International



ဗြိတိန်သူခိုးများရဲ့ ပစ်မှတ်အထားခံရဆုံးဖြစ်နေတဲ့ Ford Fiesta

ဗြိတိန်သူခိုးများရဲ့ ပစ်မှတ်အထားခံရဆုံးဖြစ်နေတဲ့ Ford Fiesta google

Ford Fiesta ဟာ ဗြိတိန်နိုင်ငံကားသူခိုးများရဲ့ ပစ်မှတ်အထားခံရဆုံး ကားမိုဒယ် ဖြစ်နေပါတယ်။

 

Ford Fiesta ကို ၁၉၇၆ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး ယခုအချိန်တွင် အစီးရေ ၁၆ သန်းကျော်ထိ ရောင်းချထားရပါတယ်။ ဗြိတိန်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်အရ ဗြိတိန်နိုင်ငံရဲ့ ခိုးယူအခံရဆုံး ကားမိုဒယ် (၁ဝ) မျိုး တွင် Ford Fiesta က ၁၂ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးမှ ရပ်တည်နေပါတယ်။ Ford Transit ကတော့ ၁ဝ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာမှာ ရှိနေပါတယ်။ Ford Fiesta ဟာ ဗြိတိန်တွင် လူကြိုက်အများဆုံး မိုဒယ်တစ်မျိုး ဖြစ်ပြီး ၂ဝ၁၈ ခုနှစ် တစ်နှစ်တည်းမှာပင် အသစ်စက်စက် နှင့် အသုံးပြုပြီး စုစုပေါင်းကားအစီးရေ ၃၇၅,ဝဝဝ စီးထိ ရောင်းချခဲ့ရပါတယ်။

 

တတိယနေရာမှာတော့ Volkswagen Wagon Golf က ၇ ရာခိုင်နှုန်းဖြင့် ရပ်တည်နေပြီး Ford Focus က ၅ ရာခိုင်နှုန်းဖြင့် စတုတ္ဃနေရာမှာ ရှိနေပါတယ်။ ယင်းနောက်မှာတော့ Mercedes Sprinter က ၄ ဒသမ ၅ ရာ ခိုင်နှုန်း ၊ Vauxhall Astra က ၃ ရာခိုင်နှုန်း ၊ Vauxhall Corsa က ၂ ရာခိုင်နှုန်း ၊ Audi A3 ၊ Ford Kuga ၊ BMW 3Series တို့က ၁ ရာခိုင်နှုန်းဖြင့် အစဉ်လိုက် ရပ်တည်နေပါတယ်။

 

A.P.T

Myanmar Automobile Equipment Directory

Read times
Rate this item
(1 Vote)