International



Apple က ဒေါ်လာ ၁ ဘီလျံ ထည့်ဝင်ထားတဲ့ Didi Chuxing က ရိုဘော့တက္ကဆီ ၁ သန်း ထုတ်ရန် ရည်မှန်းထား

ရိုဘော့တက္ကဆီများ စမ်းသပ်မောင်းနှင်နေသည် ရိုဘော့တက္ကဆီများ စမ်းသပ်မောင်းနှင်နေသည်

Didi Chuxing က ဉာဏ်ရည်တုဖြင့် မိမိဘာသာမောင်းနှင်သော (self-driving ) တက္ကဆီကားများ

ထုတ်လုပ်ရန် အစီအစဉ်ကို ထုတ်ပြန်ကြေညာသည်။

Didi Chuxing သည် တရုတ်ပြည်မှ နည်းပညာသုံး အငှားယာဉ် လုပ်ငန်းကြီး တစ်ခု ဖြစ်သည်။ self-driving တက္ကဆီကားကို ရိုဘော့တက္ကဆီ 'robotaxi' ဟု အမည်ပေးထားသည်။ ၎င်းရိုဘော့တက္ကဆီကားများကို ၂၀၃၀ ခုနှစ်တွင် စီးရေတစ်သန်းအထိ ထုတ်လုပ်ပြီးသား ဖြစ်ရန် ရည်မှန်းချက် ထားရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

ရိုဘော့တက္ကဆီများကို အငှားယာဉ်မောင်း ရဖို့ ခဲယဉ်းသော နေရာဒေသများတွင် ထားရှိမည် ဖြစ်သည်ဟု chief operating officer ဖြစ်သူ Meng Xing က‌ ပြောသည်။

South China Morning Post သတင်းစာမှ ကြီးမှူးကျင်းပသည့် အွန်လိုင်း ကွန်ဖရင့်တစ်ခုတွင် Mr Meng က ရိုဘော့တက္ကဆီ စီးရေတစ်သန်း အစီအစဉ်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆန်းစစ်သူတစ်ဦးက ရည်မှန်းချက် မြင့်မားလွန်းသည်ဟု သုံးသပ်သည်။

ဈေးကွက်သုတေသနလုပ်ငန်း Canalys မှ ပြောရေးဆိုခွင့် ရှိသူက "၂၀၃၀ ခုနှစ်မှာ ရိုဘော့တက္ကဆီ တစ်သန်းကို ကျွန်တော်တို့ တွေ့မြင်ရတယ်ဆိုရင် ကျွန်တော် အံ့ဩမိမယ်"
သူက ဆက်ပြောသည်မှာ "အဲဒီလို ဖြစ်လာမည်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ များလွန်းနေတယ်"
သူက ထောက်ပြသည့်အချက်မှာ Covid-19 ကပ်ဘေးကြောင့် ဗြောင်းဆန်နေကြချိန်တွင် ယခုလို ထုတ်ဖော်ပြောကြားခြင်းသည် ပြောသင့်သည့် အချိန်အခါမျိုးမဟုတ်။

သို့သော် ထည့်စဉ်းစားရမည့် အချက်မှာ Didi Chuxing တွင် အိုင်ဖုန်းကြောင့် လူသိများသည့် Apple က ၂၀၁၆ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ၁ ဘီလျံ ထည့်ဝင်ပြီး ကျောထောက်နောက်ခံ ပြုပေးခဲ့ခြင်း ဖြစ်သည်။ Apple အနေဖြင့် ထိုမျှများပြားလှသော ပမာဏဖြင့် အများပိုင်ကုမ္ပဏီတစ်ခုတွင် ရင်းနှီးမြှုပ်နှံထားသည်မှာ Didi Chuxing ကုမ္ပဏီ တစ်ခုသာ ဖြစ်သည်။
Apple က မောင်းသူမဲ့ကား ဖွံ့ဖြိုးရေးတွင် စိတ်ဝင်စားမှု မြင့်မားသည်။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် မောင်းသူမဲ့ကားများကို စမ်းသပ်မောင်းနှင်နေသည်။
သို့ဖြစ်ရာ Didi ၏ ရိုဘော့တက္ကဆီတွင် ၎င်း၏ သုတေသနရလဒ်များကို ထည့်သွင်းအသုံးပြုလိမ့်မည်ဟု ယူဆရသည်။

Didi သည် အငှားယာဉ် ဌားရမ်းရေးကိုသာ လုပ်ကိုင်သည့် လုပ်ငန်း ဖြစ်ပြီး ကားထုတ်လုပ်သည့် လုပ်ငန်း မဟုတ်ချေ။ သို့ဖြစ်ရာ တက္ကဆီကားများ ထုတ်လုပ်ရန်အတွက် တရုတ်ပြည်မှ ကားထုတ်လုပ်သည့် လုပ်ငန်း BAIC Groupနှင့် အတူလက်တွဲပြီး လုပ်ကိုင်ကြရန် သဘောတူလက်မှတ် ရေးထိုးခဲ့သည်။
Didi သည် SoftBank ထံမှ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကို ပြီးခဲ့သည့် မေလတွင် လက်ခံရရှိခဲ့သည်။

ဘီဘီစီ

Read times
Rate this item
(0 votes)