International



အင်ဒိုနီးရှားတွင် Hybrid ကားများ ထုတ်လုပ်ရန် အမေရိကန် ဒေါ်လာနှစ်ဘီလျံနီးပါး Toyota မြှုပ်နှံမည်

အင်ဒိုနီးရှားတွင် Hybrid ကားများ ထုတ်လုပ်ရန် အမေရိကန် ဒေါ်လာနှစ်ဘီလျံနီးပါး Toyota မြှုပ်နှံမည် facebook

ကမ္ဘာ့အကြီးဆုံး ကားကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Toyota သေည် အင် ဒိုနီးရှားနိုင်ငံတွင် Hybrid ကားများ ထုတ်လုပ်ရန်အတွက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၉ ဘီလျံနှင့် ညီမျှသော ယန်း ၂၁ဝ ဘီလျံ ရင်း နှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း သိရပါသည်။

 

Toyota သည် အနောက်ဂျာဗားရှိ Karawang မြို့တွင် စက်ရုံတည်ဆောက်ထားပြီး Innova ၊ Fortuner ၊ Etios Valco ၊ Vios ၊ Yaris မိုဒယ်များ ထုတ်လုပ်လျက် ရှိသည်။

 

Toyota ဥက္ကဌ Akio Toyota သည် ရင်းနှီးမြှုပ်နှံမှုများ ထပ်မံပြု လုပ်ရန် ပြီးခဲ့သည့်ရက်သတ္တပတ်က အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာကာ အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ဆွေးနွေးမှုတွင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ကို လျှော့ချပေးနိုင်မည့် Hybrid ကားများထုတ်လုပ်ရန်နှင့် နည်းပညာပိုင်းဆိုင်ရာများ တိုးမြှင့်နိုင်ရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလျံခန့် ထပ်မံမြှုပ်နှံသွားမည်ဟု အင်ဒိုနီးရှားအစိုးရထံ ကတိပြုခဲ့ကြောင်း သတင်းရင်းမြစ်များက ဖော်ပြသည်။ ကမ္ဘာ့ရောင်းအားအ ကောင်းဆုံး ကားကုမ္ပဏီအဖြစ် ရပ်တည်လျက်ရှိသော Toyota သည် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်အတွင်း Karawang စက်ရုံမှတစ်ဆင့် ကားအစီးရေ နှစ်သိန်းခန့် ထုတ်လုပ်ခဲ့သည်။

 

Toyota သည် လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ရေးအတွက် လျှပ်စစ်စွမ်းအင်၊ သို့မဟုတ် Fuel Cell Technology သုံးကားများ ထုတ်လုပ်ရန် ရည်မှန်းလုပ်ဆောင် လျက်ရှိပြီး Hybrid ကားများကိုလည်း တိုးမြှင့်ထုတ်လုပ်လျက်ရှိသည်။ ထို့ပြင် ဇွန်လ အစောပိုင်း ကလည်း ဟိုက်ဒရိုဂျင်နှင့်အောက်ဆီဂျင်မှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်နိုင်မည့် နည်းပညာကိုရရှိရန် ကြိုးစားနေသလို ၂ဝ၂၅ ခုနှစ်အတွင်း သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသော လျှပ်စစ်ကားအစီးရေ ၅ ဒသမ ၅ သန်း အထိ ရောင်းချနိုင်မည်ဟု မျှော်လင့်ထားကြောင်းလည်း ကြေညာခဲ့သည်။

 

Source; Automobile Journal

Read times
Rate this item
(1 Vote)