International



တောင်အာဖရိက SUV ဈေးကွက်မှာ ဦးဆောင်နေတဲ့ BMW X5

တောင်အာဖရိက SUV ဈေးကွက်မှာ ဦးဆောင်နေတဲ့ BMW X5 google

စီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ တောင်အာဖရိကနိုင်ငံရဲ့ SUV ဈေးကွက်ဟာ ရောင်းအားမြင့်တက်လျက်ရှိပြီး ဂျာမန်အခြေစိုက် BMW X5 ဟာ အရောင်းရဆုံးမိုဒယ်ဖြစ်နေပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လတစ်လတာအတွင်း တောင်အာဖရိက SUV ဈေးကွက်မှာ BMW X5 က အစီးရေ ၁၄၃ စီးရောင်းချခဲ့ရပြီး ပြိုင်ဘက် Toyota Land Cruiser 200 က ၈၉ စီးသာ ရောင်းချနိုင်ခဲ့ပါတယ်။

 

့ဗြိတိန်အခြေစိုက် Land Rover ရဲ့ Range Rover/PR Sport Slip ကတော့ ၈၁ စီးရောင်းချခဲ့ရပြီး တတိယ ရောင်းအားအကောင်းဆုံးကုမ္ပဏီအနေဖြင့်ရပ်တည်နေပါတယ်။ စတုတ္ထ ရောင်းအားအကောင်းဆုံးအနေဖြင့် Toyota Prado က ၇၅ စီး၊ ပဉ္စမ နေရာမှာတော့ ဆွီဒင်အခြေစိုက် Volvo XC90 က ၄၅ စီးနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။ ယင်းနောက်မှာတော့ Range Rover Velar က အစီး ၄၀၊ Land Rover Discovery က ၃၄ စီး၊ Jaguar F-Pace က အစီး ၃၀၊ BMW X7 ၊ Volkswagen Touareg တို့က ၂၅ စီးတို့ဖြင့် အသီးသီးရောင်းချခဲ့ရပါတယ်။

 

 

A.P.T 

Myanmar Automobile Equipment Directory

Read times
Rate this item
(1 Vote)