International



ပေါင်နှစ်သိန်းခွဲနီးပါး လေလံတင်ရောင်းချရခဲ့ရတဲ့ ကားနံပါတ်ပြား

ပေါင်နှစ်သိန်းခွဲနီးပါး လေလံတင်ရောင်းချရခဲ့ရတဲ့ ကားနံပါတ်ပြား google

နှစ်ပေါင်း ၁၁၂ နှစ် သက်တမ်းရှိ ယာဉ်လိုင်စင်နံပါတ်ပြား တစ်ခုကို ရှေးဟောင်းပစ္စည်းများအား ဝယ်ယူစုဆောင်းသူတစ်ဦးက ပေါင်နှစ်သိန်းခွဲနီးပါးဖြင့် လေလံဆွဲဝယ်ယူသွားခဲ့ပါတယ်။

 

AJ1 ယာဉ်နံပါတ်ပြား၏မူလပိုင်ရှင်မှာ North Yorkshire ရဲတပ်ဖွဲ့ အကြီးအကဲ Sir Robert Bowyer ဆိုသူဖြစ်ပြီး ၁၉ဝ၇ ခုနှစ် တွင် သူအသုံးပြုခဲ့သည့် ရဲကား၌ တပ်ဆင်အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ်။

 

ထို့နောက်ပိုင်းတွင် အဆိုပါ ကားနံပါတ်ပြားကို North Yorkshire ရဲဌာနမှ ကားများတွင် တပ်ဆင်ခဲ့ပြီး ရဲတပ်ဖွဲ့အတွက် ရန်ပုံငွေရရှိရန် ဇွန် ၂၇ ရက်က ပြုလုပ်သော Wilsons Auctions Belfast လေလံတင်ပွဲ၌ ရောင်းချခဲ့ခြင်း ဖြစ်သည်။ သက်တမ်း ၁၁၂ နှစ်ရှိ အဆိုပါကားနံပါတ်ပြားကို ရှေးဟောင်းဝါသနာရှင်တစ်ဦးက ပေါင် ၂၄၃,ဝဝဝ ပေးကာ အမြင့်ဆုံးဈေးဖြင့် လေလံအောင်မြင်ခဲ့သည်။ ရရှိလာသည့် လေလံတင်ရောင်းချငွေ ကို North Yorkshire အထိမ်းအမှတ်ပန်းခြံ တည်ဆောက်ရေးနှင့်ဒေသတွင်းအဖွဲ့အစည်းများ ထောက်ပံ့ရေးလုပ်ငန်းများတွင် သုံးစွဲသွားမည် ဖြစ်သည်။

 

Ref:The Sun

Read times
Rate this item
(1 Vote)