International



မောင်းသူမဲ့ကား ထုတ်လုပ်ရန် Ford နှင့် Volkswagen တို့ ပူးပေါင်းမည်

မောင်းသူမဲ့ကား ထုတ်လုပ်ရန် Ford နှင့် Volkswagen တို့ ပူးပေါင်းမည် google

ကမ္ဘာ့အကြီးဆုံး ကားကုမ္ပဏီနှစ်ခု ဖြစ်သည့် Ford နှင့် Volkswagen တို့သည် မောင်းသူမဲ့ကားများ ထုတ် လုပ်ရန် ပူးပေါင်းလုပ်ဆောင်သွား မည်ဖြစ်ကြောင်း ဇူလိုင် ၁၅ ရက် တွင် zdnet.com က ရေးသား ဖော်ပြခဲ့သည်။

 

ကုမ္ပဏီကြီးနှစ်ခုသည် မောင်း သူမဲ့ကားများ ထုတ်လုပ်နိုင်ရေး အပိုင်းတွင်သာမက လျှပ်စစ်ကား များ ပူးတွဲထုတ်လုပ်ရေး နယ်ပယ် တွင်ပါ အကျိုးတူ ပူးပေါင်း ဆောင် ရွက်သွားမည်ဖြစ်ပြီး မောင်းသူမဲ့ ယာဉ် ထုတ်လုပ်နိုင်ရေးအတွက် Ford က ရှယ်ယာအများဆုံးပိုင်ဆိုင် သော Argo AI ကုမ္ပဏီတွင် Volkswagen က ရှယ်ယာများ ဝယ်ယူ သွားမည်ဟု သတင်းများထွက်ပေါ် နေသည်။

 

အကျိုးတူ ပူးပေါင်းဆောင် ရွက်ရန် Ford Chief Executive Jim Hackett နှင့် Volkswagen Chief Executive Officer Herbert Diess တို့သည် သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ပူးတွဲကျင်း ပရန် စီစဉ်ထားသည်။ အတည်မပြု နိုင်သည့်သတင်းများအရ Volkswagen သည် Argo AI ၏ ရှယ် ယာများကိုဝယ်ယူရန် အမေရိကန် ဒေါ်လာ နှစ်ဘီလျံကျော်သုံးစွဲသွား မည်ဟု သိရသည်။

 

ဂျာမန်ကုမ္ပဏီသည် အမေရိ ကန်ဒေါ်လာ တစ်ဘီလျံကို ချက် ချင်းထည့်ဝင်ကာ ရန်ပုံငွေအဖြစ် သုံးစွဲသွားမည်ဖြစ်ပြီး ကျန် တစ် ဒသ မ ခြောက်ဘီလျံကို မောင်းသူမဲ့ကား ထုတ်လုပ်ရေးအတွက် ထည့်ဝင်သုံး စွဲသွားမည်ဖြစ်သည်။ Ford ဘက် ကမူ အမေရိကန်ဒေါ်လာ လေးဘီ လျံကို ၂ဝ၂၃ ခုနှစ်မတိုင်မီ ထည့် ဝင်ရင်းနှီး မြှုပ်နှံသွားမည်ဖြစ်ပြီး မောင်းသူမဲ့ကားများအား အမေရိ ကန်နှင့် ဥရောပ ဈေးကွက်များသို့ တင်ပို့ရောင်းချသွားမည် ဖြစ်သည်။

 

 

Source; Automobile Journal

Read times
Rate this item
(1 Vote)