International



သက်ကြီးယာဉ်မောင်း အများဆုံးရှိတဲ့နိုင်ငံ

သက်ကြီးယာဉ်မောင်း အများဆုံးရှိတဲ့နိုင်ငံ google

ကမ္ဘာပေါ်တွင် မော်တော်ကားများကို အသက်အရွယ်မျိုးစုံမောင်းနှင်လျက်ရှိပြီး သက်ကြီးယာဉ်မောင်း အများဆုံးရှိတဲ့နိုင်ငံတစ်နိုင်ငံ ရှိနေပါတယ်။ ယင်းနိုင်ငံကတော့ ဗြိတိန်နိုင်ငံပဲ ဖြစ်ပါတယ်။

 

ဗြိတိန်အစိုးရရဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ယာဉ်မောင်းသူနှင့် ယာဉ်လိုင်စင်အေဂျင်စီ(DVLA)မှ ကောက်ယူထားတဲ့ စာရင်းများအရ အင်္ဂလန်၊ စကော့တလန်နဲ့ ဝေးလ်စနိုင်ငံတို့မှာ အသက် ကိုးဆယ်နှင့်အထက် သက်ကြီးယာဉ်မောင်းသူ အရေအတွက်မှာ ၁၁၃,၄၉၂ ဦးအထိ ရှိနေပါတယ်။

 

အဆိုပါစာရင်းကို ၂ဝ၁၉ ခုနှစ်၊ မေလကုန်အထိ ကောက်ယူခဲ့ခြင်းဖြစ်ပြီး မြောက်အိုင်ယာလန်နိုင်ငံကို ထည့်သွင်း တွက်ချက်ထားခြင်း မရှိပါဘူး။ အသက်ကိုးဆယ်နဲ့အထက် သက်ကြီးယာဉ်မောင်း အများဆုံးရှိတဲ့ မြို့ကတော့ ဘာမင်ဂမ်ဖြစ်ပြီး ယင်းတစ်မြို့တည်းမှာပင် ၂,၈၆၉ ဦးအထိ ရှိနေပါတယ်။ အသက် ကိုးဆယ်နှင့် အထက်တင်မကဘဲ အသက်တစ်ရာကျော်အရွယ် ရောက်နေသော်လည်း ကားမောင်းနေသူ အရေအတွက်မှာ ၃၁၉ ဦးအထိ ရှိနေတယ်လို့ သိရပါတယ်။

 

သက်ကြီးယာဉ်မောင်း ဒုတိယအများဆုံးရှိတဲ့မြို့ကတော့ ဘရိုက်တန်ဖြစ်ပြီး ၂,၃၅၇ ဦးထိ ရှိနေပါတယ်။ ၎င်းနောက်မှာတော့ ဘုန်းမောက်က ၂,၃၁၉ ဦး၊ နောရစ်ခ်ျက ၂,၂၂ဝ ဦး၊ ပီတာဘရော့က ၂,၂၁၇ ဦး၊ ပို့စ်မောက်က ၂,၁၉၃ ဦးဖြင့် အသီးသီး ရပ်တည်နေပါတယ်။ မြို့တော် လန်ဒန်မှာတော့ ဒေသရှစ်ခု ခွဲပြီး စာရင်းကောက်ယူခဲ့ရာ အသက်ကိုးဆယ်နှင့်အထက် သက်ကြီးယာဉ်မောင်း အရေအတွက် စုစုပေါင်းမှာ ၃,၄ဝ၈ ဦးနှင့် လီဗာပူးလ်တွင် ၁,ဝ၈၃ ဦး၊ မန်ချက်စတာတွင် ၁,ဝ၇၂ ဦးထိ ရှိနေပါတယ်။

 

သက်ကြီးယာဉ်မောင်း အနည်းဆုံးရှိတဲ့ဒေသကတော့ လန်ဒန်မြို့လယ်ဒေသဖြစ်ပြီး အသက် ကိုးဆယ်နှင့်အထက် ယာဉ်မောင်းသူအရေအတွက်မှာ ၁၇ ဦး ရှိနေပါတယ်။ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်၏ ကြင်ယာတော် Duke of Edinburgh မင်းသားကြီး ဖိလစ်ကတော့ အသက် ၉၈ နှစ်အရွယ် ရောက်နေပြီ ဖြစ်သော်လည်း ကိုယ်တိုင်ကားမောင်းလေ့ရှိသလို ယခုနှစ်ဆန်းပိုင်းက ယာဉ်မောင်းနေစဉ် မတော်တဆမှုဖြစ်ကာ ဆေးဝါးကုသမှု ခံယူခဲ့ရဖူးကြောင်းလဲသိရပါတယ်။

 

 

Myanmar Automobile Equipment Directory

Read times
Rate this item
(1 Vote)