International



အဆင့်မြင့်နည်းပညာများ ကြွယ်ဝစွာပါရှိလာမည့် 2020 Lexus GX 460

အဆင့်မြင့်နည်းပညာများ ကြွယ်ဝစွာပါရှိလာမည့် 2020 Lexus GX 460 google

Lexus ၏ Full Size Crossover ဖြစ်သည့် GX 460 အား 2020 Model အတွက်Update အနေဖြင့်ထုတ်လုပ်လိုက်ကာ ၎င်းသည် Toyota Land Cruiser Prado ကို အခြေခံကာ ထုတ်လုပ်ထား သည့် Model အဖြစ် မြင်တွေ့ရမည်ဖြစ်သည်။

 

2020 GX 460 တွင် အထူးလှပသည့် Spindle Grille နှင့် အရှေ့မီးကြီး ပုံစံအသစ်တို့ ပါရှိပြီး Body Style ကို ကျစ်လစ်ပြီးဆွဲဆောင်မှုရှိသည့် ပုံစံအဖြင့် ဖန်တီးထားပါသည်။

 

အပြင်ဆေးအရောင်နှင့် Trim Color အသစ်များကိုထည့်သွင်းထားကာ Red Leather ကဲ့သို့ အရောင်သစ်များလည်း ပါဝင်လာပါသည်။

 

အင်ဂျင်အား ယခင် Model များတွင် ပါရှိသည့် ( 4.6 L V8 Engine ) ၊ ( 301 hp ) အင်ဂျင်ကို ဆက်လက် ထည့်သွင်းထားမည် ဖြစ်ပြီး Off – Road အတွက် အကောင်းဆုံးအသုံးပြုနိုင်သည့် Ladder Frame ပုံစံဖြင့် တည်ဆောက်ထားပါသည်။

 

သို့သော် New Off – Road Package အား GX 460 ၏ Luxury Trim တွင် ထည့်သွင်းထားမည်ဖြစ်ပြီး ၎င်းတွင် ကား၏ ပတ်လည်မြင်ကွင်းအားလုံးကို ကြည့်ရှုနိုင်သည့် ( Multi View Monitor ) ၊ ( Crawl Control ) ၊ (Multi – Terrain Select ) စသည့် အဆင့်မြင့်နည်းပညာများပါဝင်မည်ဖြစ်သည်။

 

ထို့အတူ လုံခြုံရေး ဆိုင်ရာအတွက် ( Safety System + Suite ) အား Standard ထည့်သွင်းထားမည်ဖြစ်ပြီး ၎င်းတွင် Pre – Collision System ၊ လမ်းသွားလမ်းလာများကို သတိပေးခြင်းစနစ် ၊ Lane Departure Alert ၊ Radar Cruise Control စသည်တို့ ပြည့်စုံစွာပါရှိသည်။

 

Lexus GX 460 တွင် Toyota ၏ နာမည်ကျော် ( KDSS ) Suspension စနစ်နှင့်အတူ လျှပ်စစ်ဖြင့် ထိန်းချုပ်နိုင်သည့် Adaptive Variable Suspension စနစ်ကိုလည်း တွဲဖက်ထည့်သွင်းထားမည်ဖြစ်သည်။ 2020 Lexus GX 460 ၏ ဈးနှုန်းနှင့် အခြားအချက်များအား Lexus မှာ မကြာခင်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

 

Source; Drive Myanmar

Read times
Rate this item
(1 Vote)