International



ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်မှုရရှိခဲ့တဲ့ Grab

ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်မှုရရှိခဲ့တဲ့ Grab google

အွန်လိုင်းမှတစ်ဆင့် အငှားယာဉ်လုပ်ငန်းလုပ်ကိုင်နေသော Grab ကုမ္ပဏီအနေဖြင့် ရင်းနှီးမြှုပ်နှံမှုအတွက် ယခုနှစ်အတွင်းစုစုပေါင်း ဒေါ်လာ ၆.၅ ဘီလီယံလျာထားသတ်မှတ်ထားခဲ့သည်။

 

အဆိုပါလျာထားသတ် မှတ်မှု၏အစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် ငွေကြေးစီမံမှုကုမ္ပဏီဖြစ်သော Invesco ထံမှ ရင်းနှီးမြှုပ်နှံမှုအဖြစ် ဒေါ်လာ သန်း ၃၀၀ ကိုရရှိခဲ့ပြီဖြစ်ကြောင်း သတင်းများကဖော်ပြခဲ့သည်။ ယခုလိုရင်းနှီးမြှုပ်နှံလိုက်မှုကြောင့် Invesco ၏ Grab တွင်ရင်းနှီးမြှုပ်နှံမှုမှာ စုစုပေါင်း ကန်ဒေါ်လာ ၇၀၃သန်းရှိလာခဲ့ပြီဖြစ်သည်။

 

Grab အနေဖြင့် ရင်းနှီးမြှုပ်နှံမှုအတွက် ဒေါ်လာ ၄.၅ဘီလီယံအရှေ့တောင်အာရှတွင်ရင်းနှီးမြှုပ်နှံခဲ့ပြီးပြီဟု သတင်းထုတ်ပြန်ပြီး နောက်တစ်ပတ်အကြာမှာပဲ ယခုနှစ်အတွက်နောက်ထပ် ဒေါ်လာ ၂ ဘီလီယံလောက်အထိတိုးချဲ့ရင်းနှီးမြှုပ်နှံဖို့ လျာထားခဲ့တာဖြစ်ပါတယ်။ စင်ကာပူအခြေစိုက် Grab ဟာဆိုရင် Softbank ၏ ကျောထောက်နောက်ခံမှုကိုရရှိထားတဲ့ကုမ္ပဏီလည်းဖြစ်ပါတယ်။

 

Source; channelnewsasia.com

Read times
Rate this item
(1 Vote)