International



မောင်းသူမဲ့ ကျောင်းကားများကို စမ်းသပ်နေတဲ့ အမေရိကန်

မောင်းသူမဲ့ ကျောင်းကားများကို စမ်းသပ်နေတဲ့ အမေရိကန် google

ယခုလ အစောပိုင်းက ဖလော်ရီဒါတွင် မောင်းသူမဲ့ ကျောင်းကားကို Transdev Company က ပြသခဲ့ပါတယ်။

 

ကုမ္ပဏီက Babcock Ranch မြို့ငယ်လေးက ကျောင်းသားများကို မောင်းသူမဲ့ကားဖြင့် စမ်းသပ်ပို့ဆောင်နေပါတယ်။ Babcock Ranch မြို့ငယ်လေးဟာ မောင်းသူမဲ့ ကျောင်းကားကို စမ်းသပ်တဲ့ ကမ္ဘာ့ပထမဆုံး မြို့ဖြစ်လာပါတယ်။

 

ဒါပေမယ့် ယခု စမ်းသပ်မှုမှာ ကျောင်းသား ကလေးငယ်များနဲ့ စမ်းသပ်တဲ့အတွက် အန္တရာယ်များတယ်လို့ ကျွမ်းကျင်သူများက ထောက်ပြကြပါတယ်။

 

Transdev ကတော့ သူတို့ရဲ့ မောင်းသူမဲ့ ကားများကို အဲဒီ လမ်းကြောင်းမှာ စမ်းသပ်နေတာ လများစွာ ကြာပြီိလို့ ကြေညာထားပါတယ်။ သူတို့ရဲ့ ကားများဟာ သာမာန် လူမောင်းတဲ့ ကားများလောက် ယုံကြည်စိတ်ချရတယ်လို့ အာမခံလိုက်ပါတယ်။

 

ဒါပေမယ့် မောင်းသူမဲ့ ကားများကြောင့် လူသေဆုံးမှုများ ဖြစ်ပွားနေပါတယ်။ ဧပြီလမှာ AAA က ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ အရွယ်ရောက်ပြီးသူ ၇၃ ရာခိုင်နှုန်းဟာ မောင်းသူမဲ့ ကားများကို မယုံကြည်ကြဘူးလို့ သိရပါတယ်။ ယခင်နှစ်ကတော့ ၈၀ ရာခိုင်နှုန်းက မယုံကြည်ဘူးလို့ စစ်တမ်းက ဖော်ပြထားပါတယ်။ အခြား စစ်တမ်းများက မောင်းသူမဲ့ ကားများဟာ သာမာန် လူများ မောင်းနှင်ထက် ကားများထက် ပိုမို စိတ်ချယုံကြည်ရတယ်လို့ ဆိုထားကြပါတယ်။

 

 

Ref; tnw

Read times
Rate this item
(1 Vote)