International



GMC က 2020 Sierra HD Pickups အတွက် ဈေးနှုန်းများ ထုတ်ပြန်

GMC က 2020 Sierra HD Pickups အတွက် ဈေးနှုန်းများ ထုတ်ပြန် google

အမေရိကန်ကားထုတ်လုပ်ရေးကုမ္ပဏီ GMC သည် ၂၀၂၀ မော်ဒယ်ဖြစ်လာမည့် GMC HD Pickups များဖြစ်သည့် Sierra HD 2500 နှင့် HD 3500 များ၏ ဈေးနှုန်းများကို ထုတ်ပြန်သွားခဲ့သည်။

 

GMC HD Pickups မော်ဒယ်များတွင် အဓိကမော်ဒယ်နှစ်မျိုးအဖြစ် Sierra HD 2500 နှင့် HD 3500 ထွက်ရှိပြီး မော်ဒယ်အသီးသီးတွင် Sierra၊ SLE၊ SLT၊ AT4 နှင့် Denali trims အဖြစ် အမျိုးအစားများ ထပ်မံခွဲခြားထားသည်။

 

GMC သည် Sierra HD 2500 မော်ဒယ် regular-cab၊ long-bed Sierra ဈေးနှုန်းကို $ 37,195 သတ် မှတ်ထားပြီး crew-cab၊ standard-cab ဈေးနှုန်းကို $41,595 ဖြင့် ရရှိနိုင်မည်ဖြစ်သည်။

 

SLE trim အမျိုးအစားသည် regular-cab၊ long-bed မော်ဒယ်ကို $41,595နှင့် crew-cab၊ standard-bed မော်ဒယ်ကို $45,395 ဖြင့် ဈေးသတ်မှတ်ထားပြီး SLT trim မှာတော့ Double-cab၊ standard-bed စတင်ရရှိနိုင်မည်ဖြစ်ကာ $52,195 နှင့် crew-cab၊ standard-bed ကိုတော့ $53,995 ဖြင့် ဈေးသတ်မှတ်ထားသည်။

 

2020 Sierra HD 2500 AT4 trims သည် HD 2500 နှင့် HD 3000 မော်ဒယ်နှစ်မျိုးစလုံးတွင် crew-cab သာရရှိမည်ဖြစ်ပြီး ဈေးနှုန်းမှာ $59,295 နှင့် Long-bed ပါဝင်မည်ဆိုပါက $59,495 ဖြင့် ရရှိနိုင်မည်ဖြစ်သည်။

 

Denali trim ကို ဇိမ်ခံနည်းပညာဖြင့် တည်ဆောက်ထားပြီး crew-cab တစ်မျိုးတည်းကိုပဲ ရရှိမည်ဖြစ်ကာ ဈေးနှုန်းမှာ $65,295 နှင့် Long-bed အားဖြည့်ထားပါက $200 တိုးမြှင့်သွားမည်ဖြစ်သည်။

 

GMC ၏ HD 3500 မော်ဒယ်တွင် Sierra ကို$44,195၊ SLE ကို $47,995၊ SLT ကို $56,595 နှင့်Denali $67,895 ဖြင့် အသီးသီး ဈေးနှုန်း သတ်မှတ်ထားသည်။

 

 

Source; Drive Myanmar

Read times
Rate this item
(1 Vote)