International



ပြည်တွင်းကပြိုင်ကားချစ်သူတွေအတွက် ရည်ရွယ်ထုတ်လုပ်သလားအထင်မှားရမယ့် 2020 Nissan Skyline sedan

ပြည်တွင်းကပြိုင်ကားချစ်သူတွေအတွက် ရည်ရွယ်ထုတ်လုပ်သလားအထင်မှားရမယ့် 2020 Nissan Skyline sedan google

ဆယ်စုနှစ်တစ်စုအကြာလောက်က လူကြိုက်များထင်ရှားခဲ့တဲ့ ပြိုင်ကားအမျိုးအစားကို Nissan တံခါးလေးပေါက် ဆီဒင်အဖြစ်ပြန်လက်အသက်သွင်းပေးခဲ့ပါတယ်။

 

Nissan GT-R coupe ကတော့ တစ်ချိန်က လူကြိုက်များထင်ရှား ခဲ့တဲ့ထုတ်ကုန်တစ်ခုဖြစ်ပြီး ယခုအခါမှာတော့ ၂၀၂၀မော်ဒယ်အဖြစ် တံခါးလေးပေါက်အသွင်နဲ့ ပြန်လည်ပွဲထွက် လာခဲ့ပါတယ်။ ဘာတွေပြောင်းလဲ အဆင့်မြှင့်တင်လာခဲ့သလဲဆိုတော့ တံခါး ၂ ပေါက်ကနေ တံခါးလေးပေါက်ဖြစ် လာသလို၊ ရှေ့ဘက်ရှဲလ်အတွက် V ပုံစံအပြင်အဆင်၊ နောက်ဘက်အဆုံးအတွက် ဆန်းသစ်ပြင်ဆင်မှုနဲ့ စက်ဝိုင်း ပုံစံနောက်မီးတွေပဲဖြစ်ပါတယ်။

 

နောက်ထပ်ထူးခြားချက်ကတော့ ProPilot 2.0 semi-autonomous driving ပဲ ဖြစ်ပါတယ်။ ဒါက အဝေးပြေးလမ်းတွေမှာဆိုရင် ယာဉ်မောင်းရဲ့ထိန်းချုပ်မှုမပါပဲ လမ်းကြောင်းတစ်ခုတည်းကနေ မောင်းနှင်နိုင်စေဖို့ လုပ်ဆောင်ပေးမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ProPilot 2.0 မှာတော့ ယာဉ်မောင်းအာရုံသွေဖီရင် သတိပေးမှုနဲ့ လိုအပ်ပါကကားကိုရုတ်ချည်းရပ်တန့်လိုက်မှုတွေတောင်ပါဝင်မှာပဲဖြစ်ပါတယ်။ ProPilot 2.0 ကတော့ ဓာတ်ဆီနဲ့လျှပ်စစ်မော်တာတို့ပေါင်းစပ်မှုမှာပဲ အလုပ်လုပ်မှာဖြစ်ပါတယ်။ ဒါကြောင့် Nissan Skyline တံခါးလေး ပေါက်ကားသစ်ကို လေးဘီးယက်စနစ် (သို့မဟုတ်)လေးဘီးယက်မှာတော့ မြင်းကောင်ရေ ၃၅၉ ကောင်အားအထိ ရရှိစေမယ့် 3.5 litre V6 အင်ဂျင်ကိုအသုံးပြုလာဖွယ်ရှိပါတယ်။

 

ဒါကြောင့် ProPilot ကိုလိုချင်ရင် hybrid သီးသန့် ကိုသာရွေးရမယ့်သဘောရှိပါတယ်။ Skyline တွေရဲ့ နောက်ဘီးယက်စနစ်မှာတော့ မြင်းကောင်ရေ ၄၀၀ အားအထိရရှိစေမယ့် twin-turbocharged 3.0 litre V6 အင်ဂျင်ကို အသုံးပြုပေးထား ခဲ့ပါတယ်။ 2020 Nissan Skyline ကိုဂျပန်ဈေးကွက်အတွက် ထုတ်ဖော်ပြသခဲ့တာဖြစ်လို့ ပြည်တွင်းကပြိုင်ကား ချစ်သူတွေအတွက်တော့ စိတ်ဝင်စားစရာတစ်ခုဖြစ်လာပါတယ်။ ယခုလို Skyline ရဲ့အဆင့်မြှင့်တင့်မှုကို မျိုးကွဲတစ်ခုဖြစ်တဲ့ infinity Q50 sedan မှာအသုံးပြုမလား ဆိုတာကတော့ ခုထိမသိရသေးပါဘူး။

 

 

Myanmar Automobile Equipment Directory

Read times
Rate this item
(0 votes)