲတပ်ဖွဲ့အနေဖြင့် ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေးအတွက် ရှာဖွေလျက်ရှိပါတယ်။

 

 

Source; Daily Mail

Read times
Rate this item
(1 Vote)