International



ပြိုင်ကားအစီးရေ ၃,၅ဝဝ ခန့် လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ ပြိုင်ကားဝါသနာရှင်ကလေးငယ် ဈာပန

ပြိုင်ကားအစီးရေ ၃,၅ဝဝ ခန့် လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ ပြိုင်ကားဝါသနာရှင်ကလေးငယ် ဈာပန google

အမေရိကန်ပြည်ထောင်စု၊ မစ်ဆူရီ ပြည်နယ် ကန်ဆက်စ်မြို့မှ ဆယ် ကျော်သက်အရွယ် ပြိုင်ကားဝါသ နာရှင် Alec Ingram ၏ဈာပနသို့ ၎င်းအား စာနာချစ်ခင်သူများက ပြိုင်ကား အစီးရေ ၃,၅ဝဝ ခန့်ဖြင့် လိုက်ပါပို့ဆောင်ခဲ့ကြောင်း နိုဝင်ဘာ ၁၁ ရက်တွင် fox4kc ဝက်ဘ်ဆိုက်က ဖော်ပြသည်။

 

အသက် ၁၄ နှစ်အရွယ် Ingram သည် ၂၁ဝ၅ ခုနှစ်အတွင်း လက်မောင်းကျိုးသွားခဲ့ပြီး ဓာတ်မှန်ရိုက်စစ်ဆေးမှုပေါင်းများစွာ ပြု လုပ်ခဲ့ပြီးနောက် အရိုးကင်ဆာဝေ ဒနာခံစားနေရသည်ကို တွေ့ရှိခဲ့ သည်။ ၎င်း၏ ကင်ဆာဆဲလ်များမှာ လက်မောင်းမှသည် ခြေထောက် ရိုးများအထိ ပျံ့နှံ့ရောက်ရှိနေခဲ့ပြီး ဝေဒနာကို လေးနှစ်ခွဲကျော် ရင် ဆိုင်ခဲ့ပြီးနောက် ၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်က ကွယ်လွန်သွား ခဲ့သည်။

 

Ingram မကွယ်လွန်မီက တည်းက facebook တွင် Alec Ingram’s Fight with Cancer ဟူသည့် Page တစ်ခု ဖွင့်ကာ ရောဂါဆိုးမှ အမြန်ဆုံးပြန်လည် သက်သာလာစေရေး ဆုတောင်း ပေးသူ များစွာရှိခဲ့သည်။ Ingram သည် မသေဆုံးမီက ၎င်း၏ ဈာပန ကို ပြိုင်ကားများဖြင့် လာရောက် ပို့ဆောင်ပေးစေလိုသည့် ဆန္ဒရှိခဲ့ ပြီး ဈာပနအခမ်းအနားကို နိုဝင် ဘာ ၁၁ ရက်က ပြုလုပ်ခဲ့ရာ အမေ ရိကန် ပြိုင်ကားဝါသနာရှင်များစွာ တက်ရောက် ဂါရဝပြုခဲ့သည်။

 

၎င်း၏ဈာပနသို့ ကန်ဆက်စ် မြို့အပြင် ကယ်လီဖိုးနီးယား၊ ဝါ ရှင်တန်ဒီစီတို့မှ ပြိုင်ကားဝါသနာ ရှင် ထောင်နှင့်ချီ တက်ရောက်ခဲ့ပြီး ကွယ်လွန်သူဆန္ဒကို ဖြည့်ဆည်းသည့် အနေဖြင့်ပြိုင်ကားအစီးရေ ၃,၅ဝဝ ခန့်နှင့် နောက်ဆုံးခရီးကို ပို့ဆောင် ပေးခဲ့ကြခြင်းဖြစ်သည်။

 

Source; Automobile Journal

 

Read times
Rate this item
(1 Vote)