International



တစ်ပတ်ရစ်ကားများကို နိုင်ဂျီးရီးယားသို့ တင်ပို့ရောင်းချနေတဲ့ တရုတ်

တစ်ပတ်ရစ်ကားများကို နိုင်ဂျီးရီးယားသို့ တင်ပို့ရောင်းချနေတဲ့ တရုတ် google

ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဟာ နိုင်ငံအတွင်း သုံးစွဲထားသော တစ်ပတ်ရစ်ကား များကို အာဖရိကနိုင်ငံ နိုင်ဂျီးရီးယားသို့ စတင်တင်ပို့ရောင်းချနေပါတယ်။

 

၎င်းတို့သည် စီးပွားရေးစင်္ကြံ (BRI) စီမံကိန်းကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး အဆိုပါစီမံကိန်းမှာ အာရှ၊ အာဖရိက၊ ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အမေရိကတို့မှ နိုင်ငံ ၁၂၅ နိုင်ငံ အထိပါဝင်နေပါတယ်။

 

အဆိုပါနိုင်ငံများတွင် စီမံကိန်းအတွက် အခြေခံအဆောက်အအုံများ တည်ဆောက်လျက်ရှိပြီး စီမံကိန်းပါ နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ နိုင်ဂျီးရီးယားသို့ တစ်ပတ်ရစ် ကားအစီးရေ သုံးရာခန့် စတင်တင်ပို့ခဲ့သည်ဟု တရုတ်စီးပွားရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ ယင်းကားများ၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်းခန့်ရှိပြီး Land Rover ၊Toyota ၊Hyundai ၊Volkswagen ၊Trumpchi ၊ King Long ၊Yutong ၊Zhongtong အစရှိတဲ့ကားများဖြစ်ပါတယ်။

 

၂ဝ၁၈ ခုနှစ်က တရုတ်နိုင်ငံတွင် ကားအသစ်စီးရေ ၁၃ ဒသမ ၈၂ သန်း ရောင်းချခဲ့ရပြီး နိုင်ငံအတွင်း အသုံးပြုပြီးသော ကားများကို အာရှ၊ အာဖရိက၊ ဥရောပနိုင်ငံ များသို့ ပြန်ရောင်းရန် စီစဉ်ထားကြောင်းသိရပါတယ်။

 

Myanmar Automobile Equipment Directory

Read times
Rate this item
(1 Vote)