International



Mini ၏ ပထမဆုံး Electric ကားတစ်စီးအဖြစ် မြင်တွေ့ရမည့် 2020 Mini Cooper SE

Mini ၏ ပထမဆုံး Electric ကားတစ်စီးအဖြစ် မြင်တွေ့ရမည့် 2020 Mini Cooper SE google

Mini သည် ၂၀၁၇ ခုနှစ်က ကြေညာထားခဲ့သည့်အတိုင်း Electric ကားတစ်စီးအဖြစ် ထုတ်လုပ်မည့် Cooper SE ကို ပြသသွားခဲ့သည်။

 

Cooper SE သည် Mini ၏ ပထမဆုံး Electric ကားတစ်စီးဖြစ်ပြီး လာမည့်နှစ် အစောပိုင်းတွင် ဈေးကွက်ထဲ မြင်တွေ့ရမည်ဖြစ်သည်။ 2020 Cooper SE သည် 32.6-kWh ဘက္ထရီ တပ်ဆင်ထားပြီး မြင်းကောင်ရေ 181 hp နှင့် ရုန်းအား(Torque) 199 lb-ft ထုတ်လုပ်ပေးနိုင်သည့် Electric Motor ပါဝင်မည်ဖြစ်သည်။

 

FWD စနစ်ဖြင့် ထုပ်လုပ်သွားမည့် Cooper SE သည် (၇.၃)စက္ကန့်အတွင်း ကီလိုမီတာ(၁၀၀) ထိ မောင်းနှင်နိုင်ပြီး အမြန်ဆုံးမောင်းနှင်နိုင်မှုကို 93 mph သတ်မှတ်ထားသည်။ Cooper SE ၏ Charging စနစ်ကို အသေးစိတ် ထုတ်ပြန်ထားခြင်းမရှိပေမယ့် DVC Fast Charger ဖြင့် (၃၅) မိနစ်အတွင်း (၈၀)ရာခိုင်နှုန်းထိ အားဖြည့်သွင်းနိုင်ကြောင်း Mini က ဆိုထားသည်။

 

နည်းပညာပိုင်းအရ stability-control system၊ Green+ mode ပါဝင်လာခဲ့သည့် Driving Mode (၄) မျိုး၊ one-pedal driving စနစ်များ ပါဝင်လာသည်။ Mini အနေဖြင့် Cooper SE ကို ၂၀၂၀ အစောပိုင်းတွင် အမေရိက၌ စတင်ရောင်းချသွားမည်ဖြစ်ြ

ပီး မတူညီတဲ့ trim level (၃)မျိုးနှင့် ဈေးကွက်ထဲ ဖြန့်ချိသွားမည်ဖြစ်သည်။

 

  

 

Source; Drive Myanmar

Read times
Rate this item
(1 Vote)