International



အင်ဂျင်ပြသနာကြောင့် ကားအစီးရေ ငါးသိန်းကျော် Volvo ပြန်သိမ်းမည်

အင်ဂျင်ပြသနာကြောင့် ကားအစီးရေ ငါးသိန်းကျော် Volvo ပြန်သိမ်းမည် google

ဆွီဒင် ကားအမှတ်တံဆိပ်တစ်ခုဖြစ် သည့် Volvo သည် ၎င်းတို့ကုမ္ပဏီ ထုတ် ကားမိုဒယ်အချို့တွင် အင် ဂျင်ပိုင်းဆိုင်ရာ ပြသနာကြောင့် ကမ္ဘာတစ်လွားမှ ကားအစီးရေ ငါး သိန်းကျော်ကို ပြန်လည်သိမ်းဆည်း သွားမည်ဖြစ်ကြောင်း ဇူလိုင် ၂၃ ရက်တွင် ဂါးဒီးယန်း သတင်းစာက ရေးသားဖော်ပြခဲ့သည်။

 

၂ဝ၁၄ ခုနှစ်မှ ၂ဝ၁၉ ခုနှစ် အတွင်း ထုတ်လုပ်ထားသော မိုဒယ်အချို့၏ ဆလင်ဒါလေးလုံး ထိုး ဒီဇယ်အင်ဂျင်များမှာ မီးထ လောင်နိုင်ခြေရှိသောကြောင့်ကမ္ဘာ တစ်လွားမှ ကားအစီးရေ ၅ဝ,၇ဝဝ စီးကို Volvo က ပြန်လည်သိမ်း ဆည်းရန် စီစဉ်နေသည်။

 

ပြန်လည် သိမ်းဆည်းမည့် ကားများအနက် ၆၉,၆၁၆ စီးမှာ ဗြိတိန်တွင် ရောင်းချထားသောကား များဖြစ်ပြီး ကားပိုင်ရှင်များအနေဖြင့် ကုမ္ပဏီသို့ ဆက်သွယ်အကြောင်း ကြားရန် Volvo က ကြေညာထား သည်။ ပြန်လည်သိမ်းဆည်းမည့် မိုဒယ်များမှာ S60 ၊ S80 ၊ S90 ၊ V40 ၊ V60 ၊ V70 ၊ V90 ၊ S60 Cross Country ၊ V40 Cross Country ၊ V60 Corss Country ၊ V90 Corss Country ၊ XC60 ၊ XC 70 နှင့် CX90 တို့ဖြစ်သည်။ ဆွီဒင်နိုင်ငံ ဂိုသင်ဘတ်အခြေစိုက် Volvo ကုမ္ပဏီကို ၁၉၂၇ ခုနှစ်၊ ဧပြီ ၁၄ ရက်တွင် စတင်တည် ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ၌ တရုတ်ကားကုမ္ပဏီ Geely က ရာနှုန်းပြည့် ပိုင်ဆိုင်ထားသည်။

 

Volvo ကုမ္ပဏီ၏ကြေညာ ချက်ထဲတွင် ယခုဖြစ်ရပ်မှာ အပြင်း ထန်ဆုံးပြသနာဖြစ်ပြီး မိမိတို့အ နေဖြင့် ကုမ္ပဏီထုတ်ကားများကို အရည်အသွေး အမြင့်မားဆုံး၊ လုံ ခြုံစိတ်ချရမှု အမြင့်မားဆုံးဖြစ်စေရ မည်ဆိုခြင်းအပေါ် တာဝန်ယူမှုအ ပြည့်ဖြင့် ပြန်လည်ဖြည့်ဆည်းပြင် ဆင်ပေးသွားမည်ဟု ပါရှိသည်။

 

Volvo အနေဖြင့် ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း ဒီဇယ်ကား အချို့တွင် မီးလောင်နိုင်သည့် အခြေအနေကြောင့် ဗြိတိန်မှ ကားအစီးရေ သုံးသောင်းခန့် ပြန်လည်သိမ်းဆည်းခဲ့ ရသည်။

 

Ref: The Guardian

Read times
Rate this item
(1 Vote)