International



မွေးနေ့လက်ဆောင်အဖြစ် ဖခင်ဖြစ်သူက ကားဝယ်ပေးခဲ့သော်လည်း မြစ်ထဲစွန့်ပစ်ခဲ့သူ

မွေးနေ့လက်ဆောင်အဖြစ် ဖခင်ဖြစ်သူက ကားဝယ်ပေးခဲ့သော်လည်း မြစ်ထဲစွန့်ပစ်ခဲ့သူ google

အိန္ဒိယနိုင်ငံမြောက်ပိုင်း ပြည်နယ်တစ်ခုတွင် အမျိုးသားတစ်ဦးဟာ သူ၏ မွေးနေ့လက်ဆောင်အဖြစ် ဖခင်ဖြစ်သူက တန်ဖိုးကြီး BMW ကားတစ်စီး ဝယ်ပေးခဲ့သော်လည်း သူလိုချင်သော ကားအမျိုးအစား မဟုတ်တဲ့အတွက် စိတ်ဆိုးဒေါသထွက်ကာ ယင်းကားကို မြစ်အတွင်းသို့မောင်းနှင်ပြီး စွန့်ပစ်ခဲ့ပါတယ်။

 

ဖခင်ဖြစ်သူက မွေးနေ့လက်ဆောင်အဖြစ် တန်ဖိုးကြီး BMW အဖြူရောင်ကားကို ဝယ်ပေးခဲ့တာပါ။ ဖခင်ဖြစ်သူဟာ ယင်းပြည်နယ်တွင် နာမည်ကြီး အိမ်ခြံမြေလုပ်ငန်းရှင်ကြီးတစ်ဦး ဖြစ်ပြီး သားဖြစ်သူက Jaguar အမှတ်တံဆိပ်ကားတစ်စီး လိုချင်သော်လည်း ဝယ်မပေးခဲ့တဲ့အတွက် စိတ်ဆိုးဒေါသထွက်ခဲ့တာပါ။

 

သူမလိုချင်တဲ့ BMW ကားကို မြစ်အတွင်း စွန့်ပစ်ခဲ့တာဖြစ်ပြီး မြစ်ကမ်းပါးတစ်လျှောက် လာရောက်ကြည့်ရှုသူ အများအပြားရှိခဲ့ပါတယ်။ ယင်း BMW ကား၏တန်ဖိုးမှာ ရူပီး ၃ ဒသမ ၅ သန်း(အမေရိကန်ဒေါ်လာ ၄၉,ဝဝဝ)ရှိသော်လည်း ရူပီးလေးသန်းမှ ငါးသန်းအကြား ရှိသည့် Jaguar ကိုသာလိုချင်ခဲ့တာပါ။

 

ကားစွန့်ပစ်ခဲ့ချိန်တွင် ယင်းအမျိုးသားအပါအဝင် သူ၏သူငယ်ချင်းအချို့ပါ ကားပေါ်ရှိနေပြီး မြစ်အလယ်ပိုင်း သို့ရောက်ချိန်၌ ၎င်းတို့အသက် အန္တရာယ်မဖြစ်စေရန် ဒေသတွင်း ကယ်ဆယ်ရေးသမားများက ကူညီခဲ့ ရပါတယ်။ အဆိုပါ ထူးခြားဖြစ်စဉ်အတွက် အိန္ဒိယရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပါတယ်။

 

 

Myanmar Automobile Equipment Directory

Read times
Rate this item
(1 Vote)